"oppa ခနလေး "ပါးမို့မို့တိုးအား နမ်းရှိုက်နေရင်း သူမလေး chanyeol ရင်ဘတ်အား လက်ကလေးများနှင့်အသာတွန်းလာသည်
"အင်း ဘာဖြစ်လို့လဲ Baekkie "
"မေးစရာလေး အနည်းငယ်ရှိနေသေးလို့ "
"မေးပါ"
"ဟိုးတစ်နေ့ညကလေ oppa ပြောသွားတာ Baekkie မရှင်းဘူး "
"အင်း "
"oppa ပြောသွားတာလေ ဘာတဲ့ Baekkie နဲ့ရှေ့ ဆက်ဖို့ စဉ်းစားရတော့မယ်လို့ ပြောသွားတာလေ ပြီးတော့ ညအမှေင်ကြီး တစ်ယောက်တည်း ထားသွားတာလဲ မကျေနပ်ဘူး "
မေးချင်ခဲ့သည်မကျေနပ်ချက်တွေကို သူမလေး နှုတ်ခမ်းကြီးထော်ပြီး ကလေးတစ်ယောက်ဖွယ် chanyeol ရှေ့ တွင် ရေရွတ်တော့သည်.
Chanyeol ကသူမနှုတ်ခေါင်းလေးကိုဆွဲညစ်ပြီး
"ရှင်းပြစေချင်တာလား "
"ဟုတ်တယ် "
"အဲ့ဒါက oppa ပြောချင်တဲ့ သဘောက ဟော့ဒိက အချောအလှလေးကို oppa လေးက အခြားကောင်လေးတွေနဲ့ ပတ်သက်ပြီး စိတ်မချတော့ဘူးလို့ ရှေ့ ဆက်ပြီး oppa တစ်ယောက်ဘဲပိုင်ဆိုင်ချင်တာမို့ စဉ်းစားမယ်လို့ပြောတာလို့ "
ကလေးတစ်ယောက်သဖွယ် ငြိမ်ငြိမ်လေးနဲ့နားစွင့်နေတဲ့ သူမ
"အဲ့လိုလား "
ချို ချဉ်ရသွားတဲ့ကလေးတစ်ယောက်သဖွယ် ပြုံးပြလာတော့ chanyeol တစ်ယောက် ပိုပိုအူယားလာသဖြင့် သူမပါးနှစ်ဖက်စလုံးကို လက်နှစ်ဖက်နှင့် ဆွဲညစ်ကာ သဘောတကျရယ်မောတော့သည်
ပြီးတော့ ပြီးတော့ ပါးကိုလက်နှစ်ဖက်နဲ့ဖိပြီးပေါ်လာတဲ့ နှုတ်ခမ်းဖူးလေးအပေါ်
နှစ်ယောက်စလုံးကတော့ ၀ဲဘက်ရင်အစုံထက်တွင် ပန်းများပွင့်လျှက်
အဲ့နေ့ညက chanyeol တစ်ယောက်အလောတကြီးထွက်သွားခဲ့တာက သူမလေးအတွက် မှာထားတဲ့ လက်စွပ်လေး ရနေပြီမို့ သွားယူတာပါလို့တော့ သူ မပြောပြဖြစ်ခဲ့ ပြောပြဖို့လည်း မလိုတော့ဘူးထင်ပါတယ်
..................
"Congratulations!!! "
သူငယ်ချင်း kai နှင့် soo တို့ မင်္ဂလာညစာစားပွဲ အပြီး ၀ိုင်းပြီး ဂုဏ်ပြုနေကြတဲ့ chanyeol တို့စုံတွဲ နှင့် sehun တို့ဇနီးမောင်နှံ

VOUS LISEZ
ပြောင်းလဲခဲ့ပါပြီမောင် (Completed )
Aléatoireပြောင်းလဲခဲ့ပါပြီ မောင် သိပ်ကိုရိုးရှင်းလွန်းတဲ့ fic လေးပါ normal fiction