Part(8)

2.1K 177 13
                                    

(Zawgyi)

Plan :Saint မင်းကို Perth ဘာပြောလိုက်လဲ
Saint:သူငါ့ကို ကြိုက်နေတယ်လို့ပြောတယ်
Plan : တကယ်လား saint မင်းဘာပြန်ပြောလိုက်လဲ
Saint : ငါကိုယ့်ကိုကိုယ်သေချာအောင် လုပ်လိုက်ဦးမယ်လို့ပြောထားတယ် အခုချိန် ထိ ငါဘသူ့ကို ချစ်လားမချစ်လားမသေချာသေးလို့ပါ
Plan: အင်းကောင်းပါတယ် မင်းလည်းသေချာစဉ်းစားပေါ့
Saint: သေချာတစ်ခုကတော့ သူနဲ့အတူရှိတဲ့နွေးထွေးပြီး လုံခြုံတဲ့ ခံစားမှုမျိုးရတယ် ပျော်လည်းပျော်တယ် ဒါပေမယ့် ငါဘယ်သူကိုမှ မချစ်ဘူးတော့ အဲ့ခံစားချက်က ချစ်တာလားဆိုတာကိုငါသေချာမသိသေးတာ
Plan: အင်းပါ အချိန်တစ်ခုကြရင်တော့ မင်းရဲ့ နှလုံးသားကို မင်းနားလည်လာသလို Perth မင်းကိုချစ်တဲ့အချစ်တွေကိုလည်း မင်းနားလည်လာလိမ့်မယ် မင်းပြောပုံ အရဆို Perth က မင်းကို အတော်ချစ်တာနော်
Saint: အင်းဟုတ်တယ်
-----------------------------------------------
Mark : Perth ဒီည အကို P'Gun ဆီသွားလိုက်ဦးမယ်နော် မတွေ့ရတာကြာတော့ တော်တော်လေးလွမ်းနေပြီ
Perth : ရတယ် P ကျွန်တော်လည်းပင်ပန်းနေပြီ ဆိုတော့ အိမ်ရောက်တာနဲ့အိပ်တော့မှာ
အရင်ကတော့ P'mark ရဲ့ ခံစားချက်တွေ သိပ်နားမလည်ခဲ့ဘူး အခုကိုယ်ကိုတိုင် လွမ်းတဲ့ခံစားချက်ကြီးကို ခံစားရတော့မှ P'mark က P'gun ကို ဘယ်လောက်တောင်လွမ်းနေမလဲဆိုတာ ကိုယ်ချင်းစာမိလာတယ် Saint ရေ ကိုယ် မင်းကို အချိန်တွေဘယ်လောက်ကြာအောင်လွမ်းနေရဦးမှာလဲကွာ

#mark
P ဆီမသွားခင် P ကြိုက်တတ်တဲ့ မုန့်သွားဝယ်ပြီး P ဆီဖုန်းဆက်လိုက်တယ် ဖုန်းကလဲ မကိုင် အဲတာနဲ့ mean ဆီဖုန်းဆက်လိုက်တယ်
Mean : hello ! P'mark ပြန်ရောက်ပြီလား
Mark : အင်း ခုဏလေးကဘဲ ပြန်ရောက်တာ အကို P'gun ဆီ ဖုန်းဆက်တာ မကိုင်လို့ အိမ်မှာရှိလား
Mean : ဟုတ်ရှိတယ် ရေချိုး ခန်းထဲရောက်နေတယ် ထင်တယ် P လာမလို့လား
Mark: အင်းအိမ်နားရောက်တော့မယ် အေးအေးဒါဆို ခဏနေတွေ့မယ်
Gun အောက်ထပ်ကိုဆင်းလာတော့
Mean : P ခုနက P'mark ဖုန်းဆက်တယ် သူအိမ်လာမလို့တဲ့ အိမ်နားရောကါနေပြတဲ့ P ကို ဖုန်းဆက်တာ မကိုင်လို့ တဲ့
Gun : အေးဟုတ်တယ် ရေချိုးနေတော့ မကြားလိုက်တာ
Mean : ကျွန်တော်လည်းရေသွားချိုးလိုက်ဦးမယါ P စောင့်နေလိုက်နော်
Gun : အေးအေး
ခဏနေတော့ Mark ရောက်လာတယ်
Mark : P'gun ကျွန်တော် P ကိုအရမ်းလွမ်းနေတာ သိလား ( P ကို တွေ့တွေ့ချင်း ဖက်ထားလိုက်တယ် P ရဲ့မျက်နှာလေးကို လွမ်းနေတာ တစ်လလောက်ရှိပြီလေ)
