💘5💘

1.3K 93 3
                                    

ကြွေကျလာသော နှင်းပွင့်လေးများအား မှန်ပြတင်းပေါက်မှကြည့်ရင်း သူမပြုံးမိသည် အေးမြလှတဲ့ဆောင်းရာသီကြောင့် သူမတို့အိမ်ရှေ့  လူစည်ကားလှပါသည် ဆိုတဲ့လမ်းမကြီးတောင်မှ လူသွားလူလာနည်းနေသည်

"တီ . တီ ........"

ရုတ်တရက်ဖုန်းထမြည်ခြင်းနှင့်အတူ သူမခြေလှမ်းတို့ကလည်း ဖုန်းထားရာ မှန်တင်ခုံဆီသို့

"Hello "

"Baekလား"

"ဟုတ်ပါတယ်ရှင် ဘယ်သူလဲမသိဘူး"

"ဟဲ့ အရူးမ အခုမှ ယဉ်ကျေးနေပါ့လား ငါလေ Myung min"

" Myung min!! အရူးမကြီး နင်ငါ့ကိုအခုမှ ဖုန်းဆက်တယ်ကြည့်စမ်း ငါလွမ်းနေတာ"

"လွမ်းနေတဲ့သူကလည်း တစ်ခါမှဖုန်းကိုမခေါ်ဘူး "

"အောအေ နင်က ကိုင်တာကို ဖုန်းခေါ်လိုက်တိုင်း မကိုင်ရတာနဲ့ စက်ပိတ်ထားရတာနဲ့ "

"အေးပါ Baek ရာ ငါတောင်းပန်ပါတယ် ငါအခုနင့်အိမ်ရှေ့ ရောက်နေတယ် !"

"ဘယ်လို ?"

ဖြုန်းခနဲဆိုသလို ပြတင်းပေါက်နားပြေးပြီး အိမ်ရှေ့ လှမ်းကြည့်မိတော့ ထူထဲလှသောcoat အနက်ကြီးအားဝတ်ပြီး လက်လှမ်းပြနေသော သူမကြောင့်

"ဟယ်နင်တကယ်ကြီးရောက်လာတယ် ?"

"ရောက်လာလို့ နင်တွေ့နေတာပေါ့ ကဲပါ တံခါးလာဖွင့်အုံး "

"လာပြီလာပြီ "

ဖုန်းလေးချပြီး သူမဆီအပြေးလေးသွားရတော့သည်

ခြံတခါးဖွင့်ဖွင့်ခြင်း ခံစားချက်တို့အား မထိန်းချူပ်နိုင် Baek တစ်ယောက် သူမသူငယ်ချင်းအား ဖတ်ပြီး ငိုပွဲချလေတော့သည်

"တကယ် လွမ်းနေခဲ့တာ min မကြီး အီး ...ဟီး "

"ကဲပါ တိတ်တိတ် မငိုနဲ့ အခုလောလောဆယ်အိမ်ထဲဝက်ရအောင်ငါချမ်းနေပြီ "

"အော် အင် ဟင့် ...လာလာ"

"ပြောပါအုံး နင် ရဲ့အချစ်ရေးလေးဘာလေး "

ကော်ဖီခွက်လေးအား ကမ်းပေးသည်ကို လှမ်းယူပြီး မေးခွန်းစ လိုက်သည့်သူမကြောင့် Baek ပြုံးပြဖြစ်သည်

ပြောင်းလဲခဲ့ပါပြီမောင် (Completed )Opowieści tętniące życiem. Odkryj je teraz