"Baekkie မင်းဘယ်လိုလုပ်လိုက်တာလဲ "
"ဘာကိုပြောချင်တာလဲ yeol oppa Baek ဘာမှ .."
"ဘာကိုမသိတာလဲ"
အိုကွယ် အရေးတကြီးတွေ့ဖို့ချိန်းပြီး oppa ဘာ့ကြောင့်ဒေါသတွေထွက်နေတာလဲ တကယ် သူမ မသိပါ
"တော်ပြီ Baekkie မင်းဘာမှမသိရအောင် မင်းဘာတွေလုပ်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာ ငါအကုန်လုံးပြောပြပြီး အကုန်လုံးစီစဉ်ပေးခဲ့တာလေ "
အကုန်လုံးစီစဉ်ပေးခဲ့တာ အော်သူမသိလိုက်ပါပြီ. Oppa ပြောချင်တာက Singapore Designer Club နဲ့ပတ်သက်ပြီးပြောနေတယ်ဆိုတာ
"အဲ့ဒါကို ပြောနေတာလား Baek သိပြီ"
"ဘာကိုသိတာလဲ မင်းအဲ့နေ့က သူတို့နဲ့တွေ့ဖို့မသွားခဲ့ဘူးဆို သူတို့မင်းကိုဖုန်းဆက်တော့လည်း မကိုင်ဘူးဆို သူတို့က မင်းအတွက် ဘယ်လောက်အချိန်ပေးလိုက်ရလဲသိလား မင်းအဲ့ဒိ club ကိုတော်ရုံဝင်ရဖို့ မလွယ်ဘူးဆိုတာသိလား"
Singapore Designer Club ဆိုတာ Singapore မှာသာမက တောင်ကိုးရီးယား အပါအ၀င် နိုင်ငံပေါင်း၁၃နိုင်ငံမှာ ထိပ်တန်းစာရင်းဝင် club တစ်ခု ထို club ကfashion တိုင်းကလည်း လှပသလို Designer တိုင်းကလည်း အကုန်လုံး အတော်တွေပင်ဖြစ်သည် ထိုclub အား Baek အနေနဲ့ ၀င်ခွင့်ရအောင် စီမံပေးခဲ့သည်က Chanyeolပင်
"Baek အဲ့နေ့ကသွားခဲ့ပါတယ် "
"သွားခဲ့ရဲ့သားနဲ့ မရောက်သွားတာ ဘာကြောင့်လဲ "
"ဘာလို့လဲဆိုတော့.."
"တော်ပြီ Baek ရှင်းပြချက်တွေကို အခုမှမလိုချင်တော့ဘူး တကယ်ဆို မင်းကြိုတင်ပြီး သိထားသင့်တာမဟုတ်ဘူးလား ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ"
သူမလည်း ခက်ထန်နေသည့် Chanyeol မျက်နှာကိုကြည့်ကာ ဖြေရှင်းချက်တွေထွက်မလာခဲ့သလို မျက်လုံးအစုံတို့ကလည်းေ၀၀ါးလာရပြီ
" ငိုတော့မယ် မင်းဟာလေ ဘာဘဲပြောပြော မျက်ရည်က ကျဖို့အရင် တိတ် မငိုစမ်းနဲ့ Baekkie"
ခက်ပါတယ်နော် အဲ့လိုပြောမှဘဲ ပိုငိုချင်လာရတော့တယ်
"ဟာ Baekie ဘာလို့အဲ့လောက်တောင် ငိုနေရတာလဲ မင်း."
CZYTASZ
ပြောင်းလဲခဲ့ပါပြီမောင် (Completed )
Losoweပြောင်းလဲခဲ့ပါပြီ မောင် သိပ်ကိုရိုးရှင်းလွန်းတဲ့ fic လေးပါ normal fiction