တစ်စုံတစ်ယောက်အားကယ်တင်၍တစ်စုံတစ်ယောက်အားစတေးခဲ့သည် ။
___________________《 15 》
လူကြီးမင်းနှင့်အတူ တရားရုံးသို့ရောက်သည်မှာ ဒီတစ်ကြိမ်နှင့်ဆို ချန်းယောလ်အတွက် စတုတ္ထအကြိမ်မြောက် ။
တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတဖြစ်သော်ညား
သားတစ်ယောက်အတွက်ဖခင်တစ်ယောက်အနေနဲ့
အမှုရင်ဆိုင်ရသည်မှာ လေးကြိမ်မြောက်ရှိပေပြီ။
သိသာစေသည်က လူကြီးမင်း၏မျက်နှာအမူအယာ
မကောင်းခြင်း ။မည်သည်ကိုမှဂရုမစိုက်သည့်မီဒီယာသမားတွေအဖို့
အုံခဲနေသည့် လူအုပ်ကြားလည်းတိုးကြသည်။
ဘယ်လောက်တောင်များသလဲဆို လုံခြုံရေးတွေ
တားနေသည့်တိုင် လူပိ၍ဒဏ်ရာရသူအမြဲ ။ပြဿနာပေါင်းများစွာ
အမှုပေါင်းများစွာ
စွဲချက်ပေါင်းများစွာဖြင့်..
ယောက်ယက်ခတ်နေသည့်အချိန်တွင်
ဆိုးရွားသည်က ကာယကံရှင်
ဗြောင်ဘတ်ခ်ဟျွန်း သတိမရသေးတာပင်။
တစ်နည်းတွေးရင် သူသတိမရသေးတာ
တော်သေးသည်ဘဲဆိုရမလား ။ဘတ်ခ်ဟျွန်းသာရှိလျှင် လက်ရှိပုံစံကို
ခံနိုင်ရည်ရှိနိုင်မှာမဟုတ်တာ လူကြီးမင်းနှင့်ချန်းယောလ်သိသည့် အမှန်တရားဖြစ်၏။ဘတ်ခ်ဟျွန်းကို အရေးပေါ်အခြေအနေနဲ့ ဆေးရုံတင်ထားရပြီး ဟွမ်ဂျယ်ယောင်း၏ပြစ်မှု အမှန်ကို ဖော်ထုတ်ခွင့်မရသေးပေ။ အိမ်ပြာတော်မှာ
ခေါ်ထားချင်ပေမယ့် မပြီးပြတ်သေးတဲ့အမှုတွေကြောင့် တာဝန်ရှိသူတွေ
လွတ်လပ်စွာဝင်ထွက်သွားလာနိုင်တဲ့ အစိုးရဆေးရုံမှာထားဖို့ အမိန့်ချထားခြင်း ။ သို့သော်ညား လုံခြုံရေးကတော့တင်းကြပ်သည်။ပြဿနာတွေဖြစ်ပြီးတစ်ရက်အကြာ
မီဒီယာတွေရဲ့ကောင်းမှုဖြင့် တစ်နိုင်ငံလုံး
ဂယက်ရိုက်သွားစေသည့် သတင်းခေါင်းစဉ်က
သိပ်တော့ ကြားလို့မကောင်း ။ရှုပ်ထွေးလွန်းသည့် အမှုတွေကြား
အခုထိတိုင် တိတိကျကျဆုံးဖြတ်ချက်မကျသေးတာ
အမတ်လောင်းဟွမ်ရဲ့ စွဲချက်တစ်ချို့ကြောင့်လည်း
ပါသည် ။
YOU ARE READING
✔《SILENT》✔
Fanfictionကျွန်တော်တို့... ဘယ်တော့မှ..... [Unicode] ကျွန်တော်တို့... ဘယ်တော့မှ..... [Zawgyi]. #sebaek #ks_p612