လူသိနည်းမြန်မာဖြစ်ရပ်များ
(By ShinnNge)
---------------------
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကျွန်တော် wattpadက စာအုပ်လေးတွေ
အကြောင်းမရေးဖြစ်တာ အတော်ကြာသွား
တယ်။ မအားတော့ စာလည်း မဖတ်နိုင်သေးတာကြောင့် မရေးဖြစ်ခဲ့ဘူး။ စာရေးသူ
ရှင်းငယ်ဆီမှာ သူ့စာအုပ်ကို Bookreview
တစ်ခုအဖြစ် ပြန်လည်ဖော်ပြချင်ပါတယ်လို့
ခွင့်တောင်းခဲ့တာတောင် ကြာပါပြီ။ ဒါပေမယ့် စာအုပ်က ကျွန်တော်ရေးတဲ့ဆီကို
မရောက်နိုင်ဘူး ဖြစ်နေတယ်။ နောက်ဆုံး
အချိန်တွေ အရမ်းကြာသွားမှာ စိုးတာကြောင့် အခုမအားတဲ့ကြားကပဲ ကျွန်တော်အား
ထုတ်ပြီးရေးလိုက်ရတာပါ။ ကျွန်တော် ဖော်ပြတာ သိပ်မပြည့်စုံခဲ့ဘူးဆိုရင်တော့ ဒီစာအုပ်ကို ရေးတဲ့ရှင်းငယ်ကြောင့်မဟုတ်ဘဲ ကျွန်တော်ရဲ့ အလျှင်လိုမူသက်သက်သာ ဖြစ်ကြောင်း ပြောချင်ပါတယ် ခင်ဗျ။
ဒီစာအုပ်လေးကို ရေးတဲ့ ရှင်းငယ်က သူရဲ့အမှာစာမှာ သမိုင်းကိုစိတ်ဝင်စားသူတွေအတွက်ပါလို့ ဆိုပါတယ်။ အဲဒီနောက်မှာ
ဆက်ဖော်ပြပေးထားတာက
(ခေါင်းစဉ်က လူသိနည်း မြန်မာဖြစ်ရပ်များဆိုတဲ့အတိုင်း ကိုယ်တွေ မသိသေးတဲ့ ၊ သိဖူးပေမယ့်လည်း သိပ်မတိကျခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကြောင်းအရာတွေပါပါတယ်။
စိတ်ဝင်စားဖို့လည်း ကောင်းမယ်။ ဗဟုသုတလည်း ရလိမ့်မယ်လို့ ရည်ရွယ်ရေးလိုက်တာပါ။)လို့ ဆိုပါတယ်။
သမိုင်းဆိုတာက လူတွေစိတ်ဝင်စားစရာ
အကောင်းဆုံး ဘာသာရပ်တစ်ခုလို့
ကျွန်တော်လည်း ယူဆမိပါတယ်။
ကျွန်တော်တို့နိုင်ငံမှာလည်း သမိုင်းပညာ
ရှင်တွေ အများကြီးရှိပါတယ်။
ဆရာဒေါ်တ်တာသန်းထွန်းကတော့ မသိသူမရှိလောက်တဲ့ သမိုင်းပညာရှင်မျိုးပါပဲ။
ဒီစာအုပ်လေးထဲမှာက သမိုင်းလို့ဆိုပေမယ့် သမိုင်းကို အထူးပြု လေ့လာထားတဲ့
စာအုပ်ထူထူထဲထဲကြီးတော့မဟုတ်ပါဘူး။
ပေါ့ပေါ့ပါးပါး လေ့လာလို့ရတဲ့ အကြောင်းအရာလေးတွေပါ။ ဒီထဲမှာ ကျွန်တော်စိတ်ဝင်စားမိတဲ့ အကြောင်းအရာလေးတွေကို
ဖော်ပြရရင်တော့
_ကျောက်ချောခေတ်က လူတွေဘယ်မှာ နေခဲ့သလဲ(ပြဒါးလင်းဂူအကြောင်း)
_ ကျတ်ဂူကြီးထဲ ဝင်ခဲ့ဖူးသလား။
_ ထမံသီဟာ တကယ်ကြောက်စရာလား။
_ ငေါ်င်း သတ္တဝါ တစ်ကယ်ရှိသလား
_ ပုဂံမှာ ဘုရား၊ ပုထိုး၊ စေတီပေါ်င်း လေးသန်းကျော် တည်ထားခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
_ အင်္ဂလိပ်အမည်နှင့် ပုဂံဘုရားတစ်ဆူကို
သိပါသလား။
_ မြစေတီ ကျောက်စာကို ဘာကြောင့် ဂူပြောက်ကြီး (မြင်းကပါ ကျောက်စာ)လို့ ဆိုနေကြတာလဲ တို့ပါ။
YOU ARE READING
Wattpadဖြင့် မွေ့လျော်ခြင်း
Short StoryWattpadပေါ်က သိကောင်းစရာလေးတွေရယ် ဖတ်လို ့ကောင်းတဲ့ စာအုပ်လေးတွေအကြောင်းရယ်ပါ