Gun: ဟုတ်လို့လား Mark Perth တင်ထားတဲ့ပုံမှာ တော့ ပြုံးဖြီးနေတာဘဲ ဟိုက Philippines မတွေ နဲ့ သာယာနေပြီတော့
Mark : မဟုတ်ပါဘူး P ရယ် အဲ့တာကဒီတိုင်းဘဲ တွဲရိုက်မိတာပါ ပြုံးနေတယါဆိုတာကလည်း စူပုတ်ပုတ်ကြီးနေလို့မကောင်းလို့ပြုံးထားတာပါ စိတ်ထဲမှာတော့ P တစ်ယောက်ဘဲရှိတာပါ
Gun : အပြောကတော့ကောင်းတယ်နော် Mark နောက်တစ်ခါ အဲ့လိုပုံတွေ့လို့ကတော့ ညစာငတ်မယ်နော် ဝါတွင်းသုံးလပါ ဥပုသ် စောင့်ခိုင်းလိုက်မှာ
Mark : ဥပုသ်တော့ မစောင့်ခိုင်းလိုက်ပါနဲ့ Pရယ်နော် P မကြိုက်ရင်လေ နောက်တစ်ခါလုံးဝမဖြစ်စေရပါဘူးနော် အခုတောင် P မျက်နှာ မြင်တော့ မနည်းစိတ်ထိန်းထားရတာ
Gun : ဒါမျိုးတော့ကြောက်တတ်တယ်နော်
Mark:😁😁😁
Mean: အဟင်း အဟင်း ဒီအိမ်မှာ ကျွန်တော်လည်း ရှိပါသေးတယ်လို့ P တို့နှစ်ယောက်တွေ့လိုက်ရင်ကျွန်တော် က အလိုလို air ဖြစ်သွားသလိုဘဲနော် တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင်သနားမိတယ်
Mark : aww မင်းကလည်း ဒါကတော့ ဖြစ်တတ်ပါတယ် အထူးသဖြင့် မင်းလို ရည်းစားမရှိတဲ့ လူတွေဆီမှာ အဖြစ်များတယ် 😂😂😂
Perth ဆိုလည်းဖြစ်နေကြ ဒါကတော့ ကိုယ့်ကုသိုလ်ကံနဲ့ကိုယ်ပေါ့ကွာ
Mean: 😒😒😒 လူကိုတွေ့ရင် ဖဲ့မယ်ဆိုတာကြီးဘဲနော် P အင်းပါတစ်ချိန် ကျွန်တော် ရည်းစားရရင် P တို့အတွဲထက် ပိုပြီး ro ပြမယ် ကြည့်နေ
Gun : စောင့်ကြည့်ရသေးတာပေါ့ကွာ
Mark : P ထမင်းမစားရသေးဘူးမလား
Mean: ကျွန်တော်လည်းမစားရသေးဘူး
Mark : မင်းကိုမေးတာမဟုတ်ဘူးလေ ငါ့ P ကိုငါ့မေးတာ ငြိမ်ငြိမ်လေး ထိုင်နေ မင်းအတွက်လည်းပါတယ်
Mean :🤐😪😪😪🙄
Gun: အင်းမစားရသေးဘူး Mark
Mark : ဒါဆိုသွားစားရအောင်
ထမင်းစားဝိုင်းမှာ Mark တစ်ယောက် အလုပ်တော်တော် ရှုပ်နေတယ် Gun ကို ဟင်းတွေ ထည့်ပေးလိုက် အသားတွေလှီးပေးလိုက် P'gun မျက်နှာကိုတစ်စိမ့်စိမ့် ထိုင်ကြည့်လိုက်နဲ့
Gun : Mark မင်းလည်းစားလေ
Mark : ဟုတ်ကဲ့ P ရဲ့ ကျွန်တော်က P မျက်နှာလေးကြည့်ပြီး ဗိုက်ဝနေပြီ
Mean : အဟွင်းအဟွင်း ချောင်းတွေကလည်းဆိုးလိုက်တာ
Mark : Mean မင်းဟာလေ အတော်နှောက်တဲ့အကောင် ဒီမှာ feel အပြည့်နဲ့ပြောနေတာ feel တောင်ငုတ်တယ်
Mean :😆😆😆
Gun : Mark ဒီည ဒီမှာဘဲအိပ်မှာမလား
Mark : ဒါပေါ့ P ကအတင်းပြန်ခိုင်းတောင်မပြန်ဘူး
Mean : ကျွန်တော် အာရုံတွေရနေပြီ
Gun : ဘာရတာလဲ mean
