Part (32)

2.3K 149 38
                                    

Zawgyi :

Saint : Perth တစ်နေ့တစ်နေ့ ဒီကုတင်ကြီးပေါ်ဘဲလှဲနေရတာ ပျင်းလာပြီ ဆေးရုံဝန်းထဲ လမ်းဆင်းလျှောက်ရအောင်

Perth : saint သွားချင်တယ်ဆိုကိုယ် တစ်ချက်သွားမေးကြည့်လိုက်ဦးမယ် လမ်းဆင်းလျှောက်လို့ရလားဆိုတာကို

Saint : ok

Perth : saint ရတယ်တဲ့ လာကိုယ်တို့လမ်းဆင်းလျှောက်မယ် ကိုယ်အနွေးထည်ယူလိုက်ဦးမယ်နော် လေတိုက်နေတော့ ကိုယ့်ကလေး ဖျားမှာစိုးလို့

Saint : အင်း ...

Perth : ရော့ဒါလေးဝတ်ထား နွေးသွားပြီမလား ခုထိ မျက်နှာလေးက ဖြူ ဖျောဖျော ဖြစ်နေတုန်းလား ကလေးရယ် အရင်လို ပန်းရောင်သန်းနေတဲ့ ပါးဖောင်းဖောင်းလေးကို မြန်မြန်ပြန်မြင်ချင်လှပြီ

Saint : ခုလည်းဖောင်းနေတာဘဲလေ ဒါပေမယ့် နေမကောင်းဖြစ်တော့နည်းနည်း ပိန်သွားတော့လည်း အဆင်ပြေတာဘဲလေ မဟုတ်ရင် ဒီ weight က ဘယ်လိုချချ ကျမယ်မထင်ဘူး

Perth : 😂😂ဘယ်သူက ချ ခိုင်းလို့လဲပြည့်ပြည့်ဖောင်းဖောင်းလေးက ချစ်ဖို့ကောင်းနေတာကို

Saint : 😊😊😊

Saint : ahhh ရှူ လို့ကောင်းလိုက်တာလေက တစ်ချိန်လုံး ဆေးရုံခန်းထဲဘဲနေနေရတာ အပြင်လေ ရှူ လိုက်ရတာ လန်းသွားတာဘဲ

Perth : saint ဆေးရုံ အနောက်ဖက်မှာ ပန်းခြံလေးနဲ့ ရေကန်လဲ ရှိတယ် အဲ့မှာသွားထိုင်မယ်လေ လမ်းခဏလျှောက်ပြီးရင်

Saint : အင်း ... သွားမယ်လေ

Perth : လာဒီမှာထိုင်

ရေကန်ဘက်ကို မျက်နှာမူထားတဲ့ ထိုင်ခုံလေးမှာ နှစ်ယောက်သားထိုင်လိုက်တယ် ကန်ကိုဖြတ်ပြီး တိုက်လာတဲ့ လေအေးအေးလေးတွေက ကျွန်တော့် ချစ်သူရဲ့ ဆံပင်လေးတွေကို လှုပ်ရှားအောင်လုပ်နေတယ် သူ ချမ်းမှာစိုးလို့ အနွေးထည် အပြင် ကျွန်တော့် အပေါ်ထပ်အကျီ င်္ကိုပါ ထပ်ခြုံ ပေးထားတယ် သူကတော့ ကလေးလေးတစ်ယောက်လို ကျွန်တော် လုပ်ပေးသမျှကို ခံပြီး ရေကန်ကြီးကိုငေးကြည့်နေတယ် ကျွန်တော်ကတော့ သူ့ မျက်နှာလေးကိုဘဲ အချိန်တော်တော်ကြာကြာတစ်စိမ့်စိမ့်ကြည့်နေမိတယ်

Love Diary [COMPLETE]Where stories live. Discover now