Zawgyi
Feb 14........
ချစ်သူများရဲ့ အထိမ်းအမှတ် အခမ်းအနား တစ်ခု ကဲ့သို့လည်း ပြောလို့ရသည်။
တတ်ကြွနေသော မင်းလက်ရာတစ်ယောက် အပြုံးပန်းတွေ ချွေနေသည်။ ဒီနေ့ ဖွင့်ပြောမည့် တစ်ယောက် သူ၏ ချစ်ရဆုံးသော သူ တစ်ယောက်ကို သူ၏ ရင်ထဲ က ခံစားချက်ကို ဖွင့်ပြောမည်။
ဖေဖော်ဝါရီ ၁၄ ဒီနှစ်တော့စနေ နေ့ ရောက်၏။ရုံး ပိတ်ရက် လည်းဖြစ်တက္ကသိုလ်တွေ လည်းပိတ်သည်။ တခြား ကျောင်းတော်တော်များများလည်း ပိတ်၏။ ချစ်သူများနေ့ ဆိုသည့် အတိုင်း နေရာ တော်တော်များများ ဥပမာ-ဘုရား၊ ပန်းခြံ တစ်ခြားသော နေရာများ မှာလည်း လူတွေ ပြည့်နေသည် မှာ မှန်းရုံနဲ့တင် သိနိုင်သည်။
Feb 14
မနက်အလင်း...ခေါက် ခေါက် ခေါက် ဆိုသည့် တံခါးခေါက်သံ တစ်ချက်ကို ကြားလိုက်သည်နဲ့ တစ်ပြိုင်နက်
''လာပြီး''
အသံသေးသေး နဲ့ ငယ်လေး အသံပေ။ ငယ်လေး တံခါးဖွင့်လိုက်သည်။
ငယ်လေး မျက်လုံးရှေ့
''ကိုကို''ကိုကို လို့ခေါ်လိုက်သည့်ပင် ။ ရှင်းသန့် မင်းလက်ရာ ကို ရှေ့အဆုံးခေါင်းအဆုံး ကြည့်မိသည်။ အရင်နေ့ကထက် ပို၍ လူငယ် ဆန်လွန်သည်။ ဖိနပ်ကလည်း Shoe လေးနဲ့ ဂျင်းဘောင်ဘီး အပြာရင့်လေး အသားဖြူဖြူ T shirt လေးအဖြူလေးနဲံအရမ်းကို လိုက်လှသည်။ ငယ်လေးမျက်လုံးထဲက ပင် မထွက်ပေ။
''ငယ်လေး ဒီနေ့ က ချစ်သူများနေ့ ၀င့် တို့ကော မင်းသစ် တို့ကော အကုန်လုံး ပြည်သူ့ရင်ပြင် သွားမလို့ ငယ်လေးကို လာခေါ်တာ သူတို့က အပြင်မှာစောင့်နေတယ်''
အမှန်တော့လည်း ရှင်းသန့် လိုက်ချင်းသည်။ အရင်တုန်းက ချစ်သူများနေ့တိုင်း သူငယ်ချင်းတွေ ရှိကသာ အမြဲ ချောကလက် လုစားတတ်သည်။ အမြဲ ချစ်သူများနေ့တိုင်း တစ်ယောက်ထဲ ဖြတ်ကျော်ရတာ များသည်။
အခုတော့ဖြင့် ကိုကို တို့ကလည်းလာခေါ်သည်။ ကိုကို နဲ့ ဆို ချစ်သူများနေ့က ပို၍Romantic ဆန် လှသည်။ငယ်လေး ပြုံးလိုက်သည့်ကို ကိုကို ရိပ်မိနေသည်။
''မေမေ့ ကို မေးကြည့်လိုက်အုံးမယ်''
YOU ARE READING
Official [Completed]Boylove(Z+U)
FantasíaZawgyi အချစ်ဆို တာ ခမ်းနားပြီး ဆန်းကျယ်လွန်းတယ်။ ဘယ်လို သူတွေမှာဘဲမဆို အချစ်ဆိုတာ ဘယ်တော့မှ ပျောက်ပျက်မသွားဘူး။ -သွေးမတော်သားမစပ်တဲ့ ညီမလေးကို အရမ်းချစ်ခဲ့မိတဲ့ မင်းလက်ရာတစ်ယောက် Valentine day မှာ ရုတ်တရက်သေဆုံးသွားတဲ့ ညီမလေးအတွက် သတ်သွားသော တရားခ...