မင်းဆက်ဝေ-Wattpadဖြင့်ရှင်သန်ခြင်း(၃)
စာရေးသူအပေါ်အကျိုးသက်ရောက်မှု
Wattpad ကဲ့သို့သော အွန်လိုင်းအရေးအသားအသိုင်းအဝိုင်းဟာ ဆယ်ကျော်သက်စာရေးဆရာများအား အပြုသဘောဆောင်သောတုံ့ပြန်ချက်များနှင့်ဝေဖန်မှုများမှ သင်ယူရန်နှင့်တိုးတက်စေရန်အတွက် ကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။ မကြာသေးမီကလေ့လာမှုတစ်ခုအရဆိုရင် ကျောင်းသားများနှင့်အွန်လိုင်းအရေးအသားတွေဟာ သူတို့၏အတွေ့အကြုံများဖြင့်ဖွဲ့စည်းထားခြင်းကြောင့် သူတို့အပေါ်အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေဟာ သူတို့ရဲ့ အရေးအသားလုပ်ငန်းစဉ်အပေါ် အကျိုးသက်ရောက်မူများစွာ ရရှိစေခဲ့ပါတယ်။ ဆိုလိုတာက Wattpad နှင့်အလားတူ အွန်လိုင်းအရေးအသားအသိုင်းအဝိုင်းရှိ စာရေးသူလူငယ်တွေကို စာရေးဆရာများအဖြစ်သို့ပြောင်းလဲစေနိုင်ဖို့အတွက် သူတို့၏ကိုယ်ပိုင်အမြင်ကိုတည်ဆောက်နိုင်အောင် wattpadက ကူညီပေးပါတယ်။
ပြီးတော့ wattpadဟာ ထုတ်ဝေရေးနယ်ပယ်ထိရောက်စေနိုင်ဖို့အတွက် တံခါးပေါက်တစ်ခုအဖြစ်လည်း သဘောထားနိုင်ပါတယ်။ ပိုထူးခြားတာက Wattpad ဟာ အခြားအရေးအသားပလက်ဖောင်းများမှာ မလုပ်ဆောင်နိုင်သောထူးခြားတဲ့လုပ်ဆောင်ချက်ကို ရရှိစေတာပဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် စာဖတ်သူတွေဟာ အခန်း (သို့) ဇာတ်လမ်းပြီးဆုံးသည်အထိ စာကိုဖတ်ရှုနေရင်းနဲ့ မိမိသဘောကျတဲ့ စာတစ်ကြောင်းချင်းစီမှာ ကော်မန့်တွေရေးနိုင်တာမျိုးပါ။ ဒီလုပ်ဆောင်ချက်ကတစ်ဆင့် စာဖတ်သူတွေဟာ အခန်းတိုင်းမှာကော်မန့်တွေရေးနိုင်လာတယ်။ အပြုသဘောဆောင်တဲ့ တုန့်ပြန်ချက်တွေလည်း ပေးနိုင်လာတယ်။ စာဖတ်သူအချင်းချင်းကြားမှာလည်း အမြင်တွေကိုဖလှယ်လာနိုင်ကြပါတယ်။ ဒါပေမယ့် wattpadဟာ နာမည်ကြီးစာရေးဆရာတွေချည်း စုပြီးရေးသားနေတဲ့နေရာမျိုးမဟုတ်တာကြောင့် စာဖတ်သူတွေက အချို့အရာတွေအပေါ်မှာ စာရေးသူကိုနားလည်တတ်တဲ့အမြင်မျိုး ထားရှိဖို့တော့ အထူးလိုအပ်ပါတယ်။ Daniel Craigက ဒါနဲ့ပတ်သက်ပြီး ခုလိုဆိုထားပါတယ်။
သင်ဟာ noval တစ်အုပ်ကို ဖတ်နေတဲ့အခါ သင့်ရဲ့ ကိုယ်ပိုင်အာရုံ ထင်မြင်မူဟာ အရမ်းအရေးကြီးပါတယ်။
စာဖတ်တဲ့အခါ အံသြစရာကောင်းတဲ့ အရာဝထ္ထူကို ကြည့်နေသလိုမျိုး ဖတ်ရပါမယ်တဲ့။ ဒီအရာက စာရေးသူတွေနဲ့လည်း သက်ဆိုင်တဲ့စကားပါ။ စာရေးသူတိုင်းမှာ ကြီးမားတဲ့စိတ်ကူးတွေ ရှိမှာပါပဲ။ ဒါပေမယ့် တစ်ခါတရံမှာ စာစတင်ရေးသူဟာ စာဖတ်သူကို စကားလုံးများနဲ့ ဘယ်လိုထုတ်ဖော်ပြောရမယ်ဆိုတာ မသိဘူး ဖြစ်နေတတ်ပါတယ်။ ဒီအတွက် အခြားလုပ်ဆောင်ချက်တွေ ရှိပါတယ်။ ဒီလိုအချိန်မှာ စာရေးသူဟာ မိမိစိတ်တိုင်းမကျတဲ့ ရေးသားမူအပေါ် သံသယရှိနေခဲ့ရင် wattpadပေါ်မှာ ချက်ချင်း publishမလုပ်ဘဲ ရေးထားသမျှကို draft မှာ သိမ်းထားနိုင်ပါတယ်။ ဘာလို့ ဒါကိုလုပ်သင့်သလဲဆိုရင်တော့ စာရေးသူဟာ သူရဲ့ စိတ်ကူးတွေ လွင့်ပျယ်မသွားခင်မှာ စာကို ရေးထားသင့်ပြီး အဲဒီရရှိထားတဲ့ စိတ်ကူးကို အရေးအသားတစ်ခုကြောင့် မေ့ပျောက်ခံလို့ မဖြစ်လို့ပါပဲ။
စာရေးဆရာတွေလိုပါပဲ wattpadမှာ စာရေးချင်သူဟာ စာရေးပျင်းရိနေလို့ တော့ မဖြစ်ပါဘူး။ အကယ်၍ စာရေးရမှာ ပျင်းရိနေခဲ့ရင်တော့ နောက်နှစ်အနည်းငယ်အတွင်းမှာ အခြားစာရေးသူတစ်ယောက်က ကိုယ်နဲ့ စိတ်ကူးချင်းတူတဲ့ ဝထ္ထူကို တင်လာပါလိမ့်မယ်။ အဲဒီအခါကျရေးတော့ အဲဒီသူကသာ wattpadမှာ လူသိများတဲ့သူ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် စာရေးချင်စိတ်ရှိရင်တော့ မပျင်းပါနဲ့။
Ref:
Write it right(Wattpad guide)By princess ventures
12:21Am
June30.2020
Minsetwai
ESTÁS LEYENDO
Wattpadဖြင့် မွေ့လျော်ခြင်း
Historia CortaWattpadပေါ်က သိကောင်းစရာလေးတွေရယ် ဖတ်လို ့ကောင်းတဲ့ စာအုပ်လေးတွေအကြောင်းရယ်ပါ
