Part (31)

1.5K 154 4
                                    

Zawgyi :

Saint : Perth !!!

Perth : Saint နိုးလာပြီလား (ကျွန်တော့ကလေးကို ရင်ခွင်ထဲမှာ ဖက်ထား လိုက်တယ် ) လွမ်းလိုက်တာကလေးရယ် ဒီအထိအတွေ့လေးကို

ကိုယ့်ကိုဘာလို့ချက်ချင်းမနှိုးတာလဲ အန်တီ နဲ့ mean နဲ့plan ရော

Saint : မသိဘူးလေ saint နိုးလာတော့ Perth တစ်ယောက်ဘဲ အနားမှာရှိတာ နိုးလာတော့လည်း Perth ကနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကိုး မနှိုးရက်လို့ ဒီတိုင်းလေးဘဲကြည့်နေတာ အခုနှိုးတာကလည်း ရေသောက်ချင်လာလို့

Perth : အင်း အင်း ကိုယ်ယူပေးမယ်နော်

Saint : ဒါနဲ့ Perth က ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ ဒီချိန်ဆို Raine နဲ့ အတူတူ

Perth : မင်္ဂလာပွဲ ပျက်သွားပြီလေ saint ရဲ့ ကိုယ် အခု ကိုယ့်ကလေးဆီ ပြန်လာတာ

Saint : ဘယ်လို မင်္ဂလာပွဲပျက်သွားတယ် ဟုတ်လား ဒါဆို ဗိုက်ထဲက ကလေးကရော

Perth : အဲ့တာတွေ အကုန်လုံးက အလိမ်အညာတွေချည်းဘဲ ကိုယ်သူနဲ့တစ်ခါမှ မမှားခဲ့ ဖူးဘူး ဟိုနေ့ညက ဖြစ်ခဲ့တယ်ဆိုတာလဲ မဟုတ်ဘူး ကိုယ်ဝန်ရှိတယိဆိုတာလဲ သူ့အမျိုးဆရာဝန်နဲ့ပေါင်းလိမ်တာ ကယ် ကိုယ့်ကိုယုံပြီလား

Saint : အင်းယုံပါပြီ အစကလည်းသူပြောနေတာတွေကိုမယုံပါဘူး ဒါပေမယ့် သူကနောက်ပိုင်း ပြောနေတဲ့ဟာတွေ ဆေးမှတ်တမ်းတွေနဲ့ဆိုတော့တကယ်လို့ထင်သွားတာပေါ့    Perth ဒါဆို အခု saint ဆီ ပြန်လာတာပေါ့

Perth : ဒါပေါ့ ကလေး ရဲ့ ကိုယ်က ကိုယ့်ကလေးဆီ ပြန်မလာလို့ဘယ့်သူ့ဆီသွားရမှာလဲပြောပါဦး ပြီးတော့ကိုယ်မှ ခဗျားလေးဆီပြန်လာဖို့ ကြိုးပမ်းလိုက်ရတာ နောက်ဆုံးမဖြစ်မနေ ဟိုမိန်းမလိမ်တယ်ဆိုတာသက်သေပြလွို့ မရဘူးဆိုရင်တောင် ကိုယ်က မင်းဆီ ပြန်လာဖို့အတွက်ထွက်ပြေးဖို့တောင်စီစဉ်ပြီးသွားပြီ 

Saint : တကယ်လား ဟီးဟီ ပျော်လိုက်တာ

Perth : ပျော်မနေနဲ့ အခု အဆူ ခံရမယ့်အလှည့်

Saint : ဟင်းး ဘာကိုလဲ

Perth : ဘာကို ရမှာလဲ ဘာလို့ကိုယ့်ကိုကိုယ် အခုလို လုပ်ရတာလဲ မတော်တဆ တစ်ခုခု သာ ဖြစ်သွားရင် ကိုယ်ရင်ကျိုးမယ်ဆိုတာ သိရဲ့သားနဲ့ ဘာလိုအခုလို မဟုတ်ကဟုတ်က အတွေးတွေ တွေးပြီးလုပ်လိုက်ရတာလဲ ကိုယ်လေ အရမ်းလေစိတ်ပူသလို အရမ်းလည်းဒေါသဖြစ်တယ်သိလား

Love Diary [COMPLETE]Where stories live. Discover now