Part-10(Z+U)

5.2K 369 36
                                    

🐤🐥🐥🐥🐣

"Jiminie!!သားငယ်!!ရပ်တော့.!!
ဆက်မပြေးနဲ့တော့!!"

Yoongi ဘယ်လောက်အော်ပြောစေကာ မူ သားငယ်သည် မရပ်တန့်ခဲ့။

အသိစိတ်လွတ်နေသူတစ်ယောက်လို ဆက်၍သာ ပြေးနေဆဲမလို့ ဒီတစ်ခေါက် အနားရောက်လာချိန်တွင်တော့ သားငယ်ပြေးရာ လမ်းကြောင်းထက် ပိတ် ရပ်၍ လက်နှစ်ဖက်ဖြင့် ကာဆီးကာဖမ်းထိန်း လိုက်သည်။

"ဖယ်!!ပြေး မလို့ ...ဟုတ်တယ် ပြေးရမယ် ဖယ်ပေးပါ ဟင့် ဖယ်လို့ဆို!! အဟင့် "

"Minie!!တော်ပြီ လို့ Paပြောနေတယ်နော်။
ဆက်မပြေးနဲ့တော့လို့!!!!!Jimin!"

"ဟင့်အင်း! ဟင့်အင်း!! Daddy စိတ်ဆိုးလိမ့်မယ်.ရပ်လို့မဖြစ်ဘူး... ပြေးရမယ်!! အား!!!!"

**မင်းကိုမွေးရတာ သိပ်ရှက်ဖို့ကောင်းတယ်*

ပါးစပ်ကနေ.. အော်ချင်တာတွေ ထပ်တလဲလဲ အော်ဟစ်ရင်း ခွေကျလာသည့် သား...။

"Jiminie!!!သားငယ်!!"

ပြိုကျလာသော သားငယ်၏ ကိုယ်လုံးလေးကို မထိခိုက်စေရန် Yoongi အလျင်အမြန် ဖမ်းထိန်းရင်း အသာပွေ့ချီကာ..အိမ်ထဲသို့ ပြေးရတော့သည်။

"Hyung!!!Jin Hyung!!"

အပြင်ကနေ အော်ရင်း ဝင်လာသည့်Yoongiကြောင့် Jinတို့အားလုံး အလန့်တကြား ကြည့်မိလေတော့...

"အို!!သား!! "

"jiminie!!!!"

"ကိုကို!!!"

"Hyung!! ဘာရပ်လုပ်နေတာလဲ. ကလေးကို တစ်ခုခု လုပ်ပေးအုံးလေ!!!"

"သြော်!!!အေး!!Hoseok!! ဆရာဝန်ဆီ ph ဆက်!အိမ်ကို အမြန်လာခဲ့ပါလို့!
Yoongi!!ကလေးကို သူ့အခန်းထဲ ပို့ပေး!!
အဝတ်တွေလည်း စိုရွဲလို့ အဲ့တာတွေ အရင် လဲရမယ်။"

"Nae Hyung!!"

ဒီလိုနဲ့ phဆက်သည့်သူက ဆက်၊ အပေါ်ကို ချီပို့သည့်သူက ပို့၊ အဝတ်လဲကာ သန့်ရှင်းရေးလုပ်သူကလုပ်ဖြင့် ပြာယာခတ်ကုန်ကြသည်။

Joonလည်း သားငယ်ကို ဒီလိုပုံစံတွေ့လိုက်ရသဖြင့် သူ့လုပ်ရပ် မှားလေပြီဆိုတာကို သိလိုက်လေပြီ။

သားကို လမ်းမှားရောက်သွားမှာစိုးသော..စိုးရိမ်စိတ်တွေက ဒေါသ အသွင် သို့ ကူးပြောင်းသွားခိုက် သူ့စိတ်ကို သူ မထိန်းနိုင်ခဲ့။

 Dads & Their Little Baby KookWhere stories live. Discover now