🐰🐰🐰🐰🐇
ပတ်ဝန်းကျင်တစ်ခုလုံး..နေရောင်ခြည်နွေးနွေးတို့ဖြင့်..လွှမ်းခြုံထားသော သာယာသော မနက်ခင်းလေးတစ်ခုတွင်..
Jeonအိမ်တော်၏ အိမ်ပေါ်ထပ် မှန်ပြတင်းတို့
ကာရံထားသော..အခန်းလေး တစ်ခုထဲတွင်...
ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းလှသော..လူငယ်လေးတစ်ယောက်..နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိသည်။..ထိုအချိန်တွင်.."သားငယ်ရေ့...Kookie!!!!ကလေး!!ထ တော့နော်..7ခွဲနေပြီလေ.. Paက မနက်စာပြင်နေတာနဲ့ မအားလို့..ကိုယ့်ဘာသာပဲ ထ ခဲ့တော့နော်.."
ဘယ်ကမှန်းမသိတဲ့ အသံလည်း ကြားရော.ထိုလူငယ်လေး...အိပ်နေရာမှ လှုပ် လှုပ်ရွရွလေး ဖြစ်လာကာ..တစ်ဖက်သို့လှည့်ကာ..စောင်ကို ခေါင်းမြီးခြုံလျက် ပြန်အိပ်ပျော်သွားပြန်သည်။
Jinတစ်ယောက်..မနက်စာ ပြင်နေရင်း အောက်ထပ်ကနေ..kookieကို နှိုးနေသည်။.
"Jungkookieရေ...ထခဲ့တော့..ကလေးရဲ့..ကျောင်းနောက်ကျလိမ့်မယ်နော်..ထတော့ဆို!!!"
"ဟာ!!ဘယ်က အသံကြီးလဲကွာ!သူများအိပ်နေတာကို..နားညည်းလိုက်တာ.."
နှုတ်ခမ်းဖူးဖူးလေးတွေက..လှုပ်စိ လှုပ်စိနဲ့ ရေရွတ်လိုက်ရင်း..ခေါင်းအုံးအောက်..ခေါင်းကို ထိုးကာ..ပြန်အိပ်ပြန်သည်။...
"Jeon Jung kook!!!!!!!!!!!!!!!!"
"ဟင်!!..အ!"
အကျယ်ဆုံးသော..နာမည်ခေါ်သံလည်း ကြားရော.ခေါင်းအုံးအောက်ရောက်နေသော
ခေါင်းရှုပ်ပွပွလေးလည်း ဆတ်ခနဲ..ထောင်လာကာ..
လန့်သွားသည်ထင့်..တစ်ဖက်ကို လှိမ့် လိုက်ရာ..ကုတင်ပေါ်က ပြုတ်ကျလေသည်။
ကုတင်ဘေး ကြမ်းပြင်ပေါ်တွင်..ဘာဖြစ်သွားမှန်းမသိသလို.. ငိုင်တွေတွေနှင့်.kookie..ထိုင်ငိုက် လို့ကောင်းနေတုန်း..ရှိသေး....
"အ!"
အခန်းတံခါး ဖွင့်သံနှင့်အတူ....kookie၏ခေါင်း..ပူ ခနဲ ဖြစ်သွားသဖြင့်..မပွင့်သေးသော..မျက်လုံးအစုံကို လက်ဖြင့် ပွတ်သပ်၍..ကြည့်မလို့ ဟန်ပြင်နေတုန်း....
"အား!!!!နာတယ်..နာတယ်.."
"ဘာ ခုမှ နာတယ် လည်း..!.ဘယ်နှနာရီ..ရှိနေပြီ ထင်သလဲ..ဟမ်!!"
YOU ARE READING
Dads & Their Little Baby Kook
FanfictionMomjin!!!!! Kookieရဲ့ Banana milkကို PaPataeနဲ့ ကိုကိုက လုသောက်နေပါ တယ်....လို့.... Appa!!!kookieကို မြင်းကြီးလို လုပ်ပြပါဦးဆို..Appa!!!..... Papagi!!!! kookie ဘာ့မှ လုပ်ဝူးနော်....Paအလုပ်ခန်းထဲဝင်တာ....kookieဟုတ်ပါဘူးဆို....အဟင့်.. Daddy!Daddy...