Zawgyi
'' မာယာ ရေ ဒီအထုတ်တွေက ဘယ်မှာထားရမှာလဲ''
ဒေါ်မာယာ သည် ရှင်းသန့် ဖြူစင် ၏ မိခင်ပင်ဖြစ်သည်။ ရှင်းသန့် အခုလက်ရှိတွင် ၅နှစ်အရွယ်သာ။ မူလ နေထိုင်သည့်နေရာ ဒဂုံနေရာမှ လှည်းတန်းသို့ ပြောင်းရွေ့လာနေထိုင်သည်။
'' ခင်လေး ရေ ဒီမှာဘဲချထားလိုက်''
ဒေါ်ခင်လေး ဆိုသူသည် မင်းလက်ရာ၏ မိခင်ပင်ဖြစ်သည်။ ဒေါ်မာယာ နဲ့ ခင်လေး တို့သည် Stateကျောင်းမှဘွဲ့ရသည်အထိ တူတူတတ်ခဲ့သော အချစ်ဆုံးသူငယ်ချင်းများဖြစ်သလို သူတို့၏ ယောကျာ်းများသည်လည်း အချင်းချင်းရင်းနှီးကျသည်။ ရှင်းသန့်တို့မိသားစု အိမ်ပြောင်းလာသည်မှာ မင်းလက်ရာတို့ခြံ ရဲ့ဘေး ခြံကိုပြောင်းလာချင်းဖြစ်သည်။ မိဘ များကလည်း ဘွဲ့ရပြီးကတည်းက သက်ဆိုင်ရာအလုပ်တို့ကိုလုပ်ရင် မတွေ့ချင်းသည်မှာ နှစ်နှင့်ချည်းနေလေပေ၏ အခုချိန်တွင် မင်းလက်ရာသည် အသက်
၇နှစ်အရွယ်သာရှိသည်။ ရှင်းသန့်ဖြူစင်နဲ့ ၂နှစ်ကွာသည်။'' ငယ်လေး ရေ''
အိမ်အောက်မှ အမေဖြစ်သူဒေါ်မာယာ ခေါ်လိုက်မှ ရှင်းသန့်လေးသည် အိမ်အပေါ်မှ အိမ်အောက်ထပ်သို့ဆင်းသွားသည်။
'' ငယ်လေး ရေ မိတ်ဆက်ပေးမယ်နော်''
ဒေါ်မာယာ သည် ရွင်ပျသောအသံဖြင့် စကားအသွားကို အစချီလိုက်၏။
''ဒါက ဒေါ် ခင်လေး ဒီဘက် က မင်းလက်ရာတဲ့ ငယ်လေး ကိုကို က ငယ်လေးထက်အသက်ကြီးတယ်နော် အကို ကို ရိုးရိုးသေသေဆက်ဆံနော်''
ဒေါ်မာယာက ဒေါ် ခင်လေး ဘက်တချက်လှည့်၍ ပြုံးပြလိုက်သည်။ မင်းလက်ရာ အမေ လည်းပြုံးမိလိုက်၏။ မင်းလက်ရာက ငယ်ငယ်က ညီမလေး၁ယောက်လိုချင်းသူဖြစ်၍ သူ့ဆန္ဒ ပြည့်မြောက်သွားသည်ကို မိခင်ဖြစ်သူပျော်ရွင်နေမိသည်။
'' သား လက်ရာ မင်းလိုချင်းတဲ့ ညီမလေးတော့ရပြီး''
မင်းလက်ရာ ပြုံးပြုံးရွင်ရွင် ဖြစ်နေသည်ကို ရှင်းသန့် အမေ လှမ်းကြည့်မိလေသည်။
'' သမီး ရေ သမီး အကို တစ်ယောက်တော့ရပြီးနော်''
ရှင်းသန့်မှာ သူဆိုးသမျှခံနိုင်မဲ့အကို တစ်ယောက်တော့ရပြီးပေါ့
YOU ARE READING
Official [Completed]Boylove(Z+U)
FantasyZawgyi အချစ်ဆို တာ ခမ်းနားပြီး ဆန်းကျယ်လွန်းတယ်။ ဘယ်လို သူတွေမှာဘဲမဆို အချစ်ဆိုတာ ဘယ်တော့မှ ပျောက်ပျက်မသွားဘူး။ -သွေးမတော်သားမစပ်တဲ့ ညီမလေးကို အရမ်းချစ်ခဲ့မိတဲ့ မင်းလက်ရာတစ်ယောက် Valentine day မှာ ရုတ်တရက်သေဆုံးသွားတဲ့ ညီမလေးအတွက် သတ်သွားသော တရားခ...