(2)

7.5K 446 2
                                    

.................

"ကမ္ဘာ"

သူ့ပုခုံးအားမှီလျှက်​ အသည်းယား​အောင်​ တိုးညင်းစွာ ​ခေါ်လိုက်​​သော ကိုဈာန့်​ရဲ့ အသံ​ကြောင့်​ သူ​ခေါင်းကို ​စောင့်​ငဲ့ပြီး ကိုဈာန့်​ နှဖူး​လေးအား နမ်းလိုက်​ကာ

"အင်း"

"ရုပ်​ရှင်​က ပျင်းစရာကြီး"

မှန်​၏။ သူတို့နှစ်​ဦး ရုပ်​ရှင်​ရုံ၏ ​နောက်​ဆုံးခုံတန်းတွင်​ ရှိ​နေကြခြင်းပင်​။ ကိုဈာန်​​ပြောသလို ပျင်းစရာ​ကောင်းတဲ့ ရုပ်​ရှင်​ဆိုသည်​က​တော့ မှန်​သည်​။ သို့​သော်​ သူက​တော့မပျင်း​ပေ။ အဘယ်​​ကြောင့်​ဆိုလျှင်​ ကိုဈာန့်​​ခေါင်းက သူ့ပုခုံး​ပေါ်မှီထား ပြီး ကိုဈာန့်​ ခန္ဓာကိုယ်​​လေးအား ဖက်​ထားရသည့်​ အရသာက တကယ့်​ကို ​ကောင်းတယ်​​လေ။

"ကျွန်​​တော်​က​တော့ ပျင်းတယ်​မထင်​ပါဘူး"

ကိုဈာန့်​ပါး​လေးအား ​မွှေးကြူရင်း သူ​ပြော​တော့

"မင်းက ရုပ်​ရှင်​မှ မကြည့်​တာကိုး"

"ရုပ်​ရှင်​မကြည့်​ဘဲ ကျွန်​​တော်​က ဘာလုပ်​​နေလို့လဲ"

သူရယ်​လျှက်​ ကိုဈာန့်​အား ပို၍တင်းတင်းကြပ်​ကြပ်​ ဖက်​လိုက်​ရင်း သူ့မျက်​နှာအား ကိုဈာန့်​လည်​ပင်းဆီ အပ်​လိုက်​​တော့ ကိုဈာန့်​လက်​တို့က ပြန်​တွန်းဖယ်​ကာ

"ဖယ်​ကွာ ရုပ်​ရှင်​ရုံထဲမှာ ရှက်​စရာကြီး"

"ဘယ်​သူမှ မမြင်​ရဘူး အခြားသူ​တွေဆို ပို​တောင်​ဆိုး​သေးတယ်​"

မဖယ်​ဘဲ လည်​ပင်းမှာ မျက်​နှာအပ်​ထားရင်းပင်​ ခပ်​ချွဲချွဲ​ပြောလိုက်​​သော ကမ္ဘာ​ကြောင့်​ ဈာန်​ညွှန်းပြုံးလိုက်​မိ၏။

'ပိုကို ပိုလွန်းတဲ့ကမ္ဘာ' သူတို့နှစ်​ဦးတွဲလာသည်​မှာ တစ်​လပင်​ ပြည့်​​လေပြီ။ ထိုတစ်​လအတွင်းမှာလဲ ကမ္ဘာက သူစိတ်​ညစ်​​စေမည့်​ ကိစ္စတစ်​ခုတစ်​​လေမှ လုပ်​​လေ့မရှိပါ။ သူ့အားချစ်​သည်​ဆိုတာထက်​ ပို၍ချစ်​ပြ​နေ​လေ​တော့ ကြာလာလျှင်​ ကမ္ဘာသူ့အ​ပေါ် အချစ်​​လျော့မည်​ကိုပါ သူစိုးရိမ်​တက်​လာ​လေပြီ။

In My Heart ( Senpai Is My Boyfriend-2)Where stories live. Discover now