Part(3)

83 7 0
                                    

ဘာလိုလိုနဲ့ ကောင်းကင်နဲ့သက်လူ သူငယ်ချင်းဖြစ်တာ ၂လတောင်ရှိလေပြီ
တစ်ရက်မှာ ကောင်းကင် ကျောင်းရောက်တော့ သူ့ခုံပေါ်မှာ စာတစ်စောင် တင်ထားသည်ကိုတွေ့၍ ဖတ်ကြည့်လိုက်ရာ
''ငါမင်းကို သဘောကျနေတာ ကြာပြီ ငါ့ကိုမင်းရဲ့ လက်တွဲဖော်ဖြစ်ခွင့်ပေးပါ''ဆိုပြီး ရေးထားတဲ့စာကို တွေ့ပြီး ကောင်းကင်တစ်ယောက် အပျော်လွန်သွားသည် အဘယ်ကြောင့်ဆိုသော် ထိုစာသည် သက်လူဆီကစာ ဖြစ်နေသောကြောင့်ဖြစ်သည်

ခဏအကြာ သက်လူကျောင်းရောက်လာပြီး
''ကောင်းကင်''
''အင်း ဘာပြောမို့လဲ''
''ငါမင်းကိုအကူအညီတောင်းစရာရှိလို့''
''ပြောလေ ငါကူညီနိုင်သလောက် ကူညီပေးပါ့မယ်''
''ဟိုလေ မင်းခုံပေါ်ကစာကို နွေဦးကို ပေးပေးပါလား ငါမပေးရဲလို့''
''ဘာ အဲဒီစာက နွေဦးအတွက်''
''အင်းလေ ဘာဖြစ်လို့''
''ဘာမှမဖြစ်ပါဘူးကွာ ဒီစာပေးရုံပဲမလား''
''အင်း''
''ငါဒီလောက်တော့လုပ်ပေးနိုင်ပါတယ်''လို့ ပြောပြီး ကူညီပေးလိုက်သော်လည်း ကောင်းကင်တစ်ယောက် ရင်ထဲဘယ်လောက်ခံစားနေရမယ်ဆိုတာ သူမသိချေ

ကောင်းကင်ကူညီပေးလို့ သက်လူနဲ့ နွေဦး ချစ်သူတွေဖြစ်တာ ငါးလတောင်ရှိခဲ့ပြီ သူကူညီပေးခဲ့တာကို ကောင်းကင်တစ်ယောက် နောင်တရသော်လည်း သူသဘောကျတဲ့သူ ပျော်ရင်ကျေနပ်ပါပြီဆိုတဲ့စိတ်နဲ့ သက်လူနောက်လိုက်နေခဲ့ပြီး သူမမြင်ချင်ဆုံးသော သက်လူနဲ့နွေဦး ကြည်နူးနေချိန်များကို မြင်နေရသည်မှာလည်း ငါးလရှိလေပြီ

တစ်နေ့ နွေဦးတို့မိသားစု ခရီးသွားကြရာ ခရီးကအပြန် ကားမှောက်လို့ နွေဦးတစ်ယောက် လောကကြီးနဲ့ သက်လူရင်ခွင်ကို အပြီးအပိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့သည်

ထိုသတင်းကြားပြီး သက်လူခမျာ မစားနိုင် မသောက်နိုင်နဲ့ အရမ်းကိုကြေကွဲနေရရှာတယ် အဲဒါကို ကောင်းကင်တစ်ယောက် မကြည့်ရက်နိုင်တော့လို့ သူနဲ့သက်လူ နှစ်ယောက်တည်း ဘယ်သူမှမရှိတဲ့ ကမ်းခြေကို ခရီးထွက်မယ်လို သက်လူကိုပြောပြီး အတင်းမရမက သက်လူကို ဆွဲခေါ်လာခဲ့သည်

