part 5

3.2K 90 3
                                    

Zawgyi

တဖြည်းဖြည်းနဲ့ ဆောင်းတွင်းဝင် စပြုလာ၏။

''ဟဲလို ခွေးကောင် ခုထိ အိပ်နေတာလား နေ့လည် မင်း ရှိ ငါတို့အားလုံးလာခဲ့မယ် second semeပြီး ပြီးဘဲ''

မနက်စောစော စီး စီး သာယာနာပျော် ဖွယ်မကောင်းတဲ့ အသံ နဲ့ မင်းသစ် ကလွဲ ရင် မည်သူမျှ မဟုတ်ပေ။

အိပ်ရာထဲမျှ ဖြင့် နေဖင်းထိုးပြီး မင်းလက်ရာ တစ်ယောက် ညဘက် အိပ်မပျော်ခဲ့ မနက်စောစော ပိုင်းမှ အိပ်ပျော်သွားသည်။

ညက အကြောင်း မျက်လုံးဖွင့် တာနဲ့ စဉ်းစားမိ၏။

''ငါလည်း မင်းတို့ကို ပြောစရာရှိတယ် လာခဲ့ကွာ အိမ်မှာက အမေ မရှိလောက်ဘူး အမေနဲ့ အဖေ နဲ့ အဘွားအိမ် သွားတယ်''

လင်မယား ၂ယောက်စလုံး အဘွားအိမ်သွား ကြသည်။ ၂ရက်လောက်ကြာ မည်ဟုထအမေ ပြောသွားသည်။
''အေးပါကွာ''
မင်းလက်ရာ ဖုန်းချလိုက်သည်။

ဆက်အိပ်ချင်း သေးသည်။ အိပ်မပျော်တော့ပေ။
သန့်ရှင်းရေး လုပ်ပြီး အိမ်အောက်သို့ ဆင်းလာခဲ့သည်။ ဘာမျှမတွေ့ရပေ။ စဉ်းစာမိနေသည့်က
''ဟိုကောင်တွေက နေခင်းမှလာမှာ ဘာမှလည်းမချက်ခဲ့ဘူး'' အမေ ဘာမျှကို မချက်ခဲ့ပေ။ အဲလောက် တစ်ဦးတည်းသော သားကို ချစ်၏။

ရုတ်တရက် အိမ်ဖုန်းလာသည်။
''သား မင်းလက်ရာ မင်းအမေ အဘွားအိမ်သွားတယ်တဲ့ အန်တီကိုပြောသွားတယ် ဘာမှ မချက်ထားဘူးတဲ့ အန်တီတို့ အိမ်လာစားလေ''

ဗိုက်ကလည်း ဆာနေသည်။ ငယ်လေး ကိုလည်း တွေ့ချင်းသည်။ တွေချင်း သည်ထက် စကားပြောချင်းမိ၏။ မနေ့တုန်းက ငယ်လေး အမှားထက် အကြီးဖြစ်တဲ့ ကိုကို က လျော့ပေးလိုက်သင့်သည်။

''ဟုတ်အန်တီရေ သားလည်းဗိုက်ဆာနေပြီး လာခဲ့မယ် ဘာရှိလဲ''

''လာသား ပေါင်မုန့် ထောပတ် သုတ်လုပ်ပေးရမလား ထမင်းကြော်ပေးရမလား ကြိုက်တာပြော အန်တီ လုပ်ပေးမယ်''

''ရပါတယ် အန်တီ ပင်ပန်း အုံးမယ် ရှိတဲ့ ဟာဘဲ စားတော့မယ် အန်တီ''

မင်းလက်ရာငယ်လေးကို မြင်ချင်းမိ၏။ မင်းလက်ရာ နာရီလှမ်းကြည့်မိသည်။ မနက်၈နာရီထိုးနေပြီး ဒီချိန်ဆို ငယ်လေး အိပ်ရာထလောက်ပြီး။သွားမှ။

Official [Completed]Boylove(Z+U)Where stories live. Discover now