Book Review
------------------
By WhiteBetterFly2342
Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.
ကျွန်တော်က စာဖတ်တဲ့လူဆိုရင်
အရမ်းလေးစားတယ်ဗျ။ အားလည်း
ကျတယ်။ အရင်ကတော့ ကျွန်တော်လည်း စာတွေအတော်ဖတ်ဖြစ်ပါတယ်။
အခုနောက်ပိုင်းတော့ အလုပ်ကအရမ်းများလာတာကြောင့် သိပ်မဖတ်ဖြစ်တော့ဘူး။ ဒါပေမယ့် ကျွန်တော်မဖတ်ဖြစ်ပေမယ့် ဖတ်ဖြစ်နေတဲ့လူတွေကို ကြည့်ပြီး ပိတိဖြစ်တယ်။ အားရတယ်။ အခု ဒီစာအုပ်လေးမှာလည်း စာဖတ်သူတစ်ယောက်ရဲ့
စာဖတ်အားတွေကို ထပ်ပြီးလေ့လာတွေ့ရှိရပါတယ်။ စာအုပ်နာမည်ကို စာရေးသူက လွယ်လွယ်ကူကူ Book Reviewလို့ပေးထားပြီး ရေးသားသူကတော့ WhiteBetterFly2342ပါ။
ဒီစာအုပ်လေးထဲမှာ စာရေးသူက
"လိပ်ပြာက စိတ်နုပါတယ်။ ပြီးတော့ စိတ်ဒဏ်ရာလည်း ရှိတယ်။ လိပ်ပြာက စိတ်မာတဲ့သူမဟုတ်တော့ လိပ်ပြာရဲ့စိတ်ကို အမြဲအားပေးနေဖို့ လိုတယ်လေ။ လူတစ်ယောက်မဟုတ်ရင် တစ်ခုခုပေါ့။ အဲဒါကြောင့် လိပ်ပြာစိတ်ကို အာဟာရပေးမယ့် စာအုပ်လေးတွေ အမြဲဖတ်ဖြစ်တယ်။ readerလေးတွေလည်း အမြဲတမ်းမဟုတ်ရင်တောင် စိတ်ညစ်နေရတဲ့ အချိန်တွေ အားငယ်ပြီး အထီးကျန်နေရတဲ့အချိန်တွေမှာ အဖော်ပြုနိုင်မယ့် စာအုပ်ကောင်းလေးတွေကို မျှဝေချင်လို့ ဒီ Reviewလေးကို ရေးလိုက်တာပါ။ "လို့ သူရေးရတဲ့အကြောင်းရင်းလေးကို ဖော်ပြထား ပါတယ်။ ဆိုတော့ စာရေးသူက သူဖတ်ရုံတင်မဟုတ်ဘူး။ စာအုပ်တွေကနေတစ်ဆင့် သူရတဲ့အားကို အခြားသူတွေကိုပါ မျှဝေပေးလိုတဲ့ စာရေးသူရဲ့ စေတနာက အထင်သားပေါ်လွင်ပါတယ်။ စာအုပ်လေးကို ဆက်လက်ဖတ်ရှုကြည့်တော့
စာဖတ်နည်းဆိုတဲ့ ခေါ်င်းစဉ်အောက်မှာ ဖော်ပြထားတာတွေကို သဘောကျမိပါတယ်။
STAI LEGGENDO
Wattpadဖြင့် မွေ့လျော်ခြင်း
Storie breviWattpadပေါ်က သိကောင်းစရာလေးတွေရယ် ဖတ်လို ့ကောင်းတဲ့ စာအုပ်လေးတွေအကြောင်းရယ်ပါ
