part 7

2.5K 87 0
                                    

Zawgyi

University  စစ တတ်ချင်း ငယ်လေး ပုံစံလေး မြင်မိချင်း၍ ရှင်းသန့်  အိမ် သို့စောစောသွားသည်။

''အန်တီ မပြီးသေးဘူးလား ငယ်လေး''

''မပြီးသေးဘူး သားရေ တစ်ခါမှ မ၀တ်တဲ့ မြန်မာ ၀တ်စပ် ကို ၀တ်ရတော့မှာဆိုတော့ သားသိတဲ့အတိုင်းဘဲ ကြာပြီးပေါ့''

ငယ်လေး ကို  ထိုင်ခုံလေးပေါ်မှာ ထိုင်ရင် အောက်ထပ်မှ အပေါ်ထပ် က မင်းသမီးလေး ဆင်းလာမှာကို မျှော်နေရသည်။

မင်းလက်ရာ သည် တက္ကသိုလ်သွားတိုင်း အမြဲ အင်္ကျီလက်ရှည် လေးကိုခေါက်ပြီး မြန်မာ ပုဆိုးလေးနဲ့ တာ ကျောင်းအမြဲသွားတတ်သည်။

မင်းလက်ရာ နာရီကို လှမ်းကြည့်မိသည်။ ကျောင်းသွားဖို့ အရမ်း ကျန်သေးသည်။ ငယ်လေး ကိုလည်း တွေ့ချင်းလှပြီး။ မင်းလက်ရာ ပုံစံက လက်ထပ် တော့မည် အမျိုးသား တစ်ယောက်က သူ့လက်ထပ်ရမဲ့ အမျိုးသမီး ကိုမျှော်နေရသည့် အတိုင်းပင်ဖြစ်နေသည်။

နာရီကို တစ်ချက်လှည့်ကြည်ပြီး အပေါ်ထပ် လှေကားမှ ခြေလှမ်းတဖြည်းဖြည်း ဆင်းလာသည်ကို မင်းလက်ရာ ခံစားမိသည်။

မင်းလက်ရာ မော့ကြည့်တော့ ငယ်လေး မင်းလက်ရာ ရှေ့ရောက်နှင်နေပြီး မင်းလက်ရာ ငယ်လေး ကို ခြေအစ ခေါင်းအဆုံး ကြည့်မိ၏။ အရင်က ငယ်လေး နဲ့အရမ်းကွာလွန်းသည်။

ကျောင်းတတ်ရမည်ဆိုတော့ မြန်မာဝတ်စုံ ရင်ဖုံးလေး လက်ရှည်လေးနဲ့ မြန်မာလုံချည်လေး နဲ့ ဆံပင် ကုတ်ကွဲလေးကိုမှ ခေါင်းလျှော်ထား၍ ဆံပင်များ ဖွာ နေသည်။ ပါးပြင်မှာလည်း သနပ်ခါး ပါးကွက်ကြား လေးနဲ့ နှာတံ ထပ်လေးမှာလည်း သနပ်ခါးလေး တို့ ထား၏။ ကလေးလေး ကဲ့သို့ ချစ်စရာလေးပေ။

မင်းလက်ရာ ရှင်းသန် ကို စိုက်ကြည့်မိ၏။ အကြည့်ကို လည်းမလွှဲပေ။
''ကိုကို ဘာကြည့်နေတာ ငယ်လေး အဆင်မပြေဘူးလား''

မင်းလက်ရာ အသိပြန်ဝင်လာသည်။
''ငယ်လေး က ပုံမှန်တွေ့ နေ ကျထက် အရမ်းချစ်စရာကောင်းလာတယ် မြန်မာဝတ်စုံလေး ဘဲ ၀တ်နော် ငယ်လေးနဲ့ အရမ်းလိုက်တယ်''

Official [Completed]Boylove(Z+U)Where stories live. Discover now