《 7 》
ထိုနေ့က တနင်္ဂနွေနေ့ဖြစ်ပါ၏ ။
ဖိုင်တွဲပေါင်းမျိုးစုံနှင့် အတော်ကို
ဗရုတ်သုတ်ခနိုင်တဲ့ကျွန်တော်က အထပ်မြင့်အဆောက်အအုံရှေ့မှာ ဘယ်သွားရမှန်းမသိလို့ အူလည်လည်ရပ်နေရခြင်းဖြစ်သည် ။အကူညီတောင်းဖို့ရာ ပတ်ဝန်းကျင်ကလူတွေကလည်း ကိုယ့်ကိစ္စနဲ့ကိုယ်အလုပ်ရှုပ်နေကြသူမို့ ကျွန်တော်မနှောင့်ယှက်ချင်ပါ ။
ဒီကုမ္ပဏီက သမ္မတဗြောင်ထယ်အင်းပိုင်တဲ့
လုပ်ငန်းတွေထဲကမှ အသေးအဖွဲနေရာဖြစ်ပြီး
ကျွန်တော့်ကိုအင်တာဗျူးဖြေဖို့ခေါ်ထားတာဖြစ်သည်။ဝတ်နေမကျလို့ အနေကျပ်တဲ့Suitတစ်ထည်နဲ့
အချိန်မှီအောင်အမြန်လာခဲ့ရလို့ ရှုပ်ပွနေတဲ့ဆံပင်တွေကို သေချာပြန်ပြင်ချင်ပေမယ့် လက်နှစ်ဖက်လုံးက ဘာမှန်းမသိတဲ့ဖိုင်တွေ
အပြည့်နဲ့မို့ လှုပ်လို့ကမရ ။အင်းလေ~ ဒီလိုပုံနဲ့ကျွန်တော့်ကို
ဘယ်သူက သက်တောင်စောင့်လုပ်မယ့်သူလို့
ထင်မှာလဲ ။" ဒီက..... အင်တာဗျူးဖြေမယ့်ညီလေးလား "
" ....ဟုတ်..ဟုတ်ပါတယ်. ကျွန်တော့်ကိုကူညီလို့
အဆင်ပြေမလားအစ်ကို..ကျွန်တော်ဘယ်သွား
ရမှန်းမသိလို့ "အဖြူရောင်အကျီလက်ရှည်ကို
အနက်ရောင်စတိုင်လ်ဘောင်းဘီနဲ့
သေသပ်စွာဝတ်ဆင်ထားတဲ့ လူကကျွန်တော့်ကို
နှုတ်ခမ်းနှစ်ဖက်လုံးကွေးညွှတ်သွားတဲ့အထိ
ပြုံးပြသည် ။အခုမှစတွေ့ဖူးပေမယ့်
ရင်းနှီးနေသလိုခံစားချက်က ရည်ရည်မွန်မွန်ရှိတဲ့
အစ်ကို့ကြောင့်များလားတော့မသိပါ ။ဒီလိုအချိန်မှာ ကျွန်တော့်အတွက်
ကူညီပေးတဲ့လူဆိုလို့ သူဘဲရှိတာမလား ။" လိုက်ခဲ့ ညီလေး.. အစ်ကိုလည်းအဲ့အထပ်ကို
သွားမှာ "" ဟုတ်ဟုတ် ကျေးဇူးပါအစ်ကို "
ကျွန်တော်လည်း သူခေါ်တဲ့နောက်လိုက်သွားရင်း
ဓာတ်လှေကားတစ်ခုထဲပါသွား၏ ။စကားနည်းတဲ့ကျွန်တော်က
အစ်ကိုမေးတဲ့မေးခွန်းတွေဖြေရာက ကျွန်တော့်ရဲ့ဒုက္ခပေါင်းသောင်းခြောက်ထောင်ကို
ပြောပြမိတော့ နှစ်ယောက်လုံးရယ်မိကြသေးသည် ။
YOU ARE READING
✔《SILENT》✔
Fanfictionကျွန်တော်တို့... ဘယ်တော့မှ..... [Unicode] ကျွန်တော်တို့... ဘယ်တော့မှ..... [Zawgyi]. #sebaek #ks_p612