Part-1

365 10 0
                                    

တစ်ခုသောညနေခင်း ကားဂိတ်တွင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် တိုက်မိကြသည်
"ဒုန်း"
"အား!!နာလိုက်တာ ရှင်လူတစ်ယောက်လုံးကို မမြင်ဘူးလား ဘယ်လိုလူလည်းမသိဘူး''
"ကျွန်တော် တောင်းပန်ပါတယ်ဗျာ''
''အခုခေတ်လူတွေများနော် ပြောကိုမပြောချင်ဘူး စိတ်ပျက်တယ်''လို့ပြောပြီး ကားပေါ်ကို တက်သွားသော အဲဒီစွာကျယ်မလေးကို သက်လူတစ်ယောက် စွန့်အစွာနဲ့ လိုက်ကြည့်လိုက်သေးသည်
နောက်နေ့သက်လူတစ်ယောက် ပျင်းပျင်းနဲ့ FBပေါ်လျှောက်ကြည့်နေတုန်း ရင်းနှီးတဲ့မျက်နှာတစ်ခု တွေ့လိုက်ရသည်
''ငါဒီကောင်မလေးမြင်ဖူးပါတယ် မှန်းစမ်း သြော် ငါဟိုနေ့က ကားဂိတ်မှာတိုက်မိတဲ့ ဟိုစွာကျယ်မလေးပဲ''ဆိုပြီးaddလိုက်ရာ ကောင်မလေးကလက်ခံလိုက်သောအခါ
''HIမမ''
''ကျွန်မက မမ မဟုတ်ပါဘူး''
''မောင်လေးကိုမမှတ်မိဘူးထင်တယ်''
''ဘယ်ကမောင်လေးလည်းမသိဘူး''
ဟိုနေ့ကမမနဲ့ဝင်တိုက်မိတဲ့မောင်လေးပါ''
''သြော်ရှင်လား''
''ဟုတ်ပါတယ်မမ''
''ရှင်ကကျွန်မနဲ့သက်တူရွယ်တူလောက်ပါပဲ ရှင့်အသက်ဘယ်နနှစ်လဲ''
"22"
''me tooဒါနဲ့များ မမတဲ့ လူကို အဘွားကြီးများမှတ်နေလား နာမည်ခေါ်လည်းရပါတယ်"
"မမလို့ခေါ်မိတဲ့အတွက် sorryပါဗျာ မင်းကိုနာမည်နဲ့ခေါ်ရအောင် ကျွန်တော်က မင်းနာမည်မှမသိတာ''
''မိတ်ဆက်ဖို့မေ့နေတာပဲ ကျွန်မနာမည် သက်တံ့ခြယ်ပါ ဒါနဲ့ ရှင့်နာမည်ကရော''
''ကျွန်တော့်နာမည်က သက်လူပိုင်ပါ''
''သက်လူပိုင်တဲ့လား နာမည်ကထူးဆန်းတယ်နော်''
''အင်းဗျ အခုဆိုမသက်တံ့နဲ့ကျွန်တော် သူငယ်ချင်းတွေဖြစ်သွားပြီဆိုတော့ ကျွန်တော် မိတ်ဖြစ်ဆွေဖြစ် မုန့်လိုက်ကျွေးလို့ရလားဗျ''
''ဒါတော့''
''မရဘူးလားဗျ''
''မဟုတ်ပါဘူး ရပါတယ် ဒါနဲ့ သူငယ်ချင်း တစ်ယောက်ကို ခေါ်လို့ရလား''
''ရပါတယ်ဗျ ဒါဆိုတွေ့ရမယ့် နေရာနဲ့အချိန်ကို ကျွန်တော် မက်ဆေ့ဂ်ျ လှမ်းပို့လိုက်မယ်''
''OKလေ ဒါဆိုရင် see you tomorrowပါ ကိုသက်လူ''
''ဟုတ်ကဲ့ပါ''
ခဏအကြာ သက်တံ့ခြယ်ဖုန်းထဲကို မက်ဆေ့ဂ်ျတစ်စောင်ရောက်လာသည်
''တင်း တောင်''
''ဟာ မြန်လိုက်တာ''လို့ပြောပြီး သက်တံ့တစ်ယောက် သူ့ဖုန်းထဲက မက်ဆေ့ဂ်ျကို ကြည့်လိုက်တယ် မက်ဆေ့ဂ်ျထဲတွင်
''မနက်ဖြန် ညနေ၄နာရီ for youဆိုတဲ့cafe မှာဆုံကြရအောင်''
''မနက်ဖြန်သွားဖို့ ကောင်းကင်ကို လှမ်းခေါ်ရမယ်''
''ဟယ်လို ကောင်းကင်လား''
''အင်း ဘာလဲ''
''ငါနင့်ကိုပြောထားတဲ့ ငါ့ကို ဟိုနေ့ကဝင်တိုက်တဲ့ တစ်ယောက်လေ''
''အေး ဘာဖြစ်လဲ''
''အဲဒါသူနဲ့ငါ သူငယ်ချင်းတွေဖြစ်သွားလို့ သူကငါ့ကို မုန့်လိုက်ကျွေးမယ်တဲ့''
''အဲဒါ စားရကံကြုံလို့စားရတာ သူငယ်ချင်းလိုက်သာသွား''
''ဟဲ့နင်ကလည်း ငါ့အကြောင်းမသိတာကျနေတာပဲ ငါကအခုချိန်ထိ နင်မပါပဲ ဘယ်မှသွားဖူးတာမဟုတ်ဘူး အဲဒါလေ''
''ငါက နင့်နောက်လိုက်ပေးရမယ်ပေါ့''
''သဘောပေါက်သားပဲ ငါ့သူငယ်ချင်းက''
''အေးပါငါ့ကို ဆိုင်နာမည်နဲ့ ဘယ်အချိန် နင့်ကိုလာခေါ်ရမလဲဆိုတာပြော''
''အေးပါဟ ဆိုင်နာမည်ကfor youဆိုတဲ့cafe ငါ့နဲ့၎နာရီချိန်းထားတာဆိုတော့ ငါ့ဆီနင် ၃နာရီလောက်လာခဲ့''
''အေးပါဟာ ဒါနဲ့ ဟိုကောင်ကော သိလား ငါပါလိုက်မယ်ဆိုတာ''
''အေး ငါမေးတာ ရပါတယ်တဲ့''
''ရရင်လည်း ပြီးရော ဒါနဲ့ အရေးကြီးတာမေးဖို့မေ့နေတယ်''
''ဘာလဲ မေးလေ''
''အဲဒီ့နင်နဲ့ တွေ့ဖို့ချိန်းထားတဲ့ အကောင်နာမည်''
''သြော် ဒါလား သူ့နာမည်က သက်လူပိုင်တဲ့''
''ဘာ!!!သက်...လူ...ပိုင်''လို့ပြောပြီး ငယ်ထိပ်ကို နွေခေါင်ခေါင် မိုးကြိုးပစ်လိုက်သလိုမျိုး ကောင်းကင်တစ်ယောက် မူးဝေသွားပြီး လွန်ခဲ့သော ၄နှစ်ကအဖြစ်အပျက်ကိုပြန်တွေးရင်း ကောင်းကင်တစ်ယောက် မျက်လုံးထဲတွင် မျက်ရည်များနဲ့ပြည့်ဝလာခဲ့သည်

Only HimWhere stories live. Discover now