Jinတစ်ယောက် Partyအတွက် ပြင်ဆင် ချက်ပြုတ်ရင်း မီးဖိုဆောင်ထဲ အလုပ်ရှုပ်နေသည်။Yoongiနဲ့ Taehyungက အသားကင်ဖို့ရာ တာဝန်ကျကာ ကင်ရန် ပြင်ဆင်နေကြသည်။
Jiminieနဲ့ Hoseokက ဧည့်ခန်းထဲ နေရာ ကျယ်စေရန် ထိုင်ခုံတွေကိုရွေ့ကာ သန့်ရှင်းရေးလုပ်နေကြသည်။
Namjoonက Jinကို ကူညီဖို့ အနားမှာ လာနေပေမယ့် ကူညီတာထက် ပြောရတာက ပိုများသည်။
ကြက်သွန်လှီးခိုင်းတော့ ဓားအသွားကို ပြောင်းပြန်လှန်ကာ လှီးသည်။
ထမင်းကြော်အိုး ကြည့်ခိုင်းတော့ အိုး သာ မဲ သွားတယ် အထဲက ထမင်းက ဒီအတိုင်းသာ...။
ပန်းကန်တွေ ထုတ်ခိုင်းတော့..ခွဲပစ်တယ်..။
အဲ့တော့ကား အအေးတစ်ခွက် ဖျော်ပေးကာ ထိုင်ခုံတွင်သာ ငြိမ်ငြိမ်ထိုင်ခိုင်းထားရတော့သည်။
ဒါတောင် "Hyung!ကျွန်တော် လုပ်တတ်ပါတယ်ဗျ..
ဘာလုပ်ပေးရအုံးမလဲ" လို့ အအေးခွက် ကို မော့ ရင်း ပြောနေသေးသည်။"မင်း ငြိမ်ငြိမ် ထိုင်နေတာက ငါ့ကို ပိုပြီး ကူညီရာ ရောက်တယ် Joonie!!! "လို့ အော်လေမှ စကားမဟ လာတော့ဘဲ ငြိမ်သွားလေသည်။
~~~~~~~~~~~
Jungkookတစ်ယောက် Papagiက သူပိုင်ပစ္စည်းတွေအကုန် သိမ်းသွားတာမလို့ လုပ်စရာမရှိ ယောင်လည်လည် ဖြစ်ကာ ဧည့်ခန်းထဲ ဆင်းလာလိုက်သည်။
လှေကားမှ ဆင်းလာတော့ Appaနဲ့ ကိုကိုက ဧည့်ခန်းထဲက ခုံတွေရွေ့ကာ သန့်ရှင်းရေးလုပ်နေကြတာမလို့ Kookieလည်း ကူညီရန်အလိုငှါ အနားနားမှာတွေ့တဲ့ ဂေါ်ပြားလေးကို ဆွဲကာ Appaတို့ဆီ သွားလေသည်။
"Appa!!Kookie ဘာလုပ်ပေးရမလဲ..!"
မျက်နှာလေးကို အတတ်နိုင်ဆုံး ချစ်ဖို့ကောင်းအောင်လုပ်ကာ ပြောလိုက်လေသည်။
"ရတယ်..Appaတို့အကုန် လုပ်ပြီး..ပြီး..ပြီး..ဟင်!!"
Hoseok သားဖြစ်သူ ကို ပြန်ဖြေရင်း နောက်ကို လှည့်ကြည့်မိလိုက်တော့မှ အစောကမှ လှည်းကျင်းထား၍ ပြောင်လက်နေသော ကြမ်းပြင်သည်
အခုတော့ ဖုန်တွေ အကြောင်းလိုက် တင်နေကာ တရားခံရှာတော့ ဖုန်တွေ ကျုံးထားသော ဂေါ်ပြားကို ပြီးမှ အမှိုက်လွှင့်ရန် ခဏထောင်ထားခဲ့သည်။
YOU ARE READING
Dads & Their Little Baby Kook
FanfictionMomjin!!!!! Kookieရဲ့ Banana milkကို PaPataeနဲ့ ကိုကိုက လုသောက်နေပါ တယ်....လို့.... Appa!!!kookieကို မြင်းကြီးလို လုပ်ပြပါဦးဆို..Appa!!!..... Papagi!!!! kookie ဘာ့မှ လုပ်ဝူးနော်....Paအလုပ်ခန်းထဲဝင်တာ....kookieဟုတ်ပါဘူးဆို....အဟင့်.. Daddy!Daddy...