"သားငယ်...အခုအောင်စာရင်းလဲ ထွက်ပြီးပြီ ဆို တော့...ဘယ် တက္ကသိုလ် တက်ချင်လဲ Appa ကို ပြောပါဦး..."
"သားက Chanyeollie နဲ့ အတူတူပဲ...Japan Language ကို အထူးပြု Major ယူမှာ Appa"
Mr:Byun မေးသည်ကို ပြုံးပြုံးလေးနဲ့ပင် Baekhyun ပြန်ဖြေလိုက်သည်...
"ကဲ...ဟုတ်ပါပြီ...
အခု သားငယ်က Chanyeol နဲ့တူတူ တက်မှာဆိုတော့.. Appa လဲ စိတ်ချရတာပေါ့..ကောင်းပါတယ်.."တစ်ဖက်မှာတော့... Chanyeol တစ်ယောက် Baekhyun's Appa ရဲ့ စိတ်ချတယ်ဆိုတဲ့စကားကြောင့် အားနာပြုံးကြီး ပြုံးနေရသည်....
"Omma သားလေ တောင်းဆို စရာလေးရှိတယ်...."
"ပြောလေ သားငယ်..."
"သား Chanyeol နဲ့ တူတူ နေလို့ရမလားဟင်... သူက တစ်ယောက်တည်း မို့..သားတို့နှစ်ယောက်ဆို စာတွေဘာတွေလဲ တူတူ လုပ်ပြီး.. သူလဲ အဖေါ်ရအောင်လို့..သားသွားနေချင်တယ်..."
"ဟေ...သား Chanyeol က Baek Baek ကို ခေါ်လို့လား.."
Chanyeol ကတော့ ဘာမှ မပြောပဲ Baekhyun မျက်နှာကိုသာကြည့်နေသည်...
"Omma က လဲ မခေါ်စရာရှိလို့လား.. သားက ဒီလောက်ချစ်ဖို့ကောင်းတာကို..."
"သားငယ်ကတော့လေ..."
Baekhyun's Omma ၏ စိုးရိမ်မှုကြောင့် Cahanyeol ဝင်ပြောလိုက်ရသည်....
"အန်တီတို့ ခွင့်ပြုမယ်ဆို ကျွန်တော် Baekhyun နဲ့ အတူတူ နေချင်ပါတယ်..."
Chanyeol ပြောပြီးပြီးချင်းပင် သက်ပြင်းကို ခိုးပြီးချလိုက်မိသည်...ဒီစကားလေးပြောတာကို တစ်ကိုယ်လုံး ပူဆင်းသွားသည်မဟုတ်လား...
"အေးပါကွယ်... သားတို့ လဲ လွတ်လွတ်လပ်လပ် နေချင်မပေါ့.. ခွင့်ပြုပေးလိုက်ပါကွာ....ဒါပေမယ့် ထိန်းထိန်းသိမ်းသိမ်းတော့နေကြကွာ... သား Chanyeol အိမ်က သိပ်လဲ မဝေးတော့... စိတ်ပူစရာတော့ သိပ်မရှိပါဘူး...သားငယ် မင်း Hyung ပြန်ရောက်ရင်တော့ အိမ်ပြန်လာရမယ်နော်.."

YOU ARE READING
Oh My Wolf
Random၂၁ ရာစု အထိ ကျန်ရှိနေသော...မျိုးနွယ်စုတစ်ခု........ ~Super Natural~ Chanbaek Yaoi Erilight614