💘8💘

1.3K 89 2
                                    

"မမ ကျွန်တော်ပြောတာကြားလား ?"

သူမအနေနဲ့ စကားပြန်ပြောသင့် မပြောသင့်စဉ်းစားနေခိုက်မှာဘဲ အနားကိုရောက်လာတဲ့ wu min. ကြောင့် သူမမျက်နှာ ပျက်သွားသည်

အစကတော့ သူမအနေနဲ့ wu min အားသက်သာရဲ့လားမေးချင်ပေမယ့် ရုတ်တရက် ခေါ်လိုက်တဲ့ အခေါ်အဝေါ်တွေကြောင့် ဘာစကားမှကိုမပြောချင်တော့

" မမ က ဘယ်သူနဲ့ အတူလာတာလဲ ဟိုဟာ အကိုလား "

အဲ့ကောင်လေး သူမနဲ့ ဘာပတ်သက်မှုတွေရှိဖူးလို့ ဒီလောက်တောင် စပ်စုနေရတာလဲ

" မင်းက နေပါအုံး ဘာလို့ လိုက် စပ်စုနေရတာလဲ မင်းနဲ့ ငါနဲ့ သိလို့လား "

သူမ အနေနဲ့ ထိုကောင်လေးအား အားမနာနေနိုင်တော့

သူမအရှေ့ က chanyeol oppa ကလည်း မျက်နှာက အံ့သြမှု တစ်ခုမှမပြဘဲ သူမကို ငေးကြည့်နေခဲ့သည် oppa တစ်ယောက်ရဲ့အကြည့်တွေနဲ့အတူ သူမအပေါ်ဘာတွေတွေးနေပြီလဲ သူမသိချင်မိသည်

"ဟာ မမကလည်း မနက်က မမ ကျွန်တော့ကို ကားနဲ့ ."

"တော်တော့ ကောင်လေး မင်းကိုငါ မတိုက်မိပါဘူး ပြီးတော့ မင်းလည်း ဘာမှ မထိခိုက်သွားဘူးမလား "

"ထိခိုက်သွားတာ မဟုတ်ပေမယ့် မမ ကြောင့် ကျွန်တော့ရဲ့ ဒီနေရာလေးက ကုလို့မရအောင် ဖြစ်နေပြီ "

ညာဘက်လက်လေးကို ရင်ဘတ်ပေါ်တင်ပြီး ပြောနေတဲ့ကောင်လေးက တကယ်မယုံနိုင်စရာ သူမ ရှက်စိတ်ရော ဒေါသတွေရောပေါင်းပြီး မျက်နှာကြီးတစ်ခုလုံး ရဲလာရသည်

"ဒီမှာ မင်း .."

"ဟေ့ ညီ ကိုယ်က မင်း မမ လို့ တဖွဖွခေါ်နေတဲ့ သူရဲ့ ချစ်သူ Park Chanyeol ပါ "

သူမ စကားကို ဖြတ်ပြောလိုက်တဲ့ Chanyeol oppa စကားကြောင့် ထိုကောင်လေးမျက်နှာ အနည်းငယ် ပျက်သွားလေသည် ပြီးမှ

"အော် hyung က မမ ရဲ့ချစ်သူလား ကျွန်တော်က wu min ပါ Jong wu min တွေ့ရတာ ၀မ်းသာပါတယ် "

သူမ ရှေ့ မှာအပြန်အလှန်လက်ဆွဲနှုတ်ဆက်နေကြတဲ့ သူတို့နှစ်ယောက် wu min ဆိုသောကောင်လေးရဲ့မျက်နှာက စပ်ဖြီးဖြီးဖြစ်နေသလောက် chanyeol oppa ရဲ့ မျက်နှာက အပြုံးတွေက သိပ်ကိုခန့်မှန်းရ ခက်သည်

ပြောင်းလဲခဲ့ပါပြီမောင် (Completed )Opowieści tętniące życiem. Odkryj je teraz