Mean: aww ဒီလိုလေ မကြာခင်အချိန်တွင်းမှာ ကျွန်တော်တို့တစ်အိမ်ဘဲ ကွက်ပြီး ငလျင်လှုပ်တော့မှာလေ 😆😆😆 ဖြေးဖြေးလုပ်ကြပါနော် အောက်မှာ ကျွန်တော်တစ်ယောက်လုံးကြီးရှိသေးတယ် ကုတင်ကြီးလည်း ကျိုးမကျစေနဲ့ဦးနော်
Mark : မင်းနော်မင်း အတော် ကို အစအနောက်သန်တဲ့ကောင် မင်းကြောင့် ငါ့ P ရှက်သွားပြီ
Mean : ဟုတ်ပါပြီ ဗျာ မစတော့ပါဘူး ကျွန်တော်စားလို့ဝသွားပြီ အခန်းထဲသွားတော့မယ်
Mark : အေးကောင်းတယ် မြန်မြန်သာကြွ
Gun : mean ရဲ့ပါးစပ်တစ်ပေါက်ကလေဘယ်တော့မှ ငြိမ်ငြိမ်မနေဘူး
Mark :ဒါပေမယ့် မကြာခင်သူအာရုံရသလိုဘဲဖြစ်တော့မှာလေ
Gun : mark နော်
Mark :😁😁😁
-----------------------------------------------
Title : Perth မင်းကြည့်ရတာအခုတလော တမှိုင်မှိုင်နဲ့ဘာဖြစ်နေတာလဲ
Mean: အေးဟုတ်တယ် မင်းဘာဖြစ်နေတာလဲ
Mark : မင်းတို့သူငယ်ချင်းက Philippines ကပြန်လာကတည်းက Saintရောဂါ စွဲကပ်လာတာ
Title & Mean: Saintရောဂါ ဟုတ်လား ရောဂါနာမည်ကြီးက အဆန်းကြီး
Mark : ဟုတ်တယ်ဟေ့ အဲ့ဒါက အချစ်ရောဂါ တစ်မျိုးဘဲကွ Saint ကလွဲလို့ဘယ်သူမှ ကုမရတဲ့ရောဂါ အဲ့တာကြောင့် saintရောဂါ လို့ခေါ်တာ
Mean: aww သိပြီ ငါ့ကောင်ကြီး လွမ်းနာကျနေတာမလား ဒါနဲ့ Saint ဆိုတာ ယောကျာင်းလေးလား
Perth : အေးဟုတ်တယ်
Title : အဲ့ကောင်လေးနဲ့ အဆက်အသွယ်ရှိသေးလား Perth
Perth : အင်းရှိတယ် ညတိုင်း message ပို့ဖြစ်တယ်
Title : aww မင်းသူ့ကို ဖွင့်ပြောပြီးသွားပြီလား
Perth : အင်းပြောပြီးသွားပြီ သူက အချိန်နည်းနည်းလောက် လိုချင်တယ်ဆိုလို့စောင့်နေရတာ
Mean: မင်းအဖြစ်ကလည်းကွာ
Perth : ပြောရင်းဆိုရင်းနဲ့တောင်သူ့မျက်နှာလေးကိုတွေ့ချင်လာပြီ
Mean: ဟေ့ကောင် title ငါတို့ သားကြီးက အတော်ကို feel နေတာကွ ဆေးမမှီတော့ဘူး
Title : အေးကွ Perth ဒီလောက် ထိလွမ်းနာကျနေတာ တစ်ခါမှ မမြင်ဖူးသေးဘူး
-----------------------------------------------
#Perth
ဒီလိုနဲ့ဘဲ သူနဲ့ကျွန်တော် ညတိုင်းစကားတွေပြောဖြစ်တာ ၃ လကျော်သွားပြီ အချိန် တွေကြာလာလေလေ သူ့ကို ပိုပိုပြီး ချစ်လာလေဘဲ သူ့ကို ကျွန်တော်မဟုတ်တဲ့တခြားတစ်ယောက် ပိုင်ဆိုင်သွားမှာလဲ အရမ်းကိုစိုးရိမ် မိတယ် ဒါပေမယ့် သူ့ကို ကျွန်တော်မပိုင်ဆိုင်သေးသ၍ သူ့ကိုစိုးရိမ်တဲ့အကြောင်းတွေ ထုတ်ပြောလို့မရသေးဘူး
#Saint
