Zawgyi
နွေဦးလေ သည် တသွန်းသွန်း တိုက်ခက် နေလေ၏။ ကန်ဘောင်တွင်လည်း လမ်းလျှောက်သူများနဲ့ လည်း ပြည့်နှောက်နေသည့်နောက်ထပ် အတွဲများလည်း ရှိ၏။ အတွဲ တွေ ရှေ့ လမ်းလျှောက်သွား သည့် မင်းလက်ရာ တစ်ယောက် တစ်စုံတစ်ယောက်ကို လွမ်းမိနေ၏။ မည့်သည့်မှန်းမပြောတတ်။ ရင်ထဲ တစ်ခုခု ကို ထိမိသည့် အထိ ခံစားနေရ၏။ အချစ်ဦးက မရှိတော့လည်း အချစ်သစ်ကို ရှာရမည်။ မိမိ မရှာခင်ခဲ့ပေ။ တစ်စုံတစ်ယောက်နဲ့ မတွေ့ခင်းထိပေ။
လျှောက်ရင်းနဲ့သာ တွေ့နေကျ ထိုင်နေကျ နေရာ လေးတွင် ကိုခန့် မရောက်သေးပေ။ မိမိ ၀င်ထိုင်လိုက်ပြီး ကန်ရေပြင်ကြီး ၏ အလှနဲ့ထပ်တူ ကိုခန့်ကို စောင့်နေ၏။ ဒီပရက်ရှင်း ၀င်သည်ဟုလည်းပြောနိုင်၏။ ကန်ရေပြင် ကြည့်ရင် Feel နေတော့သည်။
ရှင်နောင်ခန့် သည် ကိုယ်ပိုင်ကားဖြင့် ရောက်လာခဲ့၍ ကားပါကင် ထိုးထားလိုက်၏။ ကားသော့လေးအား လက်ထဲကိုင်ကာ ရင်တစ်ထိတ်ထိတ်ဖြင့် တွေ့နေကျရောလေရှိရာသို့ လျှောက်သွားတော့၏
မိမိကို မြင်ရင် မုန်းဘဲ မုန်းသွားမည်လား သ်ု့သော်လည်း ကိုခန့်သည် ရှင်နောင်ခန့် ဆိုသည့်အယူကို ဖြေရှင်းရ လွယ်ကောင်း လွယ်မည့် နောက်ထပ့် ပြသာနာ က ဆက်ပါဘာမည်။ ငယ်လေး သေခဲ့ရသည့်အမူပေ။မိမိ သာ တရားခံ ဆိုတာ မည့်သည့် စိတ် မည့်သည့် အသိဖြင့် ထိန်းထားရမည် ဆိုတာ မသိနိုင်ပေ။ စိတ်လည်း လုံ့မည့်မဟုတ်ပေ။ဘာမျှ မတွေးတော့ကာ ထိုင်နေကျ နေရာလေးသို့ လျှောက်လာလေ၏။ မိမိထင်သည့် မင်းလက်ရာ အစောဆုံးရောက်နေမည့်ဟု ကုမ္ပဏီ ပြန်သည့်မှာလည်း စောမည်။ မတည့်ငြိမ်သော စိတ် တစ်ခုကို လက်သီး ကျစ်ကျစ် ဆုပ်ကာ တည်ငြိမ်မူကို လုယက်နေတော့၏။
ထိုင်နေသော မင်းလက်ရာ နား တဖြည်းဖြည်း နီးကပ်လာ၏။ မင်းလက်ရာ နီးလာသည့်အထိ သတိမမူခဲ့သေးပေ။
မင်းလက်ရာ သည်လည်းလူတစ်ယောက်မိမိ အနား နီးလာသည့် ခံစားချက်ကို ခံစားနေမိသည့် အတွက် ပါးစပ်မှ
''ကိုခန့်''
ဟူသော စကားသံလေးသည် အတိုင်းအထက်အလွန် ထွက်သွား၏။ နောက်ကိုတောင် လှည့်မကြည့်မိ မည့်သည့်မှန်းမသိပေ။ သို့သော် ကိုခန့် ဆို့သည့် ဟို ပုဂ္ဂိုလ်ချောလေးသာ ဖြစ်မည်။
မင်းလက်ရာ သည် နောက်ကို လှည့်ကြည့်လိုက်၏။
YOU ARE READING
Official [Completed]Boylove(Z+U)
FantasyZawgyi အချစ်ဆို တာ ခမ်းနားပြီး ဆန်းကျယ်လွန်းတယ်။ ဘယ်လို သူတွေမှာဘဲမဆို အချစ်ဆိုတာ ဘယ်တော့မှ ပျောက်ပျက်မသွားဘူး။ -သွေးမတော်သားမစပ်တဲ့ ညီမလေးကို အရမ်းချစ်ခဲ့မိတဲ့ မင်းလက်ရာတစ်ယောက် Valentine day မှာ ရုတ်တရက်သေဆုံးသွားတဲ့ ညီမလေးအတွက် သတ်သွားသော တရားခ...