"Chanyeol Hyung.. Chanyeol Hyung"
အော်ခေါ်သံ ကြားလိုက်တာမို့ လှည့်ကြည့်မိတော့ ၃ တန်းအရွယ်လောက်သာရှိသေးသည့်ကလေးငယ်တစ်ယောက်...
"ဟို.. Hyung ဘေးမှာထိုင်တဲ့ အကိုကြီးကို သူများတွေ ကျောင်းအနောက်မှာ အနိုင်ကျင့်နေကြတာလား.. မသိ.."
ကျွန်တော် ထို ကလေးလေးစကားကိုပင် ဆုံးအောင်နားမထောင်ခဲ့မိ...
<<<< Oh My Wolf >>>>
"Chanyeollie..မင်း မနေ့က ဘာလို့ကျောင်းမလာတာလဲ.. ငါအရမ်းစိတ်ပူနေတာ.. မင်းဖုန်းလဲမရှိတော့..ငါ.."
"မင်း..တိတ်တိတ်နေပါလား.."
"ငါက မင်းကိုစိတ်ပူလို့လေကွာ.. ပြီးတော့ပြောပြစရာရှိသေးတယ်.. မင်း.. Song York တို့ကိုသိတယ်မဟုတ်လား.. သူတို့ထူးဆန်းနေကြတယ်.. တနေ့ကမှ ငါနဲ့ ပြသနာဖြစ်ပြီး အခု လမ်းမှာတွေ့ရင်တောင် ငါ့ကိုမသိသလို ဒီဇိုင်း နဲ့ ပြီးတော့ သူတို့နေပုံထိုင်ပုံတွေလဲပြောင်းသွားကြတယ်.. သိလား.."
"........."
"Chanyeollie..? ငါပြောတာကြားလား"
"အင်း.. အဲ့တာမင်းနဲ့ ဘာဆိုင်လို့လဲ.. သူများတွေနဲ့လိုက်မရောနဲ့.. မစပ်စုနဲ့.. ကိုယ့်ဘာသာနေ.. မင်းအရင် Style အတိုင်းပဲနေစမ်းပါ.. ကျောင်းတက်တာ တစ်နှစ်မပြည့်သေးဘူး... ပြသနာမဖြစ်ချင်နဲ့.. သူများရန်စလဲ ဥပေက္ခာပြုထားလိုက်.. မင်းပုံနဲ့သူများတွေကို နိုင်မှာလဲ မဟုတ်ဘူး.. ငါကကြားထဲက.. ကဲ! ထားလိုက်တော့ ငါပြောတာတွေမှတ်ထား.. "
ပြောချင်တာတွေပြောပြီး ထသွားသည့် Chanyeol ကို Baekhyun လိုက်ကြည့်နေမိသည်.. သူ့ကို Chanyeol က စကားတွေအများကြီးပြောသွားသည်မှာ အရင်နှင့်မတူ...
"Chanyeollie က တကယ်ထူးဆန်းနေတယ်.. သူဘာလို့ ငါ့ကိုအမြဲ စိတ်တိုနေတာလဲမသိဘူး..."
...........
Baekhyun ကို ပြောချင်တာတချို့ပြောပြီး ထ ထွက်လာကာ ကျောင်းအနောက်က အပင်အောက်မှာ လာထိုင်နေမိသည်...

YOU ARE READING
Oh My Wolf
Random၂၁ ရာစု အထိ ကျန်ရှိနေသော...မျိုးနွယ်စုတစ်ခု........ ~Super Natural~ Chanbaek Yaoi Erilight614