"Omo! မင်း.."
ကျွန်တော်က အံသြတကြီးနဲ့ သူ့ကိုလက်ညှိုးကြီးထိုးကာ အသံထွက်မိတော့ ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီး တိတ်တိတ်နေဆိုတဲ့ပုံမျိုးလုပ်ပြတယ်..
"မင်းက ဒီကျောင်းမှာတက်တာလား ပျော်လိုက်တာ ငါကတစ်ယောက်တည်းဖြစ်ပြီထင်နေ..ဟင်! ဘယ်..ဘယ်လဲ?"
စကားပြောချင်တာမို့ သူ့ထိုင်နေတဲ့ အခန်းအနောက်ဘက်က ခုံတန်းတွေဆီ ထသွားပြီး စကားစ မိတော့ သူက အလိုမကျသလို ပုံနဲ့ ကျွန်တော့်လက်ကို ဆွဲပီး ထသွားလေရဲ့
"ဘယ်သွားမလို့လဲ..ရပ်ပါဦး ငါမောနေပြီ.."
သူက လက်ကိုမလွှတ်တမ်းဆွဲပီး သွားနေတာမို့မေးမိတော့..ဘာမှမပြောပဲစိုက်ကြည့်နေပြန်တယ်..
"ဒါနဲ့ မင်းနာမည်တောင်ငါမသိသေးဘူး..နာမည်လေးဘာလေးပြောဦးလေ.."
သူ့ကိုပြန်ကြည့်ရင်းမနေတတ်တော့တာမို့ ကျွန်တော်ကပဲစကားစပြောလိုက်တယ်..
"ငါ့နာမည် Chanyeol! Park Chanyeol!"
"အင်း..ငါ့နာမည်က Byun Baekhyun! Baekhyunee လို့ခေါ်လို့ရတယ်..ပြီးတော့ နေပါဦး အခု Chanyeollie က ဘာလို့ ငါ့ကိုခေါ်လာတာလဲ.."
"ဘာ! Chanyeollie?"
"ဟုတ်တယ်လေ..ဘာလို့လဲ ငါတို့က သူငယ်ချင်းတွေပဲဟာ.."
"ကျစ်..လာပြန်ပြီ ဒီ သူငယ်ချင်း မင်းပျော်သလိုသာလုပ်တော့ မင်းက ရော ဘာလာလုပ်တာလဲ ဒီကို"
"ငါက ကျောင်းလာအပ်တာလေ..Chanyeollie ကရော ဒီကျောင်းမှာတက်နေတာလားလို့ ဖြေဦးလေ.."
"အင်း"
"ပျော်လိုက်တာ..ဒါနဲ့ ဘယ်နှစ်တန်းလဲဟင်.အသက်က ခြောက်လကွာတာဆိုတော့ အတန်းတူပါ့မလား.."
သူနဲ့ အတန်းအတူမတက်ရမှာကို ကျွန်တော်အဲ့လောက်ထိ စိုးရိမ်ရသလား..
အင်းလေ ဖြစ်နိုင်ပါတယ်.. ရင်နှီးတဲ့သူငယ်ချင်းက သူပဲရှိတာကို..
"ငါအခု ၇ တန်းတက်မှာ"
"Wow! Jinja ပျော်လိုက်တာ..မင်းကျောင်းအပ်ပြီးပြီမလား ဒါနဲ့ တန်းခွဲကရောတူပါ့မလား မတူလဲကိစ္စမရှိဘူး ဆရာမ တွေကိုပြောလို့ရလောက်တယ် အတူထိုင်ကြမယ်လေ ကျောင်းစဖွင့်တဲ့ရက် မင်းအရင်ရောက်ရင်ငါ့အတွက်နေရာဦးထားပေးနော်.."
YOU ARE READING
Oh My Wolf
Acak၂၁ ရာစု အထိ ကျန်ရှိနေသော...မျိုးနွယ်စုတစ်ခု........ ~Super Natural~ Chanbaek Yaoi Erilight614
