Love Shot-20

869 77 15
                                    

(ZawGyi Ver)

"ချစ်​တယ်​ကင်​ဂျုံအင်း"

"ကိုယ်​လဲအရမ်းချစ်​တယ်​ဒို​ဂျောင်​ဆူး"

ဝိုင်​ခွက်​ကိုချပြီးကျွန်​​တော့်​ခါးကိုဖက်​ကာလက်​ကို
နမ်းသည်​။ လက်​​သူကြွယ်​​ပေါ်​ရောက်​လာသည့်​...
တောက်​ပ​နေတဲ့စိန်​လက်​စွပ်​​လေး​ကြောင့်​အံသြစွာ
ကြည့်​မိ​တော့သူကနှုတ်​ခမ်းတစ်​ဖက်​​ကော့တက်
သည်​အထိပြုံးပြသည်​။ ။
ပြီး​တော့ဒူးတစ်​ဖက်​​ထောက်ပြီး

"ကိုယ့်​ကိုလက်​ထပ်​ပါဒို​ဂျောင်​ဆူး"

"ငါတို့ကငယ်​​သေးတယ်​​လေ"

"မငယ်​​တော့ပါဘူး...
၂၀​တောင်​​ကျော်​​နေပြီကို"

"ဘာပဲဖြစ်​ဖြစ်​ငါလက်​မထပ်​ချင်​​သေးဘူး
ကင်​ဂျုံအင်း..."

လက်​စွပ်​ကိုချွတ်​ပြီးစားပွဲ​ပေါ်တင်​လိုက်​သည်​။
ကင်​ဂျုံအင်းကျွန်​​တော့်​ကိုအပိုင်​တွက်​လွန်း​နေသည်​။ သူ့ချစ်​သူဖြစ်​တယ်​ဆိုတာနဲ့သူ့လက်​ထပ်​ခွင့်​​ကို
လက်​ခံရမယ်​ဆိုတာအဓိပ္ပါယ်​မရှိဘူးလေ။ ကျ​နော်
ကအရင်​ကတည်းကတစ်​​ယောက်​တည်း​နေရတာ
ကိုပဲပိုနှစ်​ခြိုက်​သည်​။ လက်​ထပ်​ဖို့ဆိုတာ​ကို
လုံးဝမစဉ်းစားဖူးဘူး...

ဝရံတာကိုထွက်​လာရင်းဟိုးဘက်​ကမြင်​​နေရသည့်​​တောင်​တန်း​တွေကိုကြည့်​လိုက်​သည်​။ ​မှောင်​​နေ
ပြီမလို့သိပ်​မမြင်​ရတာ​တောင်​လှပ​နေသည်​။
ကြည့်​​နေတုန်း အ​နောက်​က​နေခါးကိုဆွဲလှည့်​ကာ
မျက်​နှာကို​မော့​စေသည့်​ကင်​ဂျုံအင်း...

"ဘာလို့လက်​မထပ်​ချင်​တာလဲ"

"အ​ကြောင်းပြချက်​မရှိဘူး"

"ကျစ်​...ဒို​ဂျောင်​ဆူး!!"

ကျွန်​​တော်​စိတ်​မပါသလို​ဖြေလိုက်​တာကိုကင်​ဂျုံအင်းက​ဒေါသထွက်​ပြီး​အော်​တာ​ကြောင့်​​ကျော​ပေးလိုက်​သည်​။ အဲဒါပဲ...လက်​​တောင်​မထပ်​ရ​သေးဘူး...
သူကကျွန်​​တော့်​ကို​အော်​လား၊​ငေါက်​လားနဲ့!!
ဒို​ဂျောင်​ဆူးဆိုတဲ့သူကကိုယ်​အနိုင်​ပိုင်းလို့ရမဲ့သူကို
ပဲလက်​ထပ်​ချင်​တာ...ကင်​ဂျုံအင်းပုံစံနဲ့ဆို...
တစ်​ရက်​​တောင်​ခံမည်​မဟုတ်​။

Love Shot(Kaisoo Yaoi)Where stories live. Discover now