................
"ရဲမာန်"
ခေါ်သံကြောင့် အလန့်တကြားကြည့်မိလေတော့ အကိုမဟော်။ သူ မဟော့်အားရင်မဆိုင်ရဲပါ။ ထိုနေ့ညက ကိစ္စအားလည်း ယခုချိန်ထိရှက်မိပါ၏။ အတန်းထဲတွင်လည်း ရှေ့ဆုံးနေရာသို့ မထိုင်တော့ပါဘဲ အလယ်တွင် သွားရောက်ပုန်းနေခဲ့၏။ မဟော်၏ တစ်ခုခုပြောချင်နေသော အကြည့်များအား မြင်ပေမဲ့လို့ သူလစ်လျူသာရှု၍ ထားလိုက်လေ၏။ ယခုလည်း အတန်းဆင်းလို့ ပြေးမည်အလုပ် နောက်ဘက်ဆီမှ လှမ်းဆွဲထားလိုက်ခြင်းကို ခံလိုက်ရလေတယ်။ သူ့အား မြင်ကူညီမည့်သူ ကင်းမဲ့လျှက်ရှိလေ၏။ အတန်းထဲသို့ နောက်ဆုံးကျန်ခဲ့သူမှာ သူတို့နှစ်ဦးနှင့် ဒေါ်ခင်ယုယ။ သို့သော် သူမက မမြင်ဟန်ပြုလျှက် မော့တော့မော့တော့ နှင့် ထွက်သွားလေပြီ။
'ဒီပြဿ နာ က နင့်ကြောင့်ဖြစ်တာဟဲ့ ကူညီကောင်းတယ်'"ဘယ်ပြေးမလို့လဲ"
'ငါသေချင်လာပြီ မြန်မြန်လွတ်မြောက်ခွင့် ပေးစမ်းပါ'
"မ မပြေးပါဘူး"
"ဟုတ်လို့လား"
"ဟုတ်တယ် ဘာလို့ပြေးရမှာလဲ"
မဟော် သူ့အားလှည့်ပင်မကြည့်ပါဘဲ ပြန်၍ ရန်ထောင်နေသော ပေါက်စလေးအား ကြည့်ကာ ရယ်မိ၏။ ထိုအခါမှ ပေါက်စလေးက လှည့်ကြည့်လာကာ
"ဘာရယ်တာလဲ"
မဟော် သူ့ပါးစပ်သူ လက်နှင့်အုပ်လိုက်ပြီး
"မရယ်ပါဘူး ကိုယ်ရယ်မိလို့လား"
"မသိဘူးဗျာ ကျွန်တော့်ကို လာစမနေနဲ့ အဲ့နေ့ညက ကိစ္စကလည်း ခင်ယုယ အရက်တွေတိုက်လို့ ဖြစ်ရတာ"
မလုံမလဲ အော်ဟစ်နေသော ရဲမာန်ကြောင့် သူထပ်ကာရယ်မိပြန်၏။
ခင်ယုယ၏ မွေးနေ့ပွဲညက ထိုကောင်လေးအမူးလွန်ကာ သူ့အားတွဲရန်ပြောခဲ့သည်။ နောက်ပြီး သူ့အား နမ်းပင်နမ်းခဲ့သေးတာ။
YOU ARE READING
In My Heart ( Senpai Is My Boyfriend-2)
FantasySenpai is my boyfriend (S-2) ပေမဲ့ အခြားသူတွေအခန်းတွေလဲ ပါတာမို့ ဈာန်နဲ့ ကမ္ဘာရဲ့ အပိုင်းတွေနည်းနိုင်ပါတယ်နော် ......... "ငါက တာဝန်ယူတက်သူမို့ ဘာဘဲပြောပြော မင်းကငါ့မိန်းမဘဲ" ............ "မုဒိန်းကောင် မင်းကိုတရားစွဲမယ်" ---😁�...