Part(13)

1.8K 153 11
                                    

Zawgyi :

Mean : Perth မင်းအခြေအနေကောင်းလား ဟိုကောင်လေး နဲ့
Perth : ကောင်းတာမှဟိုဘက်ကမ်းတောင်လွန်နေသေးတယ်
Mean : အပြောကတော့ မလျှော့ဘူးနော် ဒါတောင် ဟိုက အဖြေ ပြန်မပေး သေးဘူး အဖြေသာပြန်ပေးရင် မင်းနားမှာ ငါမနေတော့ဘူး
Perth : မနေ ချင်နေပေါ့ saint သာ အဖြေပြန်ပေးလို့ကတော့ မင်းတို့ကောင်တွေ လှည့်တောင်မကြည့်ဘူး
Mean :😒😒😒 သူငယ်ချင်းကောင်း ကြီး အခု လို အခြေအနေတွေ ကောင်းနေတာ ငါ အကြံ တွေကြောင်းဆိုတာမေ့များသွားတာလား
Perth : မမေ့ပါဘူး သားကြီးကလည်း 
Mean : မင်း လည်း မြန်မြန် ရည်းစားရမှဘဲ မဟုတ်ရင် ငါ ခေါင်းစားတယ် အချိန်မတော် အချိန်တော် လည်းမကြည့် အိမ်လာလာပြီး ဟိုဘက်အိမ် ချောင်းရတာ ကတစ်မျိုး ရှုပ်ကို ရှုပ်တယ်
Perth : မင်းကလည်းကွာ နည်းနည်းလောက်ဘဲ သည်းခံပေးပါ အခြေအနေ က တော်တော်လေးကောင်းနေပါပြီ
Mean : အေးပါ မင်းကောင်းဖို့ဘဲ အရေးကြီးတယ်
Perth : မင်းက ငါ့ဘဲပြောနေတယ် မင်းကျတော့ ဟိုဘက်အိမ်က Plan ကို မင်းကြိုက်နေတာ မသိဘူးများထင်နေလား
Mean : မင်းကလည်းပေါက်ပေါက်ရှာရှာ မကြိုက်ပါဘူးကွာ ဒီလိုဘဲ အိမ်နီနားချင်းဆိုတော့ ခင်နေတာ
Perth : ဟုတ်မှလည်းပြောပါကွာ မသိရင်ခက်မယ် မင်းဟိုနေ့က Plan နဲ့ အပြင်က ပြန်လာတာပြုံးပျော်လို့ ကျွန်တော်မျိုး ဟော့ ဒီ မျက်စိကြီးနဲ့ကို တွေ့ လိုက်တာပါဗျာ အကြည့်တွေကလည်း မရိုးမသားနဲ့
Mean : ဟုတ်လား အဲ့တာမုန့်သွားစားတာပါကွာ ငါကိုယ်တိုင်တော့ သူကို ကြိုက်လားမကြိုက်လတော့ မသိသေးဘူး သူ့ နဲ့နေရင် ပျော်တော့ပျော်ဖို့ကောင်းတယ်ကွ
Perth : အေးပါ ကွာ ငါကတော့ သိပ်မကြာခင် saint ကို နောက်တစ်ခါဖွင့်ပြောပြီး အဖြေတောင်း ရဦးမယ် သူ့ဆီက အဖြေရမှငါလည်းစိတ်အေးရမှာ
Mean : အေးအဲ့တာဆိုလည်း romantic ဆန်မယ့်နည်းလမ်းလေးတွေရှာပေါ့ ငါလည်းကူစဉ်းစားပေးမယ်
Perth : အေးအေး ကျေးဇူး ငါဟိုနေ့ က ကစားကွင်းသွားတုန်းပြောမလို့ လုပ်သေးတယ် အဲ့နေကတော့ romantic မဆန်ဘဲ  မင်းသူငယ်ချင်း အသက်မထွက်သွားတာကံကောင်း ငါ rollercoaster ကိုဘဲ လေးခေါက်လောက်စီးခဲ့ရတာကွ
Mean :😆😆😆 ဝမ်းသာလိုက်တာ နောက်တစ်ခါဆို saint ကိုသွားပြောထားဦးမယ် ဒီထက် များများ လေး နှိပ်ဆကက်ပေးပါဦးလို့ ha ha
Perth : အကျင့်မကောင်းလိုက်တဲ့ကောင် မင်းကလှည့်ကျရင် နှစ်ဆလောက်ခံရပါစေကွာ
Mean: 😏😏😏

Love Diary [COMPLETE]Where stories live. Discover now