"သွားပြီ. နောက်ကျ ပြီ"
အမြဲတမ်းနှိုးစက်ပေးထားသောနာရီကလည်း ဒီနေ့ရောက်မှ ရပ်နေသည် ! အမြဲတမ်း ၇နာရီဆိုလာနှိုးနေသော omma ကလည်း ဒီနေ့မှ လာမနှိုး
"သမီးငယ် omma မနက်ဖြန် သွားစရာကိစ္စရှိလို့ မနက်စာကြို ပြင်ပေးခဲ့မယ် လာမနှိုးတော့ဘူးနော်. "
ရုတ်တရက်ဆိုသလို နားထဲဝင်လာသည့် omma ရဲ့ မနေ့ညကမှ စကားကို သူမပြန်တွေးမိသည် !
အမြဲတမ်းလိုလို အိပ်ယာထနောက်ကျတတ်သောသူမကြောင့် yeol oppa လည်း စိတ်ဆိုးရပေါင်းမနည်းတော့ ဘာကြောင့်နောက်ကျရတယ်ဆိုတဲ့အကြောင်းပြချက်ကိုလည်း ရှင်းပြခွင့်မပေးတတ်တဲ့ yeol oppa ကြောင့် သူမ ရေချိုးခန်းဝင် ပြင်ဆင်နေရင်းနဲ့ပင် yeol oppa ကိုဘယ်လိုရင်ဆိုင်ရမလဲ စိတ်ပူနေရသည်
"ဒီတစ်ခါတော့ Baekkie အမှားထပ်မဖြစ်စေနဲ့တော့နော် "လို့ မှာတမ်းခြွေပြီး Singapore Designer Club နဲ့ ပြန်ပြီးချိန်းပေးခဲ့သော yeol oppa ကို သူမ စိတ်ထဲကနေအကြိမ်ကြိမ်တောင်းပန်နေမိသည်
ကားမောင်းလာသည့်တစ်လျှောက်လုံးလည်း အချိန်မှီပါစေလို့သာ ဆုတောင်းရင်း နာရီတကြည့်ကြည့်နှင့် သူမ ဗြာများနေရသည်
မီးပွိုင့်အကျော် လမ်းချိုးအကွေ့နားလေးအရောက် ဘယ်နားကမှန်းမသိရုတ်တရက် ထွက်လာတဲ့ ပြိုင်ဘီးလေးနှင့် ကောင်လေးတစ်ယောက်ကြောင့် သူမ ပျာပျာသလဲ ဘရိတ်အုပ်လိုက်သော်လည်း အချိန်မမှီလိုက်!
"အမလေး သွားပြီ ငါ့နဲ့တော့ အချိန်မမှီတော့ပါဘူးဆို "
ဂီယာတိုင်အားကိုင်ကာ မျက်လုံးမှိတ်ပြီး သူမရေရွတ်မိသည်
သူမအနေနဲ့ ဘယ်လောက်ဘဲနောက်ကျနေသည်ဖြစ်စေ တာဝန်အရတော့ ထိုကောင်လေးအား "ဘာဖြစ်သွားသေးလဲ အဆင်ပြေလား "တော့ သွားမေးသင့်သည်မလား ?
ထူးဆန်းသည်က သူမ အခုထိုကောင်လေးကိစ္စနှင့်ပတ်သက်ပြီး ဘာမှ စိတ်ပူပန်ခြင်းရှိမနေခြင်းပင် သူမစိတ်ပူနေသည်က yeol oppa ပင်
လက်ကနာရီ ကမန်းကတမ်းကောက်ကြည့်ဖြစ်တော့ ၈နာရီ ၅၀
၉နာရီချိန်းထားတာဆိုပေမယ့် ဒီကနေ ထိုချိန်းထားတဲ့ နေရာရောက်ရန် ၁၅မိနစ်လောက်မောင်းရပေအုံးမည်
YOU ARE READING
ပြောင်းလဲခဲ့ပါပြီမောင် (Completed )
Randomပြောင်းလဲခဲ့ပါပြီ မောင် သိပ်ကိုရိုးရှင်းလွန်းတဲ့ fic လေးပါ normal fiction