Love Shot-7

1.4K 156 11
                                    

ပြန်​ထူးသံမကြားတာ​ကြောင့်​ ကျွန်​​တော်​အရဲစွန့်​ပြီး
ချောက်​ထဲကိုဆင်းလိုက်​​တော့
ခြေ​ထောက်​မှာ​သွေးသံရဲရဲထွက်​​နေသည့်
ကင်​ဂျုံအင်း..

"ကင်​ဂျုံအင်း!!!အဆင်​​ပြေရဲ့လား!!"

ကျွန်​​တော်​​မေးလိုက်​ပင်​မဲ့ သူကပြန်​မ​ပြောပဲ
ဟိုဘက်​လှည့်​သွားသည်​။

Omg...​လက်​မှာလဲ​သွေး​တွေနဲ့ကို!မဖြစ်​ပါဘူး~~

အ​နွေးထည်​ကိုချွတ်​ပြီး သူ့ကိုစည်း​ပေးဖို့လုပ်​​တော့
ရုန်း​နေသဖြင့်​ ကျွန်​​တော်​သက်​ပြင်းချရင်း
သူ​ဘေးမှာသွားထိုင်​လိုက်​သည်​။

"ကင်​ဂျုံအင်း!!မင်းဘာဖြစ်​​နေတာလဲ!"

"​တော်​စမ်းပါ!အခုမှအပို​တွေလာမလုပ်​နဲ့!​သေပါ​စေပစ်​ထားလိုက်​!"

"ကင်​ဂျုံအင်း!!!"

"စိတ်​ပူချင်​​​ယောင်​​ဆောင်​​မ​နေနဲ့ ဒို​ဂျောင်​ဆူး!!မင်းဘာသာတစ်​​​ယောက်​တည်း​ရှေ့က​နေစွတ်​သွား​နေတာ ​နောက်​မှာကိုယ်​ချောက်​ထဲပြုတ်​ကျတာကို​တောင်​မသိပဲနဲ့!ကိုယ်​ဒီမှာမင်းလာဖို့ဘယ်​​လောက်​ထိ​စောင့်​​နေရလဲသိရဲ့လားဟမ်​!!"

အ​ကြော​တွေ​ထောင်​တင်​တဲ့အထိ ​ဒေါသထွက်​ကာ
ပြော​နေသည့်​ ကင်​ဂျုံအင်း​ကြောင့်
ကျွန်​​တော်​လဲဘာမှပြန်​မ​ပြော​တော့ပဲ
သူ့​ဘေးမှာငြိမ်​ငြိမ်​​လေးထိုင်​​နေလိုက်​သည်​။

ဒီကိစ္စမှာကျွန်​​တော့်​အမှားက သူကိုမ​စောင့်​ပဲ
ရှေ့က​နေတစ်​​ယောက်​တည်းသွားမိတာပဲ​လေ~~

တောင်းပန်​စရာ​တော့မလိုဘူးမလား?

သူကိုတစ်​ချက်​ကြည့်​လိုက်​​တော့
လက်​မှာ​ရော​ခြေ​ထောက်​မှာ​ရော ​သွေး​တွေကထွက်​​နေဆဲ..

"ကင်​ဂျုံအင်း.."

"​ပြော"

"မင်း​သွေး​တွေအရမ်းထွက်​​နေတယ်​"

"အဲ့ဒီ​တော့"

"ကျစ်​....​သွေးထွက်​လွန်​ပြီး​သေသွားလိမ့်​မယ်​"

Love Shot(Kaisoo Yaoi)Where stories live. Discover now