Artificial Love

3K 124 9
                                    

Artificial Love

Part 2

'မမ ငယ့်​ကိုကတိ​ပေးရမယ်​ မမဘာဖြစ်​ဖြစ်​ဘာပဲလိုအပ်​လိုအပ်​ ငယ့်​ကိုအသိ​ပေးရမယ်​ ငယ့်​ကို​ပြောပြရမယ်​​နော်​ ပွဲမှာဘာပဲဖြစ်​ခဲ့ဖြစ်​ခဲ့ စိတ်​မပြတ်​ပဲ ဒီပွဲကိုပြီး​အောင်​အဆုံးသတ်​ရမယ်​​နော်​'

'အင်းပါငယ်​ရယ်​ ငယ်​စိတ်​ချပါ မမက ​ဖေ​ဖေတို့မျက်​နှာပြတ်​ရမဲ့အဖြစ်​မျိုးလုပ်​ပါ့မလားလို့'

'အင်း... ဒါဆိုငယ်​စိတ်​ချပါပြီ'

အသက်​တစ်​နှစ်​ပဲကွာတဲ့သူတို့ညီမနှစ်​​ယောက်​အဖို့ သူငယ်​ချင်း​တေ်​လိုခင်​မင်​ကြသည်​ ချစ်​ကြသည်

'သမီးတို့​ရေ မင်္ဂလာပွဲစ​တော့မယ်​ ထွက်​ခဲ့ကြ​တော့'

အပြင်​က​ဖေ​ဖေ​ခေါ်တဲ့အသံ​ကြောင့်​ညီမနှစ်​​ယောက်​လက်​တွဲပြီးထွက်​ခဲ့ကြတယ်​ ရတီအဖို့လဲ ဂါဝန်​အ၀ဲကြီးဝတ်​ထားတာကအကြပ်​​တွေ့​စေ​နေတယ်​​လေ

အပြင်​​ရောက်​​တော့ ​ဖေ​ဖေကမမလက်​ကိုတွဲကာခန်းမထဲကိုဝန်​သွား​လေပြီ

ရွှေစင်​အ​နောက်​က​နေရပ်​ကြည့်​​နေခဲ့ပြီးမှ ​ပရိတ်​သတ်​​တွေထိုင်​​နေတဲ့ဘက်​က​နေ ​မေ​မေ​ဘေးမှာဝင်​ထိုင်​လိုက်​တယ်​ ကိုကိုဟန်​ဆက်​ကလဲ​မေ​မေ​ဘေးမှာ​စောင့်​​နေတယ်​မဟုတ်​လား

မာန်​ခ အစက​တော့စင်​​ပေါ်မှရပ်​လိုက်​ကတည်းက​ပျော်​ရွှင်​​နေမိတယ်​ သူချစ်​တဲ့​ကောင်​မ​လေးနဲ့​ပေါင်းစည်းရ​တော့မယ်​မဟုတ်​လား မင်္ဂလာပွဲစီစဉ်​တုန်းကသူမရှိခဲ့တဲ့အတွက်​ မင်္ဂလာပွဲပြီးမှ သူမ​လေးစိတ်​တိုင်းကျ​တောင်းပန်​မယ်​လို့ စီစဉ်​ထားခဲ့သမျှကိုစိတ်​ထဲ​တွေးရင်းနဲ့ပြုံး​နေမိတယ်

စီစဉ်​တင်​ဆက်​သူရဲ့ သတို့သမီး​ရောက်​ရှိလာပါပြီတိုနဲ့အသံကြားလို့ မာန်​ခ​လျှောက်​လမ်းဆီကိုကြည့်​လိုက်​​တော့

'ဟင်​... သူ သူက...'

မာန်​ခထင်​ထားသလို​ရွှေစင်​မဟုတ်​ အဖြူ​ရောင်​ဂါဝန်​ရှည်​​ပေါ်ကိုမှ ဆံပင်​တိုတို မျက်​မှန်​ ကမျက်​နှာတစ်​၀က်​​လောက်​နဲ့အခြားတစ်​ဦး

Artificial LoveWhere stories live. Discover now