Wattpadနှင့်စတင်ခြင်း-၂
Wattpadကို ၂၀၀၆ ခုနှစ်မှာ Allen Lau နှင့် Ivan Yuen တို့ပူးပေါင်းပြီး ထူထောင်ခဲ့ကြပါတယ်။ သူတို့ရဲ့ လက်ရှိဌာနချုပ်ကိုတော့ ၂၀၁၉ ခုနှစ်ကတည်းကပဲ အွန်တိုရီယို၊ တိုရွန်တိုမြို့မှာ အခြေစိုက်ခဲ့ပါတယ်။
ဒီလိုအခြေစိုက်ချိန် wattpadရဲ့ သမိုင်းကြောင်းအစဟာ ပြဿ နာ အချို့ ကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါက Wattpadပေါ်မှာ တင်ထားတဲ့ userတွေရဲ့ စာပေအမြောက်အများဟာ ရီပတ်ဗလစ်ကန် အခွင့်အရေးကို ပေးအပ်ခြင်းမရှိတဲ့ စာရေးဆရာတွေရဲ့ မူပိုင်ခွင့်ရှိပြီးသား စာပေတွေဖြစ်နေလို့ ပါပဲ။ ၂၀၀၉ ခုနှစ်ထဲမှာပဲ Wattpadဝက်ဘ်ဆိုက်က
"မူပိုင်ခွင့်စည်းမျဉ်းကို ချိုးဖောက်တဲ့စာပေတွေတင်တာကို ကျွန်တော်တို့မကြိုဆိုပါဘူး” လို့  တရားဝင် ဖော်ပြခဲ့ပါတယ်။ wattpadအနေနဲ့ ကလည်း userတွေ တင်ထားတဲ့ အကြောင်းအရာအားလုံးကို စိစစ်ပြီး အတည်ပြုပေးဖို့ က ခက်ခဲမူတစ်ခုဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ ပဲ လုပ်ငန်းဆိုင်ရာဝေဖန်မှုများကို တုံ့ပြန်သည့်အနေနဲ့ ၂၀၀၉ ခုနှစ်Aprilပြီလမှာတော့ Wattpadဟာ စာရေးသူ သို့မဟုတ် စာရေးဆရာများကိုခွင့်ပြုချက်ပေးနိုင်မယ့်"တာဝန်ခံစာရေးသူများ" အစီအစဉ်ကိုကြေငြာခဲ့ပါတယ်။
ဒီ ကိုယ်စားလှယ်တွေက ဆိုက်မှချိုးဖောက်မူ အကြောင်းအရာများကို ခွဲခြားသတ်မှတ်ဖို့ နဲ့  တိုက်ရိုက်ဖယ်ရှားမူတို့ ကို လုပ်ဆောင်ပေးကြပါတယ်။
သို့ပေမယ့်လည်း wattpad က userတွေအပေါ်မှာ နားလည်ပြီးသား ဖြစ်ပါတယ်။ အချို့ user တွေဟာ အတွေအ
ကြုံအသစ်တွေနဲ့အတူ အချို့ဝေမျှချက်တွေကနေ တစ်ဆင့်လည်း အတွေ့ အကြုံ့တွေ ရရှိနေပါလိမ့်မယ်။ ဒီမှာက တစ်ချို့ သောကူညီပေးမူတွေ
ဟာ စာဖတ်သူကို ဦးစားပေးထားတယ် ဆိုတာကိုလည်း တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒီမီဒီယာ ရဲ့ အစကနဦးတုန်းကဆိုရင် ဝထ္ထူအပိုင်းတွေကို တင် ဖို့ မစွမ်းဆောင်နိုင်ခဲ့ပါ
ဘူး။ ရုပ်ပုံတွေဆိုရင်လည်း ဒီလိုပါပဲ။
ကြည့်ရှုလို့မရနိုင်ခဲ့ပါဘူး။
ကြည့်
ဖို့ ကြိုးစားတိုင်း tap to retry နဲ့ အမြဲတိုးနေခဲ့
ပါတယ်။
ဒီလိုနဲ့ ပုံကိုတင်ဖို့ ကြိုးစားတိုင်း၊စာကိုဖတ်ဖို့ ကြိုးစားတိုင်းမှာ appကပျတ်၊ပျတ်သွားတာမျိုးပါ ကြုံလာရပါတယ်။အဲဒီအခါ
ကျွန်တော်တို့မှာ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ အခြားAppတွေကို ပိတ်ပြီးမှ ပြန်ဝင်ကြည့်ရပါတယ်။
အခုဆိုရင်တော့ wattpadရဲ့ ကြိုးပမ်းမူတွေကြောင့် ကျွန်တော်တို့ရဲ့ ဝထ္ထူတွေမှာ ရုပ်ပုံတွေ ထည့်သွင်းလို့ရလာပါပြီ။
အရမ်းကောင်းတဲ့ မိုဘိုင်းအပလီကေရှင်းတွေလည်း wattpadက ဖြန့်ဖြူးပေးနိုင်ခဲ့ပါပြီခင်ဗျ။
ကိုကား
Multimedia by wattpad
Wikipidia
June28.2020
Minsetwai
BINABASA MO ANG
Wattpadဖြင့် မွေ့လျော်ခြင်း
Short StoryWattpadပေါ်က သိကောင်းစရာလေးတွေရယ် ဖတ်လို ့ကောင်းတဲ့ စာအုပ်လေးတွေအကြောင်းရယ်ပါ
