Wattpadဖြင့် ရှင်သန်ခြင်း -၎
Wattpadက စာဖတ်သူနှင့်စာရေးသူတို့ကို သန်း ၈၀ ရှိတဲ့ ကမ္ဘာလုံးဆိုင်ရာအသိုင်းအဝိုင်းထဲကို စာပေစွမ်းအားတွေနဲ့ ထိုးဖောက်ဝင်ရောက် ဆက်သွယ်ပေးလာပါတယ်။ ဒီနေရာမှာပဲ ကမ္ဘာပေါ်မှာရှိတဲ့ အချစ်ရေး၊ လူမှုရေးဆိုင်ရာ ဇာတ်လမ်းတွေကို ပြောပြရင်ဖွင့်နိုင်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းအမြင်တွေကိုလည်း ပြောပြနိုင်ပါတယ်။ သင်ကိုယ်တိုင်ပါဝင်ရေးသားပြီးတော့လည်း သင့်ဝထ္ထူကို မျှဝေနိုင်ပါတယ်။ ဒါမှမဟုတ် အခြားသူတွေရဲ့ဝထ္ထူများကိုလည်း သင်ဖတ်ရူနိုင်ပါတယ်။ ဘာသာစကားပေါ်င်း ၅၀ကျော်နဲ့အတူ စာရေးဆရာများစွာရဲ့ဝထ္ထူတွေကို သင်ရှာဖွေဖတ်ရူနိုင်ပြန်ပါတယ်။ စာဖတ်သူအချင်းချင်းလည်း ဆက်သွယ်နိုင်ကြပါတယ်။
wattpadပေါ်မှာ အချစ်ဇာတ်လမ်း၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း၊ လျိုဝှတ် နက်နဲမူ၊ ဟာသ၊ လေ့လာစွန့်စားမှု၊ စိတ်ကူးယဉ်ဇာတ်လမ်းများ၊ fanfictionများ၊ စသဖြင့် အားလုံး Wattpad အပေါ်မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒါပေမယ့် စာရေးသူပဲဖြစ်ဖြစ် စာဖတ်သူပဲဖြစ်ဖြစ် wattpadရဲ့ Code Of Conductကိုတော့ သိထားဖို့လိုပါတယ်။ အဲဒါကဘာလဲဆိုရင် wattpadအဖွဲ့အစည်းရဲ့ သဘောထားများနဲ့ တန်ဖိုးထားအလေးပေးထားသော အခြေခံအကြောင်းအရာများကို အသုံးပြုသူများအားလုံး အလွယ်တကူနားလည်စေဖို့ ရေးဆွဲထားတဲ့ အချက်အလတ်တွေပါပဲ။
wattpadရဲ့ ရည်ရွယ်ချက်က စာရေးစာဖတ်ဝါသနာပါသူအားလုံးကို ပျော်ရွှင်လုံခြုံစွာနဲ့ စိတ်ချမ်းမြေ့စေချင်တာပါ။ ဒီအဖွဲ့အစည်းက လူမျိုးပေါ်င်းစုံပါဝင်ပြီး မတူညီသော သဘောထား၊ အမြင်များအားလုံးကို စုစည်းပေးထားတဲ့ အဖွဲ့အစည်းပါ။ ဒါကြောင့် ဒီနေရာကို ရောက်လာသူတွေဟာ မိမိနဲ့မတူညီတဲ့အတွေးအခေါ်ရှိသူတွေကိုလည်း နားလည်ပေးနိုင်ရပါမယ်။
အကယ်၍ ဇာတ်လမ်းစာမူတစ်ပုဒ်ကို သင်ဖတ်တဲ့အခါမှာ မကြိုက်မနှစ်သက်တာမျိုး ရှိခဲ့ရင် ဆက်မဖက်ဘဲ ဒီအတိုင်းထားလိုက်နိုင်ပါတယ်။ ဒါမှမဟုတ် သင်ကြိုက်နှစ်သက်တဲ့ အခြားဇာတ်လမ်းတစ်ခုကို ထပ်မံရှာဖွေဖတ်ရူနိုင်ပါတယ်။ စာရေးသူအတွက် ရိုင်းစိုင်းပြီး မယဉ်ကျေးတဲ့ commetမျိုးတွေကို သင် ရေးထားခဲ့ဖို့ မလိုပါဘူး။ ဒီcommetတွေဟာ ထိခိုက်နစ်နာမူရှိစေတာမို့ wattpadကချက်ချင်းဖယ်ရှားပြီး သင့်ကို အရေးယူပါလိမ့်မယ်။
ပြီးတော့ wattpadမှာ တစ်စုံတစ်ယောက်ရဲ့ အမည်ရင်း ၊ လိပ်စာနှင့်အီမေးလ်၊ ဖုန်းနံပါတ်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလတ်တွေ ဖော်ထုတ်ပြခြင်းမျိုးကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။ အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ နှင့် အခြားသူတို့၏ လုံခြုံစိတ်ချမူများကို အန္တရာယ်ဖြစ်စေသော အပြုအမူများအတွက် wattpadက အပြီးတိုင်ထုတ်ပယ်ခံရတဲ့အထိ ဖြစ်စေပါလိမ့်မယ်။
ဒီထက်ပိုသိချင်သေးရင်တော့ wattpadရဲ့ Code Of Conductကို ရှာဖွေဖတ်ရူနိုင်သလို၊ AmbassadorsMyanmarရဲ့ မြန်မာပြန်ထားသော Wattpadနှင့် သက်ဆိုင်သမျှ စာအုပ်ထဲမှာ Code of conductကို အကျယ်တဝင့်
ဖတ်ရူနိုင်ပါကြောင်း..။
Ref:
AmbassadorsMyanmar၏ Wattpadနှင့်သက်ဆိုင်သမျှ
The End
2:09
Sep18.2020
Minsetwai
YOU ARE READING
Wattpadဖြင့် မွေ့လျော်ခြင်း
Short StoryWattpadပေါ်က သိကောင်းစရာလေးတွေရယ် ဖတ်လို ့ကောင်းတဲ့ စာအုပ်လေးတွေအကြောင်းရယ်ပါ
