💘9 💘

1.4K 83 4
                                    

လေအေးလေးနှင့်အတူ မြောပါလာသော နှင်းပွင့်ဖြူ ဖြူ ဖွေးလေးများကိုကြည့်ရင်း Baekhyun တစ်ယောက် ခြံရှေ့ တွင် ထိုင်နေသည် မနေ့ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များက မယုံနိုင်စရာ Chanyeol oppa ထွက်သွားပြီးနောက်ပိုင်း လူရမ်းကားတွေရောက်လာတော့ သူမကို လာကယ်ခဲ့တဲ့သူက Kai oppa နဲ့ Soo unnie တို့ပင် "မင်္ဂလာပွဲအတွက် ခန်းမ သွားစီစဉ်ရင်း အပြန်မှာ တွေ့လို့ မဟုတ်ရင်း Baek လေး တစ်ယောက်ဘယ်လောက်တောင်ကြောင်နေလိမ့်မလဲ" တဲ့ Soo unnie ကတဖွဖွ ပြောရင်း နှစ်သိမ့်နေခဲ့သည်

Kai oppa က ဘာမှတော့မပြောပေမယ့် မျက်နှာ လွန်တရာစိတ်ပူနေမှန်း သိသာသည်

Appa ကတော့ ဘာမှမပြောပေမယ့် omma ကတော့ ငိုမလိုတောင်ဖြစ်ခဲ့ရသည်

"ဘာဖြစ်လို့ ညဘက်ကြီး မြစ်ကမ်းဘေး သွားရတာလဲ "လို့ omma က မေးတော့ လေညှင်းထွက်ခံတာပါလို့ ပြေညခဲ့ရသည် သူမ Chanyeol oppa ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောပြချင်

"သမီးငယ် အပြင်မှာ အေးတယ် အထဲလာခဲ့တော့ "

နှင်းပွင့်လေးတွေအား လက်ကလေးတွေနှင့် ဖမ်းယူပြီး အတွေးလွန်နေခိုက် သူမ omma ၏ ခေါ်သံကြောင့် သူမပြုံးပြီး ခေါင်းညိမ့်ပြလိုက်သည်

အိမ်ထဲဝင်လိုက်သည့်အခါ ဧည့်ခန်းထဲတွင် ထိုင်ပြီး သတင်းစာဖတ်နေသော appa က သူမ ကို လှမ်းကြည့်ပြီး သတင်းစာကို ထပ်ပိုင်းခေါက် စားပွဲပေါ်တင်ကာ

"သမီးငယ် လာထိုင်အုံးလေ "

"ဟုတ်ကဲ့ appa ပြောစရာများ ရှိလို့လား "

"မှာစရညလေး ရှိလို့ သမီးငယ် "

"ဟုတ်ကဲ့ appa "

"အင်း သမီးငယ်လေးလည်း ဘွဲ့ ယူရတော့မယ် အခုလည်း ဘွဲ့ မယူရသေးခင်မှာဘဲ အလုပ်ကလည်း အဆင်ပြေနေပြီဆိုတော့ သမီးငယ်အတွက် appa က စိတ်ချသင့်သလောက်တော့ စိတ်ချပြီ ဒါပေမယ့် "

"ဒါပေမယ့် ဘာဖြစ်လို့်လဲ appa"

"ဒီလို သမီးငယ်ရေ သမီးငယ်ကို appa က အိမ်ထောင်ရေး ကိစ္စပြောချင်နေတာ"

မီးဖိုခန်းထဲမှ ကိတ်မုန့်ဗန်းလေးကိုင်ကာ ထွက်လာသော omma က သူမအား သူမ appa ၏ စကားကို ဆက်ပေးလိုက်သည်

ပြောင်းလဲခဲ့ပါပြီမောင် (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