Part(4)

88 6 0
                                    

ရေနစ်တဲ့ ကိစ္စပြီးတော့ သူတို့နှစ်ယောက် အိမ်ကိုပြန်လာပြီး သက်လူလည်း သူပေးထားတဲ့ကတိ တည်အောင်လုပ်ရသေးသည်

''ကဲ အခုဆိုရင် စားဖိုမှူး သက်လူ မီးဖိုချောင်ထဲ ဝင်နေပြီဖြစ်၍ စားသုံးသူတွေ အနှောင့်အယှက် မပေးကြဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်ခင်ဗျာ''
''သက်လူ ပေါက်ကရတွေ လုပ်မနေနဲ့ ဘာဟင်းချက်မှာလဲဆိုတာ ပြောအုံး''
''ဟဲဟဲ ဒါတော့ စဉ်းစားရသေးဘူး''ဆိုပြီး ပြောင်ချော်ချော် လုပ်နေသော သက်လူကို ကြည့်ပြီး ကောင်းကင်သည် ဗိုက်ကလည်းဆာ ဘာဟင်းချက်မှန်းမှန်းလည်းမသိသော စားဖိုမှူးကို သူ့ကိုယ်သူတောင်မသိပဲ အော်မိလိုက်သည်
''ဘာကွ!!!!!!''
''မင်းကလည်း လန့်လိုက်တာ အေးပါကွာ ချက်ပြီနော် တွေ့လား ချက်နေပြီ''ဆိုပြီး အော်လိုက်သောသူ့ကို ကြည့်ပြီး ကမှန်းကတမ်း ထချက်နေသော စားဖိုမှူးကို ကြည့်ပြီး ပြုံးမိသေးသည် နောက်တော့
''ငါမင်းကို မနှောင့်ယှက်တော့ပါဘူး လိုရင်ခေါ်လိုက် အပြင်မှာရှိတယ်''
''ဟုတ်ကဲ့ပါ ကပ္ပတိန်''
''မနောက်နဲ့နော်''
''အေးပါကွာ လိုရင်ခေါ်လိုက်မယ်''

ခဏအကြာ ကောင်းကင် TVကြည့်တုန်း
''အား နာလိုက်တာ သွေးထွက်သွားပြီ''လို့ပြောနေသော သက်လူအသံ ကြား၍ ကောင်းကင်တစ်ယောက် စိတ်ပူသွားပြီး မီးဖိုချောင်ထဲသို့ အပြေးအလွှားသွားပြီး မေးလိုက်သည်
''သက်လူ ဘာဖြစ်တာလဲ''
''ဓားထိသွားတာ ဟီးဟီး''
''ဘာ!!!ဓားထိသွားတာ ပြစမ်း''ဆိုပြီး သက်လူလက်ကို အတင်းဆွဲယူလိုက်ပြီး ကြည့်လိုက်သည်
''ကိုကောင်းကင်ရယ် ဖြည်းဖြည်း လုပ်ပါဗျ ဓားထိတဲ့လူက ငါပါဟ''လို့ ပြောမှ လက်ကို လွှတ်ပေးလိုက်သည်
''အေးပါ ငါက စိတ်ပူလို့ပါ''
''စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ chef က kitchenထဲဝင်ပြီး ဆက်cookရအုံးမယ်''ဆိုပြီး ရုပ်တည်ကြီးနဲ့ ပြောနေသော သက်လူရဲ့ ခေါင်းကို ဖွဖွလေး လှမ်းဖွလိုက်သည်
''အေးပါ chefကြီးရယ် ဆက်cookတော်မူပါအုံး''လို့ပြောပြီး ကောင်းကင် အပြင်ထွက်သွားသော်လည်း သက်လူ ထပ်ဓားထိမည်စိုး၍ ခဏခဏ မီးဖိုချောင်ထဲ ခိုးခိုးကြည့်နေမိသည် သက်လူကိုကြည့်နေရသော ဒီအခိုက်အတန့်လေးမှာတောင် ကောင်းကင်တစ်ယောက် ရင်ခုန်နှုန်းမြန်နေသည်

