ကျောင်းရောက်တော့ ကောင်းကင်တစ်ယောက် သက်လူရှိရာသို့ အခန်းထဲ မဝင်ခင် လှမ်းကြည့်မိရာ ထိုခုံလေးရဲ့ ပိုင်ရှင်ကတော့ ကျောင်းကို မရောက်သေးချေ
''သက်လူ ရောက်လည်းမရောက်သေးဘူး ဒီအတိုင်းဆို ကျောင်းနောက်ကျတော့မှာပဲ မဖြစ်ဘူး ငါဖုန်းလှမ်းဆက်မှ''ဆိုပြီး ကောင်းကင် ဖုန်းကိုထုတ်ပြီး ဖုန်းထဲမှာ သူသဘောအကျဆုံး ဖုန်းနံပါတ်ကို လှမ်းဆက်လိုက်သည်
''hello သက်လူရေ အခုဘယ်အချိန်ရှိနေပြီလဲ သိလား''
''ဝါး ဟင် ဘာတွေ ပြောနေတာလဲ''
ထိုအသံကြားတာနဲ့ သက်လူအခုမှ အိပ်ရာက ထလာတာကို ကောင်းကင် သဘောပေါက်လိုက်သည်''ကိုသက်လူ ကျောင်းမတက်တော့ဘူးလားဗျ''
''ဘာကျောင်းတုန်း ဘယ်အချိန်ရှိသေးလို့လဲ''ဆိုပြီး သက်လူအိပ်ချင်မူးတူး အိပ်ရာဘေးက ကောင်းကင် လက်ဆောင်ပေးထားသော နာရီလေးကို ကြည့်လိုက်ရာ''oh what the!!!သေပြီ နောက်ကျနေပြီ ဒါပဲနော် ကောင်းကင် ကျေးဇူးပဲ''
ကောင်းကင်တစ်ယောက် ဘာမှတောင်မပြောလိုက်ရသေး သူ့ဘာသာသူ ပြောချင်ရာပြောပြီး သက်လူတစ်ယောက် ဖုန်းချသွားလေသည်
''ဒီကောင်ကတော့ ငါသာဖုန်းမဆက်ရင် ဘယ်လိုတောင် ဖြစ်နေမလဲ မသိဘူး''ဆိုပြီး ကောင်းကင်တစ်ယောက် အလျင်လိုနေမည့် သက်လူရဲ့ပုံကို စဉ်းစားပြီး တစ်ယောက်တည်း ကျိတ်ဝမ်းသာနေသည်
''ဟေ့ကောင် ကောင်းကင် ဘာတွေ အူမြူးနေတာလဲ ခဏလာဦး ပြောစရာရှိလို့''ဆိုပြီး သုတက လှမ်းပြောမှ ကောင်းကင် သတိပြန်ဝင်လာသည်
သုတဆိုသည်မှာ ကောင်းကင်နဲ့ ငယ်ငယ်လေးတည်းက ပေါင်းလာခဲ့သည့် သူငယ်ချင်းဖြစ်သည်
''သြော် အေး ဘာပြောမို့လဲ သုတ ပြောလေ''
''ဘာမှတော့မဟုတ်ပါဘူး အခုစာမေးပွဲ ဖြေရတော့မယ်လေ အဲဒါ စာမေးပွဲပြီးရင် ငါတို့ သူငယ်ချင်းတွေအုပ်စု ချောင်းသာသွားမလားလို့ တိုင်ပင်နေတာ အဲဒါမင်းလိုက်မလားလို့''''ချောင်းသာလား ငါတစ်ခါမှ မရောက်ဖူးဘူး''
''အဲဒါကြောင့်မို့ ခေါ်နေတာလေကွာ''
''ငါ့ကောင်က အဲဒီလို သိတတ်တာ ငါနဲ့ သက်လူကိုပါ ထည့်လိုက်''
YOU ARE READING
Only Him
Romanceမင်းငါ့ကိုဘယ်လောက်ဘဲမုန်းမုန်းမင်းငါ့ကိုချစ်လာအောင်ငါလုပ်မှာ သက်လူပိုင် ငါမင်းကိုချစ်လို့မဖြစ်ဘူးကွာ..ငါမင်းကိုမနာကျင်စေဘူး ကောင်းကင်ပြာ