Part(9)

1.9K 179 37
                                    

Zawgyi :

Perth : တစ်ခါတစ်လေ အချစ်က ထူးဆန်းတယ်ဗျ ကိုယ်သူ့ကို မပိုင်ဆိုင်ရသေးပေမယ့်လည်း ကိုယ့်ကြောင့်သူပျော်ရတယ်ဆိုတဲ့ အသိလေးတစ်ခုနဲ့တင် ကျေနပ်နေမိတာမျိုး မင်းကိုယ့်နှလုံးသား မှာနေရာယူလိုက်တဲ့အချိန်ကစပြီး ကိုယ့်မှာပုံမှန်မဟုတ်တဲ့ အရာတြွေဖစ်လာတတ်တယ် တစ်နည်းအားဖြင့် ကိုယ်အရင်ကဘယ်သူ့မှမလွမ်းခဲ့ဖူးဘူး အခုတော့ ကိုယ့်ရဲ့ အလွမ်းသီချင်းတွေကလည်းမင်းနဲ့ကျမှ အသက်ဝင်လာတာမ်ျိုးပေါ့ ဖြစ်နိုင်ရင်မင်းကိုနေ့တိုင်းတွေ့ချင်နေမိတယ် ကိုယ့်ဘေးနားမှာထားပြီးတစ်နေ့ကုန်တစ်စိမ့်စိမ့် ထိုင်ကြည့်ချင်မိတယ် ဒါပေမယ့် အဲ့စိတ်တွေနဲ့အတူ အခုမဖြစ်နိုင်သေးဘူးဆိုတဲ့ အသိတစ်ခုကလည်း ကိုယ့်စိတ်ထဲမှာ အမြဲဒွန်တွဲနေတယ် တစ်ခါတစ်လေ မေးကြည့်ချင်မိတယ် Saint မင်းရဲ့ဘဝထဲမှာ ကိုယ်ဟာ အရေးကြီးတဲ့သူတစ်ယောက်အဖြစ်ကိုယ့်ကို သတ်မှတ်ထားရဲ့လားဆိုတာကိုပေါ့ အရေးကြီးတယ်ဆိုလည်း နည်းနည်းလေးလောဘတက်ပြီးဘယ်အဆင့်လောက်ထိအရေးကြီးတယ်ဆိုတာ သိချင်နေမိပြန်တယ်မင်းနဲ့ပတ်သတ်ရင်ကိုယ့်မှာ သိချင်တာတြွေဖစ်ချင်တာတွေ အရမ်းများလာခဲ့တယ် Saint ရေ မင်းကိုယ့်ဘဝ တစ်ခုလုံးကို ချုပ်ကိုင်လိုက်နိုင်ပြီနော် ဒါပေမယ့် ကိုယ်ကလည်းကျေကျေနပ်နပ်ကြီးနဲ့ကို ကိုယ့်ဘဝကို ချယ်လှယ်ခွင့်ပြုမှာပါ

Saint : အရင်ကတော့ကျွန်တော် သူ့ကို အရမ်းကြိုက်တဲ့ idol အနေနဲ့ဘဲသတ်မှတ်ခဲ့တာပါ သူကတော့ ကျွန်တော်ကို fan တစ်ယောက်ထက်ပိုပြီးချစ်ခဲ့တယ် ကျွန်တော်တစ်ခါမှလည်း ယောကျာင်းလေးတစ်ယောက်က ချစ်ခွင့်ပန်လိမ့်မယ်လို့ စိတ်တောင်မကူးမိဘူး သူတကယ်ဖွင့်ပြောလာတဲ့နေကလည်း အံသြလွန်းလို့ ဘာပြောရမှန်းမသိဖြစ်ခဲ့တယ် ကျွန်တော် ကိုယ့်စိတ်ကို သိအောင်လုပ်ဖို့ အချိန်တစ်ခုတောင်းတော့လည်းသူနားလည်ပေးခဲ့တယ် ကျေကျေနပ်နပ် ကြီးနဲ့သူ ကျွန်တော် အဆင်သင့်ဖြစ်တဲ့ အချိန်ကိုစောင့်နေမယ် လို့ပြောခဲ့တယ် ကျွန်တော် တွေ့ဖူးသမျှ လူတွေထဲမှာ သူက မေမေ ပြီးရင် ကျွန်တော်ကို နားလည်အပေးနိုင်ဆုံးဘဲ သူထိုင်းပြန်ရောက်တဲ့နေကစပြီး သူကျွန်တော်ကို နေ့တိုင်း message တွေပို့ခဲ့တယ် တစ်ခါတစ်လေ Ph တို့ video တို့လည်းခေါ်တယ် အဲ့လိုလုပ်တာ ဟာ သူနဲ့တွေ့ပြီး သုံးလ တိုင်အောင်တစ်ရက်မှ ပျက်ကွက်ခဲ့တာမ်ျိုးမရှိဘူး ဘယ်ချိန်မဆို ကျွန်တော် ဖုန်းဖွင့်လိုက်တဲ့ အချိန်တိုင်း သူ့ message လေး တစ်စောင်ကတော့ အမြဲရှိနေတယ် အမြဲတမ်း ကျွန်တော်ကို ကျန်းမာရေးဂရုစိုက်ဖို့ အစားမှန်မှန်စားဖို့သတိပေးတယ် ကျွန်တော်ကို အရမ်းဂရုစိုက်ပေးရှာတယ် ကျွန်တော် ပင်ပန်းလာတဲ့နေ့တွေဆိုလည်း သူသီချင်းဆိုပြပြီးကျွန်တော် က်ုပျော်အောင်လုပ်ပေးတယ် အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်သူ့အပေါ် သံယောဇဉ်တွယ်လာပြီဆိုတာ ကိုယ့်ကိုကိုယ် သိလာခဲ့တယ်

Love Diary [COMPLETE]Where stories live. Discover now