ခဏအကြာ မီးဖိုချောင်ထဲက ရပြီဆိုသော ခေါ်သံကြား၍ မီးဖိုချောင်ထဲ ဝင်လိုက်တဲ့အခိုက်မှာ အလွန်ကိုမွှေးကြိုင်တဲ့ ဟင်းနံ့တွေနဲ့ ထိုင်ခုံပေါ်မှာ ကိုးရိုးကားယား ထိုင်နေပြီး သူ့ကို လှမ်းကြည့်နေသော သက်လူကြောင့် ကောင်းကင် ရင်ခုန်မိသေးသည် ပြီးတော့
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်စားကြပြီး ပန်းကန်တွေသိမ်းပြီး တော်တော်နဲ့ သူတို့နှစ်ယောက် မအိပ်ပဲ စကားတွေ တစ်ညလုံးပြောဖြစ်သည်

''ကောင်းကင်''
''အင်း ဘာလဲ''
''ငါ နွေဦးကို လွမ်းတယ်ကွာ''ဆိုပြီး အစမရှိ အဆုံးမရှိထပြောနေသော သက်လူကို ကောင်းကင်တစ်ယောက် ထူးဆန်းစွာ ကြည့်မိသော်လည်း သက်လူရင်ထဲမှာ ခံစားနေရသော မီးကို သူအနည်းငယ် ခံစားမိသောကြောင့် ဘာမှမပြောပဲ သက်လူဆက်ပြောမည့်စကားကို စောင့်နေလိုက်သည်

''ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလေကွာ ငါက မိဘတွေနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာတော့ တစ်ယောက်ထဲနေတဲ့အချိန်မှာ ငါ့ဘဝထဲကို မင်းနဲ့ နွေဦးဝင်လာတာလေ ငါ့ကိုဂရုစိုက်တြဲ့သူဆိုလို့ ပြေးကြည့်မှ ဒီနှစ်ယောက်တည်းရှိတာ အခုနွေဦး မရှိတော့ဘူးလေ အဲဒါကြောင့် ငါအရမ်းဝမ်းနည်းတာပဲ''ဆိုပြီး ကောင်းကင်ရဲ့ ရင်ခွင်ထဲကို ငိုပြီးဝင်လာသော သက်လူကို ကောင်းကင် တွန်းမထုတ်ပဲ ဖက်ထားလိုက်သည်

''ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ကွာ မင်းမှာငါတစ်ယောက်လုံးရှိသေးတယ် ဒီလိုလေးပဲ ငါ့ရင်ခွင်ထဲမှာ ခိုဝင် မှေးစက်နေပါကွာ ငါရှိရင် မင်းကိုဘယ်သူမှ မနှောင့်ယှက်နိုင်တော့ဘူး ငါ့ရင်ထဲမှာ အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်လိုပဲ နေပါကွာ ငါမင်းပါးပြင်ပေါ်က အပြုံးလေးတွေပဲမြင်ချင်တာ မျက်ရည်တွေ မြင်ချင်တာ မဟုတ်ဘူး ငါမင်းကို ထာဝရပျော်အောင် လုပ်ပေးပါ့မယ်ကွာ''လို့ ပြောသော်လည်း သက်လူတစ်ယောက်မကြားနိုင်တော့ ပင်ပန်းသောကြောင့် ကောင်းကင်ရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်သွားခဲ့ပြီ

''ဟိ အိပ်ပျော်နေတာလေးက ဘယ်လိုချစ်ဖို့ကောင်းမှန်းမသိဘူး''ဆိုပြီး ကောင်းကင်တစ်ယောက် အိပ်ပျော်နေသော သက်လူကို ဖွဖွလေး နမ်းလိုက်သည် ခဏအကြာ သူလည်း ပင်ပန်းသောကြောင့် သက်လူဘေးမှာ ခွေခွေလေး အိပ်ပျော်သွားသည်

Only HimWhere stories live. Discover now