သူကျွန်တော်ဆီကို ညတိုင်း မပြတ်မကွက် message တွေပို့တယ်သူကျွန်တော့်ကို တော်တော်လေးဂရုစိုက်ပါတယ် သူပို့လိုက်တဲ့ message လေးတွေက သူကျွန်တော်ကိုဘယ်လောက်ချစ်ကြောင်းပေါ်လွင်နေတယ် ကျွန်တော်ကိုကျွန်တော်လည်း တဖြည်းဖြည်းနဲ့သူ့ကို ချစ်မိနေပြီဆိုတာ သေချာသလောက်တော့ရှိနေပြီ
💬💬💬
Perth : Saint နေကောင်းလား အိပ်တော့မှာလား တစ်နေ့လုံးကျောင်းတက်ရတော့ ပင်ပန်းနေပြီလား
Saint : နေကောင်းတယ် Perth မအိပ်သေးဘူး ဒီနေ့တော့ တော်တော်လေးပင်ပန်းတယ် exam တွေရောဆိုတော့ Perth ရောနေကောင်းလား
Perth : ကိုယ်ကနေကောင်းတယ် စိတ်ကတော့သိပ်မကောင်းဘူး မင်းကိုလွမ်းလို့ Saint ဒီနေ့ video call ခေါ်လို့ရလားဟင်
Saint : အင်းရတယ် Perth
Perth : Saint မင်းမျက်နှာလေး မတွေ့ရတာကြာလို့လားမသိဘူး မျက်နှာလေးတောင်ချောင်သွားတယ် အရမ်းပင်ပန်းနေလားဟင်
Saint : နည်းနည်းတော့ ပင်ပန်းတယ် Perth ကတော့ ဒီတိုင်းဘဲနော်
Perth : Saint ပင်ပန်းနေတယ်ဆိုတော့ ကိုယ် သီချင်းဆိုပြမယ်နော် ဒီသီချင်းက ကိုယ်ကိုတိုင်ရေးထားတာ မင်းအတွက် ဘယ်သူ့ကိုမှ မဆိုပြရသေးဘူး မင်းတစ်ယောက်တည်းအတွက်ဘဲ Saint မင်းက ကိုယ့်သီချင်းကို ပထမဆုံးနားထောင်ရတဲ့သူဘဲ သိလား
Saint : Perth ကျေးဇူးတင်ပါတယ်နော်
Perth Saint ကို video call ခေါ်ပြီး သီချင်းတွေ အမျာြးားကြီးဆိုပြတယ်
Perth : Saint ဘယ်သီချင်းနားထောင်ချင်သေးလဲ
Saint : Perth မောနေတော့မှာဘဲ
Perth : မမောပါဘူး Saint ရဲ့ မင်းသာနားထောင်ချင်တယ်ဆိုရင် တစ်ညလုံး မအိပ်ဘဲ မနက်မိုးလင်းတဲ့အထိ ဆိုပြမှာ
Saint : နောက် သုံးပုဒ်လောက်ဆိုတော်ပါပြီ Perth ရဲ့ Saint လဲခဏနေ အိပ်တော့မှာ Perth လည်း အိပ်ရေးဝအောင်အိပ်နော်
Perth : ok Saint အိပ်ချင်ပြီဆိုပြောနော် အခုတော့ နောက်တစ်ပုဒ် ဆက်ဆိုပြမယ်
သူကတော့ကျွန်တော် ဆိုပြတဲ့သီချင်းတွေကိုပြုံးပြီးနားထောင်နေလေရဲ့ ကလေးရေ မင်းသာအမြဲတမ်းပြုံးနေမယ်ဆိုရင်လေ ကိုယ် ဘယ်လောက်မောမော မင်းအပြုံးလေးတွေနဲ့ကိုယ်က မင်းကြိုက်တဲ့သီချင်းတွေကိုဆက်ဆိုပြနေဦးမှာ မင်းပျော်နေဖို့ ဘာဘဲလုပ်ရလုပ်ရ ကိုယ်က လုပ်မှာ Saint ရဲ့
Saint : Perth Saint အိပ်ချင်ပြီ
Perth : အိပ်တော့မှာလား Saint အင်းအင်းဒါဆိုလည်းအိပ်တော့နော် အိမ်မက်လှလှ မက်ပါစေနော် မင်းအိပ်မက်မက်ရင် ကိုယ့်ကိုထည့်မက်နော်
Saint : ဟုတ်ပါပြီ Perth ရဲ့ Perth လည်း အိပ်တော့နော် good night
Perth: ချစ်တယ်နော် Saint
Saint :😊😊😊

Love Diary [COMPLETE]Where stories live. Discover now