{6}

300 81 2
                                    

"Chanyeollie ဒီ​နေ့ စာ​မေးပွဲ​နောက်​ဆုံး​နေ့​နော်​ မနက်​ဖြန်​ ကျရင်​ Appa နဲ့ ငါလိုက်​သွားမှာ.. မင်း​ပြောထားတဲ့အတိုင်းမင်းလိုက်​​ပေးရမယ်​​နော်​.."

"အင်း.."

"တကယ်​.. တကယ်​လိုက်​​ပေးမယ်​​ပေါ့.."

စာ​မေးပွဲခန်းထဲက ထွက်​လာပြီး Chanyeollie ​ပြောထားတဲ့ စကားကို မတည်​မှာ​ကြောက်​လို့ သတိပြန်​​ပေး​နေမိ​တော့.. သူက ​ပြောပြီးသားစကားကို တည်​တတ်​တဲ့ လူမှန်းသိလိုက်​ရသည်​..

"ငါ ​ပျော်​လိုက်​တာကွာ.. ငါ ဟိုးအရင်​က​ပြောဖူးတဲ့ငါ့က​လေး​လေး​လေ ငါသူ့ကိုပြန်​ရှာချင်​တယ်​..သူ့ကိုမ​တွေ့​တော့တာ ကြာ​နေပြီ အဲ့တာမင်းကူညီ​ပေး​နော်​.."

"အင်း.. ဒါနဲ့ က​လေးဆိုတာက မင်း​ပြောဖူးတဲ့ ဝံပု​လွေ​လား.."

"အင်း​လေ wae?.."

"အဟား.. ဘာမှ မဟုတ်​ဘူး.. မနက်​ဖြန်​ မနက်​ ၉နာရီ အ​ရောက်​လာခဲ့မယ်​.. အဲ့ဒီအချိန်​ Ok လား"

"အွန်း.. ကွက်​တိပဲ ​နောက်​မကျ​စေ​နဲ့.. ငါ​စောင့်​​နေမယ်​​နော်​ Chanyeollie..Anyeon..."

"အင်း..."

ကိုယ်​ကသာ စကား​တွေ​အများကြီးပြော​နေပေမယ့်​ သူက​တော့ ​ပြော​နေကျအတိုင်း အင်း တစ်​လုံးထဲသာ​ပြောပြီး ထွက်​သွားပြန်​သည်​...
ဒါ​ပေမယ့်​ ခါတိုင်းက​လောက်​​တော့ သူ့မျက်​နှာက တည်​တံ့မ​နေ​တော့ဘူး...

      <<<< Oh My Wolf >>>>

"သားငယ်​ Appa တို့သွားရ​အောင်​.."

"ဗျာ..."

"သွားမယ်​လို့​ပြောတာ.. တစ်​​ယောက်​​ယောက်​လာမှာမို့လို့လား သားကအပြင်​ကိုပဲ​ငေး​နေတယ်​.."

"အာ.. အဲ့တာက ဟို​လေ Appa.. သားသူငယ်​ချင်းတစ်​​ယောက်​ကို​ခေါ်ထားတယ်​.. Appa ​နောက်​ကို တစ်​​ယောက်တည်းလိုက်​တာထက်​ အ​ဖေါ်ရှိတာက ပို​ကောင်းမလားလို့.. ဟီး.."

"​အေး.. Appa စိတ်​ချရတာ​ပေါ့ ​ကောင်းပါတယ်​.."

"Anyeon!"

"Chanyeollie လာ​လေ...... Appa သူ​လေ.. သားသူငယ်​ချင်း.. "

"Nae.. Park Chanyeol လို့​ခေါ်ပါတယ်​ ခင်​ဗျ.."

Oh My WolfWhere stories live. Discover now