Love Shot-6

1.5K 164 14
                                    

"မင်းကိုယ့်​ကိုပြန်​မချစ်​ချင်​ဘူးလား ဒို​ဂျောင်​ဆူး.."

ကျွန်​​​တော်​ကြည့်​​နေတဲ့ ည​နေဆည်းဆာအလှက
သူအသံ​ကြောင့်​ ပျက်​ဆီးသွားသည်​။

စိတ်​တိုစွာဖြင့်​ သူဘက်​ကိုလှည့်​ကြည့်​မိ​တော့
စူးရှတဲ့အညို​ရောင်​မျက်​ဝန်းတစ်​စုံနဲ့
ဆုံမိသွားသည်​။

ရင်​ဘတ်​ထဲကအနည်းငယ်​လှုပ်​ရှားသွား​သော
ရင်​ခုန်​သံကိုလျစ်​လျူ ကာထလိုက်​သည်​။

"မင်းငါကိုဒီကို​ခေါ်လာတာအဲဒါ​ပြောဖို့လား ကင်ဂျုံအင်း..."

"ဟုတ်​တယ်​"

ကျွန်​​တော်​သူ​ရှေ့တိုးကာစိတ်​ပျက်​စွာတစ်​ချက်​ကြည့်​မိသည်​။

သူ​ကြောင့််​ကျွန်​​တော်​ရဲ့အချိန်​​တွေကုန်​သွားပြီ။
မင်းကတော်​​တော်​စိတ်​ပျက်​ဖို့​ကောင်းတာပဲ
ကင်​ဂျုံအင်း..

"ငါပြန်​​တော့မယ်​ "

သူကို​ပြောပြီး တံတား​ပေါ်ကဆင်း​နေတုန်း
ကျောက်​တုန်းကိုတက်​ပြီး ​ခြေ​ချော်​သွားသည်​။

အ..

"ဘာဖြစ်​သွား​သေးလဲ...ကျစ်​.."

ကျွန်​​တော်​​ခြေ​ထောက်​ကိုမပြီး ကြည့်​​နေတဲ့
ကင်​ဂျုံအင်း​ကြောင့်​စိတ်​တိုစွာရုန်းလိုက်​​တော့ 
ခြေ​ထောက်​ကပိုနာသွားသည်​။

"ဘာလို့ရုန်းတာလဲ...ပိုနာမယ်​​လေ "

ဆူ​နေသလိုေ​ပြာပြီး ​ခြေ​ထောက်​ကိုဖွဖွ​လေး
နိုပ်​​ပေး​နေသည့်​ ကင်​ဂျုံအင်းက
သူများ​တွေဆိုရင်​ခုန်​မိလိမ့်​မယ်​။

ဒါ​ပေမဲ့ ကျွန်​​တော့်​အတွက်​က​တော့
သူဒီလိုလုပ်​တာက စိတ်​ရှုပ်​ဖို့​ကောင်းတယ်
ပြီး​တော့ သူနဲ့မရင်းနှီးချင်​ဘူး..

"ဖယ်​​ပေး​တော့ "

နှိပ်​​ပေး​နေတဲ့သူလက်​ကရုန်း​တော့ သူကလွှတ်​မ​ပေး~~~

ကျစ်​....အဲဒါ​တွေ​ကြောင့်​မင်းကိုစိတ်​ပျက်​တာကင်​ဂျုံအင်း!!

"ဖယ်​လို့​ပြော​နေတယ်​​နော်​ "

ခပ်​ကြမ်းကြမ်းရုန်းလိုက်​​တော့ခြေ​ထောက်​ကအရှိန်​မထိန်းနိုင်​ပဲသူ့ကိုယ်​​ပေါ်ပြုတ်​ကျသွားသည်​။

Love Shot(Kaisoo Yaoi)Where stories live. Discover now