(ZawGyi Ver)
*ကင်ဂျုံအင်းနဲ့ဒိုဂျောင်ဆူးရဲ့
Sweet Valentine Day*ဒီနေ့နဲ့ဆိုကင်ဂျုံအင်းနဲ့မတွေ့တာ၁၅ရက်ရှိပြီ။ ။
Parisမှာအလုပ်ကိစ္စပေါ်လို့ ရုတ်တရက်
ထသွားတာစိတ်မဆိုးပင်မဲ့... Phoneရော
Messageရောဘာတစ်ခုမှမလာတာကတော့
စိတ်ဆိုးသည်။ ကျွန်တော်ကလဲသူစမဆက်ရင်
ဘယ်တော့မှစဆက်လိမ့်မည်မဟုတ်..။ ။မနက်ခင်းCoffeeဖျော်နေရင်းအကြည့်က
အိပ်ယာဆီရောက်တော့ပေါက်ပြဲနေသော
ခေါင်းအုံးနှစ်လုံး!! အဲဒါဟိုနေ့ကကင်ဂျုံအင်းနဲ့
ရန်ဖြစ်ရင်းဖြစ်သွားတာ!! ကျစ်~~~တစ်ချိန်လုံး
သူ့ကိုပဲခေါင်းထဲစွဲနေမိတယ်။ အမြဲတမ်းခပ်ရွဲ့ရွဲ့
ပြုံးတက်တဲ့သူ့နှုတ်ခမ်းတွေ ၊ ဘာမှမပြောပဲ
အချိန်ကြာစွာကြည့်တက်တဲ့သူရဲ့ရဲတင်းပြီးစူးရှ
တဲ့မျက်ဝန်းတွေကိုလွမ်းမိသည်။ကင်ဂျုံအင်း....စိတ်ပုပ်ကောင်!!
ငါကိုနောက်မှလာချော့ကြည့်!!
လုံးဝစိတ်ဆိုးမပြေဘူးမှတ်!!ဒေါသနဲ့ဘေးကခုံကိုလှမ်းကန်လိုက်သည်။
တိုက်ဆိုင်မူလားမသိ? အဲ့အချိန်မှာပဲTVက
ကင်ဂျုံအင်းကြိုက်တဲ့"Edsheeran"သီချင်း
တွေကိုလွှင့်နေသည်။ *We found love
right where we are* ဒီသီချင်းကို
ကင်ဂျုံအင်းကားပေါ်မှာဆိုပြခဲ့ဖူးသည်။ ။လာပြန်ပြီ...ခေါင်းထဲကိုကင်ဂျုံအင်းက
ခဏခဏဝင်လာတယ်!! သွားစမ်း!!
ငါခေါင်းထဲကထွက်သွားစမ်း!!
ဝက်ဝံညစ်ပတ်!! သွားစမ်း!!"Hey Sweetheart!!!
ခေါင်းကိုဘာလို့ထုနေတာလဲ!!"ကင်ဂျုံအင်းအသံမလား?
သူကဘယ်လိုလုပ်? ဝရံတာကို
ပြေးထွက်လိုက်တော့ ကားအနီလေး
ပေါ်မှာ ထိုင်ရင်းလက်ပြနေတဲ့သူ...ကုတ်အနီရောင်အရှည်ကြီးကိုဝတ်ထားပြီး
ဆံပင်ကိုလဲအနက်ပြန်ဆိုးထားသည်။ ။
မနက်ခင်းခပ်လင်းလင်းအောင်မှာသူ့အညိုရောင်
အသားရေကလိုက်ဖက်စွာဖြင့်ချောမောနေသည်။
ကျွန်တော်ကသာသူ့ကိုလွမ်းလို့ညမအိပ်ရပဲ
မျက်တွင်းတွေချောင်နေတာ~~~သူကဘာမှ
မဖြစ်တဲ့ပုံပဲ။ တက်တက်ကြွကြွနဲ့ ။
YOU ARE READING
Love Shot(Kaisoo Yaoi)
RomanceDo kyungsoo:မင်းကပစ်မှတ်တိုင်းကိုမှန်အောင်ပစ်နိုင်တယ်!ဒါပေမဲ့ငါနှလုံးသားကိုတော့ဘယ်တော့မှမှန်အောင်ပစ်နိုင်မှာမဟုတ်ဘူး....ကင်ဂျုံအင်း! Kim jongin:Hak....ကိုယ်ကလဲဘယ်တော့မှမမှန်နိုင်ဘူးဆိုတဲ့မင်းနှလုံးသားကိုပဲထိအောင်ပစ်မှ...