''wow ကမ်းခြေပဲ မရောက်တာတောင် ကြာပြီ''
''ကိုယ်တော်ချော ခင်များကတော့လေ ပြောတော့မလိုက်ဘူး မလိုက်ဘူးနဲ့ အခုကျတော့ ပျော်နေလိုက်တာ''
''အင်းပါ ငါ့သူငယ်ချင်းကြီးကိုလည်း ကျေးဇူးတင်ပါတယ် နောက်မှမင်းကျေးဇူးငါပြန်ဆပ်ပါမယ်ကွာ''
''ရပါတယ်ကွာ အခုတော့သွားလေ ရေသွားကူး မင်းကူးချင်နေတာ ငါသိပါတယ် သွား
''အင်း အခုတော့ သွားကူးပြီ''
''သက်လူ ဒီတိုင်းလေးပဲ ပျော်ပျော်နေပါကွာ''
''ဘာပြောလိုက်တာလဲ ကောင်းကင် ငါမကြားလိုက်လို့ ဟီးဟီး''
''ဘာမှမဟုတ်ပါဘူးကွာ သွားရေထဲဆင်းတော့''
''အင်း ငါသွားပြီ''ဆိုပြီး သက်လူတစ်ယောက် ရေထဲ ဆင်းသွားတာကိုကြည့်ပြီး
'' ကလေးလေးကျနေတာပဲ ရေထဲဆင်းသွားတာ ချစ်စရာလေး'' ဆိုပြီး တစ်ယောက်တည်း တွေးပြီးပျော်နေသည်
'''ကောင်းကင် မလာဘူးလား''
''အေး အေး ငါလာပြီ''ဆိုပြီး သူတို့နှစ်ယောက် ရေထဲမှာ ဆော့နေကြစဉ် သက်လူတစ်ယောက် ကောင်းကင်ကို စဖို့အကြံ ရလာသည်

''ကောင်းကင် ကယ်ပါအုံး ငါကြွက်တက်နေပြီ''ဆိုပြီး သက်လူတစ်ယောက် ရေနစ်ချင်ယောင်ဆောင်နေတာကို ကောင်းကင်ခမျာ တကယ်ထင်ပြီး
''သက်လူ ခဏလေး ငါလာပြီ''ဆိုပြီး ကောင်းကင် သက်လူကို ချီလာပြီး ကမ်းရောက်တော့
''သက်လူ သတိထားအုံး''လို့ပြောသော်လည်း မနိုးသေးသဖြင့် ပထမ ရင်ဘတ်ကိုလက်နဲ့ဖိပြီး နှလုံးခုန်အောင် လုပ်ပေးတာတောင် မနိုးသဖြင့် ကောင်းကင်သည် ကြံရာမရဖြစ်လာပြီး သက်လူရဲ့ နှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့ တေ့ပြီး လေမှုတ်ပေးလိုက်တော့မှ ကိုယ်တော်ချောက ထလာသည်
''ဟားဟား ငါက မင်းကိုစနေတာကို အကောင်းမှတ်ပြီး မင်းကငါ့ကို လေမှုတ်ပေးလိုက်သေး ရယ်ရတယ်ကွာ ဘယ်လိုနေလဲ ငါ့နှုတ်ခမ်းက ချိုရဲ့လား ဟားဟား''
''ခွေးကောင် ငါကအကောင်းနဲ့လုပ်ပေးတာကို သွားငါ့လာမခေါ်နဲ့''ဆိုပြီး ကောင်းကင်တစ်ယောက် နှုတ်ခမ်းကြီးစူပြီး သက်လူကို ကျောပေးလိုက်သည်
''တောင်းပန်ပါတယ်ကွာ ဒီက ချစ်လို့စတာကို''
ထိုစကားကို ကြားပြီး ကောင်းကင်မျက်နှာပြုံးလာသည်ကို သက်လူမမြင်လိုက်
''ဟုတ်ပါပြီဗျာ ဒီက ကိုကောင်းကင်ကြီးကို ကျွန်တော်မောင်သက်လူက ချော့တဲ့အနေနဲ့ ထမင်းဟင်း ချက်ကျွေးပါမယ်တဲ့ဗျာ ကဲ ကျေနပ်ပြီလား''
''အင်း တကယ်နော်''ဆိုပြီး ပြုံး၍ သူ့ကိုပြောနေသော ကောင်းကင်ဆိုသော ကောင်လေးကို ကြည့်ပြီး သက်လူ ရယ်ဖြစ်လိုက်သေးသည်

Only HimWhere stories live. Discover now