Part-5

77 8 3
                                    

နောက်နေ့မနက် ကောင်းကင် အိပ်ရာနိုးတော့ သူသည် သက်လူရဲ့ ဖက်လုံးဖြစ်နေသည်ကို သိလိုက်ရသည်
ကောင်းကင်ရဲ့ အပေါ်ပိုင်းကို သက်လူရဲ့ လက်တွေက နွယ်ကြိုးတွေလို ရစ်ပတ်ထားပြီး
ကောင်းကင်ရဲ့ အောက်ပိုင်းကိုလည်း သက်လူရဲ့ ခြေထောက်တွေက မလွှတ်တမ်း တွယ်ကပ်ထားတယ်

ခဏတာ အထိအတွေ့က ကောင်းကင်ကို ယစ်မူးသွားစေတယ် ဒါပေမဲ့
''မင်းငါ့ကို ဒီလိုမျိုး မင်းဘေးမှာပဲ နေချင်အောင် မင်းမရှိရင် မနေတတ်အောင် မလုပ်ပါနဲ့ကွာ မင်းမရှိရင် ငါရူးသွားလိမ့်မယ် သက်လူရ ဒါပေမဲ့ မင်းကိုငါ မခွဲနိုင်ဘူး မင်းနဲ့ငါက မဖြစ်နိုင်ပေမဲ့ ငါမင်းကို သေမတတ်ချစ်တယ် ဆိုတာ သိစေချင်လိုက်တာကွာ''ဆိုပြီး ကောင်းကင် သက်လူရင်ခွင်ထဲက မထချင်ပဲ ထလိုက်ရသည်

သို့သော် အပြစ်ကင်းတဲ့ ကလေးလေး တစ်ယောက်လို အိပ်ပျော်နေသော သက်လူကို ကြည့်ပြီး
''မင်းက ဒီလိုမျိုး အပြစ်ကင်းပြီး ချစ်စရာ ကောင်းနေလို့ ဒီက မခွဲနိုင်ဖြစ်နေတာပေါ့ ဒီကလူကို မခွဲနိုင်မခွာနိုင် ဖြစ်အောင် လုပ်ထားလို့ ဒီကလေးလေးကို အပြစ်ပေးရမယ်''ဆိုပြီး သက်လူရဲ့ မီးခိုးရောင် ဆံနွယ်တွေကို နမ်းလိုက်ပြီးစတော်ဘယ်ရီဖူးလေးကို နီရဲပြီး ကိုက်ချင်စရာကောင်းနေသော သက်လူရဲ့ နှုတ်ခမ်းလေးကို အားရပါးရနမ်းချင်သော်လည်း နိုးသွားမည်စိုး၍ ဖွဖွလေးသာ နမ်းလိုက်ရသည်

''တောက် ဟာကွာ ဒီအချိန်မှာသာ သက်လူက ငါ့လူဖြစ်မယ်ဆိုရင် မပြီးဆုံးတဲ့ စွဲမက်ဖွယ် အနမ်းရှည်ကြီးပေးပြီး ငါသူ့ကိုနမ်းနေတုန်း သူကနိုးလာပြီး ငါနဲ့သူနဲ့ ဟိုဟာလုပ် အဲမဟုတ်ပါဘူး ငါဘာတွေတွေးနေတာပါလိမ့် စိတ်ကိုထိန်း ကောင်းကင်ရေ စိတ်ကိုထိန်း''ဆိုပြီး ကောင်းကင်တစ်ယောက် မဟုတ်တာတွေ တွေးနေရာမှ မျက်နှာကြီးတစ်ခုလုံးလည်း နီရဲလာပြီး ဆက်မတွေးဖို့ သူ့ကိုယ်သူ တားနေရသည်

ပြီးတော့ သူ သက်လူအတွက် breakfastပြင်ပေးနေတုန်း သက်လူနိုးလာသည်
''နိုးလာပြီလား အိပ်ပုတ်ကြီး''
''အင်း''ဆိုပြီး သူမေးသည်ကို မျက်လုံးလေးပွတ်ပြီးဖြေနေသော သက်လူပုံစံမှာ ကောင်းကင်အဖို့ အသည်းယားစရာကောင်းနေသည်
''နိုးရင်ထတော့ breakfast readyဖြစ်ပြီ''
''စားရတော့မယ် ပျော်စရာကြီး''ဆိုပြီး အစားအသံကြားတာနဲ့ ပျော်နေသော သက်လူသည် ကလေးတစ်ယောက် သကြားလုံးရလို့ ပျော်သွားသလိုဖြစ်နေသဖြင့် ကောင်းကင် သက်လူကို ကြည့်မဝဖြစ်နေသည်

Only HimWhere stories live. Discover now