Part (14)

1.7K 166 14
                                    

Zawgyi :

Perth : Nancy မင်းကိုယ့်ဘာသာကိုယ်ဘဲပြန်လိုက်တော့ မင်း အရင်လည်း 12 နာရီ 1 နာရီ အထိ တစ်ယောက်တည်းသွားနေတာဘဲ ဒီနေ့ အစောကြီးဘဲ ရှိသေးတယ် ငါ ကိစ္စ ရှိလို့ပြန်တော့မယ်

Perth ပြောပြောဆိုဆို နဲ့ ထွက်လာခဲ့တယ် saint စိတ်ဆိုးလို့ မဖြစ်ဘူးလေ အဲ့ဒါက ပိုအရေးကြီးတယ် ပြီးမှသူ့ဟာသူ mummy ကို ပြန်တိုင်လည်းမတတ်နိုင်ဘူး အဆူ ခံလိုက်ရုံဘဲ

Nancy : Perth nancy ကို ဒီတိုင်းထားခဲ့မလို့လား ခဏနေဦးလေ Perth ...Perth
အဲ့လိုဘဲ လူကို ထားခဲ့ပြန်ပြီ နေပါဦး Perth က ခုန ကောင်လေးနောက်အသည်းအသန်လိုက်ရအောင် ဟိုကောင်လေးက ဘာမို့လို့လဲထားလိုက်ပါတော့ ဘာဘဲဖြစ်ဖြစ် တစ်ချိန်ကျရင် Perth က ငါ့အပိုင်ဘဲ ဖြစ်လာမှာဘဲကို

#Perth
Saint ကမြန်လိုက်တာ လိုက်လို့တောင်မမှီဘူး ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီအချိန်သူ အိမ်ပြန်မှာဘဲ အိမ်ဘဲ လိုက်သွားလိုက်တော့မယ် ဖုန်းဆက်တော့မကိုင်ဘူး သေချာတယ် သူ အကြီးအကျယ်ကိုစိတ်ဆိုးသွားပြီ ဆိုတာ တစ်လမ်းလုံးကားမောင်းရင်း ဘယ်လို့ ချော့ရမလဲ ဘယ်လိုဖြေရှင်းရမလဲ နဲ့ စဉ်းစားရတာ ခေါင်းတွေတောင်ပူတယ် ခေါင်းပူတာထက် ရင်ကပိုပူတယ် သူသာကျွန်တော့် ကိုစိတ်ဆိုးမပြေရင် အရင်လို အခေါ်အပြော မလုပ်တော့ရင် ကျွန်တော်သေသွားနိုင်တယ်လေ

Perth : Saint ...Saint ရေ တံခါးဖွင့်ပေးပါဦး
Saint's grandmum : ဘယ်သူလဲသားက Saint အိမ်ပြန်မရောက်သေးဘူးသားရဲ့
Perth : aww အဖွားကျွန်တော် Perth လေ မမှတ်မိဘူးလား
Saint's grandmum : အေးအေး မှတ်မိပြီသား ဟိုတစ်ခေါက်က အဖွားဆေးရုံတတ်တုန်းက မြေးလေး နဲ့ ပါလာတဲ့ တစ်ယောက်မလား လာလေ သားလေး အိမ်ထဲဝင်ဦး Saint ကတော့ပြန်မလာသေးဘူး
Perth : ဟုတ်ကဲ့ အဖွား( အင်းပေါ့ သူက bus ကားနဲ့ အိမ်ပြန်လာမှာဆိုတော့ နည်းနည်းတော့စောင့်ရဦးမှာပေါ့ )
Saint's grandmum : မြေးလေး အေးဆေး ထိုင်စောင့်နေနော် အဖွား နည်းနည်းနေမကောင်းချင်သလိုဖြစ်နေလို့ အိပ်ယာထဲ ခဏသွားလိုက်ဦးမယ်
Perth : ဟုတ်အဖွား

ခဏနေတော့ saint အိမ်ပြန်ရောက်လာတယ်
Saint : Perth အိမ်ကို ဘယ်လိုလုပ်ပြီးရောက်နေတာလဲ
Perth : saint ခုနကနားလည်မှု လွဲသွားတဲ့ ကိစ္စ လေး ကိုယ် ရှင်းပြချင်လို့ပါ
Saint : ရှင်းပြစရာ မလိုပါဘူး saint ခုနက အကုန်မြင်ခဲ့တာဘဲ ပြီးတော့ saint နဲ့ အပြင်မသွားချင်ဘူးဆိုလည်း ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် အခုလို လိမ်စရာမလိုဘူး
Perth : ကိုယ်တောင်ပန်းပါတယ် saint ရယ် မင်းထင်သလိုမဟုတ်ပါဘူး ကိုယ်ကလေ မင်းနဲ့ အပြင်သွားချင်တာမှ တစ်ပိုင်းကိုသေနေတာပါ အခုကိစ္စ ကလဲ မေမေ့ သူငယ်ချင်း သမီးမွေးနေ့ကို ကိုယ့်မေမေ က အတင်းသွားခိုင်းနေလို့ မေမေ့ကိုလည်း သွားမယ်လို့ပြောပြီးမှ saint ဆီက ဖုန်းလာလိုက်တော့ ကိုယ်လည်းဘာလုပ်ရမှန်းမသိတော့တော့ လိမ်မိလိုက်တာဘာ စိတ်မဆိုးပါနဲ့နော် Saint နော် ကိုယ်တောင်ပန်းပါတယ်
Saint : အဲ့လောက်ကြီးလဲ ရှင်းပြစရာမလိုပါဘူး Perth နဲ့ Saint နဲ့ က ဘာမှ မှမဟုတ်တာ
Perth : ဘာမှ မဟုတ်ဘူးတဲ့လား saint ရယ် ကိုယ့်အတွက်တော့ မင်းက ကိုယ့်ဘဝ အတွက်တကယ်ကို အရေးကြီးတဲ့ လူတစ်ယောက်ပါ Saint ရယ် တကယ်ပြောတာပါ ကိုယ့်ကို ယုံပါနော်

Love Diary [COMPLETE]Where stories live. Discover now