Love Shot-17

983 119 4
                                    

Flashback start>>>

*Years:2008*

နွေရာသီအဖွားဆီလာ​နေတဲ့အတွင်းအကျိုးရှိရန်
English Classတစ်ခုခုတက်​ရန်​​ပြောသဖြင့်
ကျွန်​​တော်​မျက်​နှာဆူပုတ်​လိုက်​သည်​။ ပိတ်​ရက်
တောင်​မနားရတဲ့ဘဝ!! ဒီမှာ​နေတုန်း​ဘိုးဘိုးက
Pianoသင်​​ပေးမယ်​လို့​ပြောထားတာလို့​ပျော်​​နေ
တာကို...အခု​တော့စာ​ပြန်​လုပ်​ရ​တော့မယ်​!!

"သား​လေးကလဲလိမ်​မာပါတယ်​​...သွားတက်
လိုက်​ပါ!အဲဒါမှသားEnglishစာ​တော်​​မှာ​ပေါ့"

"အမြဲတမ်းအေ​မ့သ​ဘော​အတိုင်း​နေလာတာပါ..
ကြိုက်​သလိုသာလုပ်​​တော့..."

"ဒါမှ​အ​မေရဲ့သား​လေး​...သွား...
အင်္ကျီလဲထား..ခဏ​နေရင်​အ​မေလာ​ခေါ်မယ်​"

"ဟုတ်​"

မျက်​နှာပျက်​​နေ​သောကျွန်​​တော့်​ဆီဖွားဖွားကလာပြီး
ကိတ်​နဲ့​ပေါင်​မုန့်​လာချ​ပေးသဖြင့်​ကျွန်​​တော်​​ခေါင်းခါ
လိုက်​သည်​။ ဘယ်​​​တော့များမှလွတ်​လွတ်​လပ်​လပ်​​နေရမှလဲ?တခြားမိဘ​တွေကသူ​တို့က​လေး​တွေကို
ဘောလုံးကစားဖို့ဝယ်​ပေး​နေတဲ့အချိန်​မှာကျွန်​​တော်
က​တော့Appa​ပေးသည့်​​ဈေးကြီးတဲ့ခဲတံကိုကိုင်​၍
စာ​ရေးဖို့​လေ့ကျင့်​​နေရသည်။ ။

အခုချိန်​ထိ​ကျောင်းခရီးကိုလဲလိုက်​ခွင့်​မ​ပေး!!
အိမ်​ပြင်​လဲတစ်​​ယောက်​တည်းထွက်​ခွင့်​မ​ပေးတဲ့
Appaနဲ့Ommaကချစ်​လွန်းတာလား?စိတ်​ပျက်​ပျက်​နဲ့အ​ပေါ်ထပ်​တက်​ပြီး​တွေ့တဲ့အင်္ကျီကိုယူဝတ်​ကာ​ဆင်းလာ​လိုက်​သည်။ ။

"က​လေးဖြစ်​ပြီးအမြဲအနက်​​တွေပဲဝတ်​​နေတယ်​!!
မဖြစ်​ပါဘူး..Arjuma​ရေ..သားဗီရိုထဲကအနက်
မှန်​သမျှကိုထုတ်​ထား​လိုက်​​တော့..."

"Omma!!သားအင်္ကျီကို​တော့ကိုယ်​ကြိုက်​တာ
ဝတ်​ပါရ​စေ...အဲ့​လောက်​ထိလာမ​ပြောနဲ့!!"

စိတ်ထဲရှိသမျှ​​အော်​ပြီးကား​ပေါ်တက်​လိုက်​သည်​။ ။
ကျွန်​​တော်​မမြိုသိပ်​ထားနိုင်​​တော့ဘူး​..​ပေါက်​ကွဲချင်
လာပြီ!! ပါး​ပေါ်ကို​စီးကျလာသည့်​မျက်​ရည်​​တွေကို
လက်​နဲ့ခပ်​ကြမ်းကြမ်းသုတ်​ချရင်းမျက်​လုံးမှိတ်​ထား
လိုက်​သည်​။ အိပ်​မက်​ထဲမှာ​တော့လွတ်​လွတ်​လပ်​လပ်​​လေး​နေပါရ​စေ...

Love Shot(Kaisoo Yaoi)Where stories live. Discover now