~ပထမဦးဆုံးသော~
《 18 》" ကနေဒါရဲ့နှုတ်ဆက်နည်းအသစ်က
ဒါမျိုးလား "ထိုလူသား၏ နှုတ်ခမ်းတို့က
အနည်းငယ်ကွေးညွတ်နေသယောင်ပေါ်သည် ။သူ့ဘယ်ဘက်ပါးပြင်ပေါ်မှာ ကတ်မုန့်ခရင်မ်တစ်ပုံက
ကျွန်တော့်ကြောင့်နဲ့ အသေအချာနေရာယူထားသလို
လေထဲ၌ရပ်တန့်နေသည့် ကျွန်တော့်လက်ဖဝါး။ဘယ်လိုဆန်းကြယ်မှုတွေသည်
ကျွန်တော့်ထံရောက်ရှိလာပါသနည်း ။" ဒါမှမဟုတ်.. ဆော့လို့မဝသေးတာလား "
" ...ဟင်*.. ဖြေပါဦး "
ကလေးတစ်ယောက်ကိုမေးနေသည့်နှယ်
သူ့ပုံက ရိသဲ့သဲ့နိုင်လွန်းလှ၏ ။
သို့သော်ညား ဝေးကွာနေသည့်ငါးနှစ်အတွင်း
သူပိုကြည့်ကောင်းလာတာကိုတော့
ကျွန်တော်ဝန်ခံရပေမည်။မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုစီကို
ငေးကြည့်နေမိတဲ့ကျွန်တော့်ကို သူကကြည့်ကာ
ပြုံး၏ ။ ထိုအပြုံး၌ မရေတွက်နိုင်တဲ့ ခန့်ညားခြင်းတို့ပါဝင်သည် ။နေဦး ။
ဒါအိမ်မက်မဖြစ်နိုင်ဘူးလား ..။ယောက်ယက်ခတ်နေတဲ့ ကျွန်တော့်အတွေးတွေအတွက် တိကျတဲ့အဖြေပေးလိုက်သူက သူ ။
ဆယ်ဟွန်း.. ။ အိုဆယ်ဟွန်း ။ပုခုံးသားပေါ်ရောက်ရှိလာတဲ့ သူ့လက်တစ်စုံရဲ့
ပွေ့ပိုက်ခြင်းအဆုံးမှာ ကျွန်တော်ကသူ့ရင်ခွင်နဲ့
မျက်နှာချင်းဆိုင်နေခဲ့ပြီ ။ကိုယ်သင်းနံ့သင်းသင်းကို ရလိုက်တဲ့အခါ
ကျွန်တော် ကမ္ဘာကြီးနဲ့ခဏလောက်
အဆက်သွယ်ပြတ်သွားသည် ထင်၏ ။" ဘာလို့အရောင်ပြောင်းလိုက်တာလဲ "
" .... "
" ကျွန်တော်က ကော်ဖီရောင်ဆံနွယ်တွေကို
ပိုချစ်တာ "သူ့မျက်နှာက ကျွန်တော့်ဆံပင်တွေကြား
တိုးဝင်လာသည် ။အတိုင်းအဆမရှိကျယ်လောင်နေသော
သူ့နှလုံးခုန်နှုန်းကိုကျွန်တော်ကြားနေရသလို
ကျွန်တော့်ရဲ့ရင်ခုန်သံကိုလည်း အတိုင်းသားကြားနေရသည် ။
YOU ARE READING
✔《SILENT》✔
Fanfictionကျွန်တော်တို့... ဘယ်တော့မှ..... [Unicode] ကျွန်တော်တို့... ဘယ်တော့မှ..... [Zawgyi]. #sebaek #ks_p612