Part(7)

80 7 1
                                    

အင်း ဆိုပြီး ပါးစပ်က ရုတ်တရက် ထွက်သွားသောစကားကြောင့် သက်လူ တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားသည်

ထိုစကားပြောလိုက်လို့ သက်လူ အားနာမိပြီး ကောင်းကင်ကို ကြည့်လိုက်တော့ ကောင်းကင်ရဲ့ ပါးလေးနှစ်ဖက်ရဲလာတာတွေ့လိုက်တဲ့ အခိုက်အတန့်လေးမှာ သက်လူရဲ့ ဘယ်ဘက်အခြမ်း ရင်ဘတ်ထဲက တစ်စုံတစ်ရာက အထိန်းအချုပ်မရှိ တားဆီးလို့မရအောင် ခုန်လာသည်

ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှု ကြီးစိုးနေတဲ့ အချိန်မှာ သက်လူက စတင်၍ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်

''ဟို ဟိုလေ ကောင်းကင်''

''ဟင် ဘာပြောမလို့လဲ''

''ဒီမှာ မင်းမုန့် ငါ မကုန်တော့ဘူး ဗိုက်ပြည့်သွားပြီ ဟီးဟီး''

''သြော် မကုန်တော့ဘူးလား မင်းမကုန်မှန်းသိရင် မေမေ့ကို အများကြီးမထည့်ခိုင်းပါဘူး''

''ဟာ မဟုတ်တာကွာ စားလို့က ကောင်းပါတယ်ကွာ ဒီတိုင်း ဒီနေ့ သိပ်နေလို့ မကောင်းလို့ပါကွာ''

''ဘာ နေမကောင်းဘူး ပြစမ်း''ဆိုပြီး ကောင်းကင် တစ်ယောက် သက်လူရဲ့ နဖူးကို သူ့ရဲ့လက်နဲ့ ကိုယ်ပူမပူ စမ်းလိုက်သည်

''ဟင်း ကိုယ်နည်းနည်း နွေးနေသလိုပဲ''

''ဟုတ်ပါပြီ ဒေါက်တာ ရမ်းကုရယ်''

''ငါ တကယ်ပြောတာကွ မင်းအိမ်ရောက်ရင် ဆေးသောက်လိုက်ဦး နေမကောင်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ စာမေးပွဲလည်းနီးနေပြီ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါကွာ သူများအတွက်လိုက်ပြီး စိတ်မပူနဲ့''

''အေးပါကွာ ငါအိမ်ပြန်ရောက်ရင် ဆေးသောက်လိုက်မယ်နော် စိတ်မပူနဲ့တော့''

''ဆေးကို သောက်ဖြစ်အောင် သောက်နော်''

''အေးပါကွာ''

သူတို့နှစ်ယောက် စကားပြောနေတုန်း သက်လူထံမှ ဖုန်းဝင်လာသည်

''ကောင်းကင် ခဏနော်''ဆိုပြီး သက်လူ သူ့ခုံနားက ပြတင်းပေါက်နား ထွက်သွားသည်
ပြတင်းပေါက်နဲ့ ခုံနဲ့က အဝေးကြီးမဟုတ်တော့ သက်လူ ဖုန်းပြောနေတာကို ကောင်းကင် ကြားရသည်

You've reached the end of published parts.

⏰ Last updated: Feb 26, 2019 ⏰

Add this story to your Library to get notified about new parts!

Only HimWhere stories live. Discover now