Zawgyi
မနက်ခင်း မိုးအလင်းရောင် က ရှင်းသန့် ပြတင်းပေါက်လေး ရှိမှ ရှင်းသန့်မျက်နှာပေါ် သို့ကျရောက်လာခဲ့သည်။
မျက်လုံးလေးဖွင့်ကာ ကိုကိုနဲ့အပြင်သွားမည်ကို သတိရလိုက်သည်။ နာရီကို့ ပြန်ကြည့်ကာ အလျင်အမြန် အိပ်ရာမှထ ကာ သွားတိုက် ရေချိုးရသော အလုပ်ကလည်းတစ်လုပ်။
အမေပြင်ပေးတဲ့ မနက်စား လေး ထိုင်စားရင် လည်ပင်းရှည်မတတ် ကိုကို ကို စောင့်နေရသည်။
အိမ်တံခါးခေါက်သံကြားလာတော့ ကိုကိုလာပြီးဆိုသော အတွေးနဲ့ ရှင်းသန့်တံခါးဆီသို့ ပြေးသွားခဲ့သည်။ တံခါးအဖွင့်
အနီရောင် စပိုရှပ်လေးနဲ့ သားသားနားနား ကိုးရီယား မင်းသာလေးကို ကြည့်နေရသည့်အတိုင်း ဖြူဖြူဖွေးဖွေး အသားရေလေးကိုမှ ဆံပင် သက် ထားသေးသည်။
ရှင်းသန့် စိတ်ကူးထဲကပုံစံမျိုးလေး ဖြစ်နေခဲ့သော အတိတ်က ပုံရိပ်လေးက ရင်ထဲ စွဲကျန်ခဲ့ ဖူးသည်။ကိုကိုကလည်း ရှင်းသန့်ကို မြင်မြင် အပြစ်ကင်းစင်တဲ့ ကလေးလေး ကိုကြည့်နေရသည့်အတိုင်း ချစ်စရာလေးပင် ရှင်းသန့်သည် ချောလွန်း သည်ထဲတွင်မပါ ကလေးဆန်ဆန် နဲ့မင်းလက်ရာ ရင်ထဲထိ၏။ မည်သူနဲ့မျှမတူ ထူးဆန်း၏။
မိနစ်အနည်းငယ်ခန့် ထိ တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေသည်။ ဘာမျှမပြောပေ။
ထိုစဉ်
''သား မင်းလက်ရာ ရောက်နေပြီးကိုး''
ရှင်းသန့် အမေ အသံကြောင့် စိုက်ကြည့်ရာမှ
သူတို့၂ဦး မျက်နှာလွဲပြီး ရှက်ပြုံးပြုံးမိသည်။'' သား ညီမလေးကတော့သားကိုစောင့်နေတာ လည်ပင် ရှည်တော့မယ် သားရေ'.'
ဒေါ်မာယာ ၏ စကားသံကြောင့် မင်းလက်ရာ ရယ်ချင်းသည် စိတ်ကို အသာ ချူပ်တီးထားရသည်။ ရှင်းသန့်ကိုလှန်းကြည်မိ၏။
ရှင်းသန့် နူတ်ခမ်းထိပ်လေးများ စူပုတ်ရင် နီနီ ရဲရဲ နူတ်ခမ်းလေး အား ဖက်နမ်းခြင်းစိတ်များ တဖွားဖွား ပေါ် လာသည်။
ဟဲ့ကောင် စိတ်ထိန်း စမ်း ငါညီမလေး လေ ဘာတွေလျှောက်တွေးနေတာလဲ အရူးဘဲ မင်းလက်ရာစိတ်ထဲ မဟုတ်တရုတိအတွေးများ ဖျောက်ပစ်လိုက်၏။
YOU ARE READING
Official [Completed]Boylove(Z+U)
FantasyZawgyi အချစ်ဆို တာ ခမ်းနားပြီး ဆန်းကျယ်လွန်းတယ်။ ဘယ်လို သူတွေမှာဘဲမဆို အချစ်ဆိုတာ ဘယ်တော့မှ ပျောက်ပျက်မသွားဘူး။ -သွေးမတော်သားမစပ်တဲ့ ညီမလေးကို အရမ်းချစ်ခဲ့မိတဲ့ မင်းလက်ရာတစ်ယောက် Valentine day မှာ ရုတ်တရက်သေဆုံးသွားတဲ့ ညီမလေးအတွက် သတ်သွားသော တရားခ...