Part-2(Z+U)

8K 506 18
                                    

🐰🐰🐰🐰🐇🐇🐇

ဆောင်းဝင်ခါစကာလ...နှင်းမြူ လေးတွေလည်း.. မှိုင်းပျပျ ကျနေသော......အလွန်အေးလှသည့်...ဆောင်းနံနက်ခင်းလေး..တစ်ခုတွင်...Jeonအိမ်တော်ရှိ..မီးဖို ခန်းလေးထဲတွင်..Jeon seokjinတစ်ယောက်.မအေးနိုင် မချမ်းနိုင်စွာ.....တကုပ်ကုပ်ဖြင့်..ချက်ပြုတ်ရင်း...အလုပ်ရှုပ်နေရှာလေသည်။

အချိန်အတော်ကြာ ချက်ပြုတ်အပြီးတွင်တော့....
Jinသည်မီးဖိုပေါ်က....အငွေ့တစ်ထောင်းထောင်းဖြင့်...အနံလေးတွေလည်း ကြိုင်လာပြီဖြစ်သော..စွပ်ပြုတ်အိုးလေးထဲမှ...အနည်းငယ်ကို ခပ်မြည်းကြည့်လိုက်သည်..

"အင်း.....ဘာလိုနေတာပါလိမ့်....."သေချာလေး မျက်လုံးလေးပါ မှိတ်ကာ.. အရသာခံမြည်းကြည့်လိုက်ရင်း.....

"အာ!!.....ဆားလေးနည်းနည်း ထပ်ထည့်လိုက်ရင်..အဆင်ပြေပြီပဲ..."ပြောရင်း..ဆား နည်းနည်းထည့်ကာ..မွှေလိုက်ပြီး...ပြန်မြည်းကြည့်လိုက်သည်...

"Onm!!!!..အဆင်ပြေသွားပြီ.....ကောင်းလိုက်တာ..တော်လိုက်တဲ့ ငါလေး....."
Jinတစ်ယောက် ကိုယ့်ဘာသာ ချီးမွမ်းလိုက်ရင်း..ကျေနပ်ပြုံးလေး ပြုံးကာ..လက်မလေးပင်ထောင်လိုက်သေးသည်။
ထို့နောက်..Sandwichလေးတွေကို..အမြန် လုပ်ရင်း..မနက်စာ ပြင်ဆင်ခြင်းကို.အပြီးသတ်လိုက်သည်..

နာရီကြည့်လိုက်တော့..6:00ထိုးနေချေပြီ။အငယ်တွေကို နှိုးဖို့ အချိန်တန်ပြီ...အလုပ်သွားရန်..ကျောင်းသွားရန်အတွက်..6နာရီလောက်နှိုးမှ သူတို့အတွက် အချိန်မှီနိုင်မည်လေ......

Jinလည်း ညီတွေနဲ့ သားတွေကို နှိုးရန်အပေါ်ထပ်သို့ တက်လာခဲ့သည်....လှေကားနဲ့ အနီးဆုံးဖြစ်သော Namjoonအခန်းကို..အရင် ဝင်လိုက်တော့...

အိပ်ယာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေလေသောNamjoon........

စားပွဲပေါ်မှာလည်း စာရွက်စာတမ်းတွေက..လုပ်လက်စ..အပုံလိုက်....ကော်ဖီသောက်လက်စခွက် သည်လည်း ဒီအတိုင်းပင်...ကြည့်ရတာ..ည က ညဥ့်နက်သည် ထင်သည်.....
joonieကို Jin..တစ်ကယ် သနားပိုရ ပါသည်..အသက် ငယ်ငယ်ရွယ်ရွယ်မှာပင်...မိသားစု၏ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို ဦးဆောင်လုပ်ကိုင်ရသည့်..ညီ
jinသည်လည်း..Hotelလုပ်ငန်းလောက်သာ ကြည့်ပေး နိုင်တာဖြစ်သည်..Yoongiကလည်း.စီးပွားရေးကို ဝါသနာ မပါ.လေတော့...အရာရာသည်Joonခေါင်းပေါ်သို့သာ ပုံကျလေသည်။ထို့ပြင် အရင်းနှီးဆုံးသော သူငယ်ချင်းဇနီးမောင်နှံ ရုတ်တရက် ဆုံးပါးလေတော့..ကျန်ရစ်ခဲ့တဲ့ jiminလေးကို ခေါ်ယူ စောင့်ရှောက်ပျိုးထောင် ကာ..အဖေတစ်ယောက်ရဲ့ တာဝန်ကိုပါ ယူခဲ့သည်။
အင်း.........Hyungညီလေး..အရမ်းပင်ပန်းခဲ့မှာပဲ..
Jin....အတွေးစတို့ကို ခဏရပ်၍......

 Dads & Their Little Baby KookOù les histoires vivent. Découvrez maintenant