{3}

442 84 4
                                    

"သားငယ်..ဒီတစ်ခါကျောင်းပြန်ဖွင့်ရင် ကျောင်းပြောင်းရမယ်နော်.."

"ဗျာ..ဘာလို့လဲ omma..အိမ်ပါပြောင်းမှာလားဟင်!!.."

"အိမ်တော့မပြောင်းပါဘူး..သားအခုတက်နေတဲ့ကျောင်းထက် ပိုကောင်းတဲ့ကျောင်းကိုပြောင်းပေးမလို့ အထက်တန်းမှပြောင်းရင် နေသားမကျဖြစ်လိမ့်မယ် အဲ့တာကြောင့် အခုထဲက ပြောင်းလိုက်..သားကမပြောင်းချင်လို့လား.."

"မပြောင်းချင်တာမဟုတ်ပါဘူး..သားကဘယ်မှာဖြစ်ဖြစ်အဆင်ပြေတယ်..Omma တို့ပိုကောင်းမယ်ထင်သလိုလုပ်ပါ..ဘယ်ကကျောင်းလဲ Omma.."

"Seoul ကပဲ..အိမ်နဲ့တော့လှမ်းတယ်..ဒါပေမယ့်အသင်အပြ ကရှယ်ပဲ..အဲ့ဒီကျောင်းကအောင်သမျှကလေးတွေက ထူးချွန်အဆင့်တွေချည်းပဲ..Seoul ကပဲဆိုပေမယ့် ဒီထက် မြို့စွန်ရောက်တော့ကလေးတွေကမတက်ချင်ကြတာ..Omma က ပညာရေးပဲဦးစားပေးတယ်..နေရာနဲ့မဆိုင်ဘူး..Omma စကားနားထောင်မယ်မလား.."

"Nae Omma..ကျွန်တော်အဆင်ပြေပါတယ်.."

မိဘစကားနားထောင်ပြီး ချစ်စရာကောင်းလွန်းတဲ့ Baekhyun ကြောင့် အမေဖြစ်သူမှာအချစ်တိုးရပြန်တယ်..

"Appa ဒီနေ့အားရက်မဟုတ်လား.."

"အင်း..ဘယ်သွားချင်လို့လဲ သား.."

"ကစားကွင်းသွားချင်လို့ ဟီး ^^"

"ကလေးကိုလိုက်ပို့ရအောင် yeboo...ကျွန်မသားလေးက လိမ္မာတယ်.."

"ဟုတ်ပါပြီ မိန်းမရယ် မဟုတ်တောင် မင်းတို့သားအမိကို အချိန်ပေးမလို့ပါ.."

"ရေး..ဒါဆိုသွားကြမယ်နော်..အခုပဲ အင်္ကျီ သွားလဲကြမယ်လေ Omma.."

"ဟုတ်ပါပြီရှင်.."

"ဒီသားအမိတွေဟုတ်နေကြတာ.."

     <<<< Oh My Wolf >>>>

"Omma..သား ဟိုဆိုင်က ice-cream စားချင်တယ်.."

"အဲ့တာဆို Omma တို့ ဒီက ticket ဝယ်ထားလိုက်မယ် သားငယ် စားချင်တာကို သွားရွေးဝယ်ခဲ့.. "

"ဟုတ်!!"

လိုချင်တာရပြီး စားချင်တာစားနေရတဲ့ ဘဝမှာ ကျွန်တော် Baekhyun အရမ်းကိုပျော်နေပါတယ် ^-^

Oh My WolfWhere stories live. Discover now