Part-2

144 9 2
                                    

လွန်ခဲ့သော၎နှစ်ခန့်
အခန်းထဲသို့ ကျောင်းသားသစ်ယောက်လညသည်ဟု ကောင်းကင်ကြားသော်လည်း သိပ်ပြီးဂရုမစိုက်ခဲ့ချေ
''တင်းတောင်''ဆိုပြီး ကျောင်းခေါင်းလောင်းထိုးသွားသော် ခါတိုင်းလိုပင် ဆရာမ ဝင်လာသည်
''မင်္ဂလာပါ ဆရာမ''
''မင်္ဂလာပါကွယ် ဒီနေ့ ဆရာမတို့ အခန်းထဲကို ကျောင်းသားသစ်ရောက်လာတယ် လာ သား ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပါဦး''
''ဟုတ်ကဲ့ပါ ဆရာမ အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ် ငါ့နာမည်က သက်လူပိုင်ပါ''
''သက်လူပိုင်တဲ့လား နာမည်က ထူးဆန်းလိုက်တာ''လို့ပြောပြီး ကောင်းကင်တစ်ယောက် မော့ကြည့်လိုက်ရာ နက်မှောင်နက်ရှိုင်းသော မျက်ဝန်းတစ်စုံ ရှည်လျား၍ ယောင်္ကျား ပီသ သော အရပ်နဲ့ ခန္ဓာကိုယ် အားလုံးကိုမှင်သက်သွားစေမဲ့ အပြုံးတစ်ချက်ပိုင်ရှင်ကို တွေ့လိုက်သောအခါ ကောင်းကင်တစ်ယောက် နေမထိထိုင်မသာ ဖြစ်သွားခဲ့သည်
ထို့နောက် ဆရာမက
''သား သက်လူပိုင် ဟိုနားမှာ လူမရှိဘူး သား သွားထိုင်လို့ရတယ်''
''ဟုတ် ကျေးဇူးပါဆရာမ''လို့ပြောပြီး သက်လူ တ်ယောက် ကောင်းကင်ဘေးနားက လွတ်နေသောခုံတွင် ဝင်ထိုင်လိုက်တယ်
''တွေ့ရတာ ဝမ်းသာပါတယ် ငါ့နာမည် သက်လူပိုင်ပါ မင်းနာမည်ကရော''
''သိပြီးဘာလုပ်မလို့လဲ''
''သူငယ်ချင်းလုပ်မလို့ပေါ့''
''ငါကတော့ မင်းနဲ့သူငယ်ချင်း မဖြစ်ချင်ပါဘူး''လို့ ပြောလိုက်သောအခါ ဖြစ်သွားသော သက်လူမျက်နှာကို ကြည့်ပြီး ကောင်းကင်တစ်ယောက် စိတ်မကောင်းဖြစ်သွားသည်
''ငါက ဒီအတိုင်း နာမည်လေးပဲ မေးတာပါ''
''မမေးနဲ့ကွာ ငါမကြိုက်ဘူး''
''အေးပါကွာ မင်းမကြိုက်ရင်လည်း မမေးတော့ပါဘူးကွာ''
''အေးနဂိုထဲက ဒီလိုအလိုက်သိမှပေါ့''ဟူသော စကားကို ကောင်းကင်တစ်ယောက် စိတ်ထဲမပါပဲပြောလိုက်သည်
''ဟဲ့ သက်လူ သူ့အစား ငါကပဲ တောင်းပန်ပါတယ်ဟယ် သူ့နာမည်က ကောင်းကင်ပြာတဲ့ အဲဒီ့အကောင်က ထော်လော်ကန့်လန့်နဲ့ မပြောချင်ပါဘူး''
''သြော် ကောင်းကင်ပြာတဲ့လား နာမည်ကမိုက်တယ် ပြောပြပေးတဲ့အတွက် ကျေးဇူးပါ ဒါနဲ့ မင်းနာမည်က''
''နွေဦးပါ''
''နွေဦးတဲ့လား နာမည်လေးက လှတယ် လူနဲ့နာမည်နဲ့လည်း လိုက်တယ်''
''အို ရှင်လည်း ခန့်ချောကြီးပါ''
''ကိုယ်ချောတာကို သိပါတယ်ဗျ''
''အို''
''ကျွန်တော်က ခင်လို့စတာပါဗျ''
''သွား လူဆိုး ဒီက အကောင်းမှတ်နေတာ''
သက်လူနဲ့ နွေဦး ကြည်နူးနေသည်ကို ကောင်းကင်ကြည့်ဖို့ အင်အားမရှိချေ
ဒါကြောင့် ကောင်းကင် တစ်ယောက် အခန်းထဲက ထွက်သွားဖို့အတွက် ထသွားတုန်း အခန်းအပေါက်ဝအရောက် သက်လူကို တစ်ချက် ကြည့်လိုက်ပြီး
''ရယ်နေတာလေးက ဘယ်လိုတောင် ချစ်စရာကောင်းမှန်းမသိဘူး''လို့ တွေးပြီး သက်လူ တစ်ယောက်အပြင်ထွက်သွားသည်
နောက်တစ်နေ့ ကောင်းကင်ကျောင်းအရောက် သူ့ခုံပေါ်တွင်
''ငါမင်းနဲ့ သူငယ်ချင်းဖြစ်ချင်တယ်''လို့ သက်လူဆီက စာတစ်စောင် တင်ထားသည်
''ဟ ဒီကောင်က ချစ်စရာကောင်းသားပဲ''လို့ တစ်ယောက်တည်းပြောနေတုန်း သက်လူရောက်လာသည်
''ငါပေးထားတဲ့ စာကိုဖတ်နေတာလား''
''အင်း ဒီဟာက ဘာကြီးလဲ''
''ငါမင်းနဲ့သူငယ်ချင်း ဖြစ်ချင်တဲ့စာ ကျေးဇူးပြုပြီး ငါ့ကိုမင်းသူငယ်ချင်း အဖြစ် လက်ခံပေးပါကွာ''
''အေးပါကွာ မင်းက ဒီလောက်တောင် ဖြစ်ချင်တယ် ဆိုလဲ''
''ဝေး ဒါမှ ငါ့သူငယ်ချင်းကွ''ဆိုပြီး သက်လူတစ်ယောက် ကောင်းကင်ကို ဖက်လိုက်ရာ သက်လူတစ်ယောက် ကောင်းကင်ရဲ့ နှလုံးသားတံခါးကို လာခေါက်သွားခဲ့သည် ကောင်းကင်ရဲ့နှလုံးသားလည်း အရည်ပျော်သွားခဲ့သည်

Only HimWhere stories live. Discover now